Rating Of COSRX Products✨✨~~~ Part – 1 [ COSRX One Brand Review ] Reviewed By”SkinCare by Aung”


Coming
Part – 2 ![]()
…………………………………………………
COSRX Advanced Snail 96 Mucin Power Essence ![]()

My Holy Grail လို့ဝောာင် ပြောလို့ရတယ် အခုနဲ့ဆို 3ဘူးမြောက်ရှိနေပြီ၊ COSRX Brand ကို အခုမှ စသုံးချင်တယ် ဘာကိုသုံးရမလဲမသိရင် ဒါကို ညွှန်းပါရစေ။
အဓိက ပျက်စီးနေတဲ့အသားအရေကို repair ပြန်လုပ်ပေးပြီး အသားအရေကို ပြန်လည် ကျန်းမာစေဖို့ ကူညီပေးတယ်။ လိမ်းလိုက်ရင်အသားအရေကို ကြည်ကြည် ပြောင်ပြောင်စိုစိုလေးနဲ့ healthy glow skin look မျိုးကို ရစေတယ်။ Skin ကို plump & hydrate ဖြစ်စေတယ်ရယ်။ ၀က်ခြံရှိတဲ့အခါ အသုံးပြုလို့ ရတဲ့အပြင် skin inflammation & irritation ဖြစ်တာကိုလာ်း လျော့ချပေးပြီး healing & soothing အတွက်လည်း ကောင်းမွန်စေတယ်။ ဒါအပြင် PIE & Redness တွေကိုပါ reduce & treat လုပ်ပေးနိုင်တာ တွေ့ရပါတယ်။
All Skin Types အသုံးပြုလို့ ရပါတယ်၊ Oily Skin ဆိုရင် ဒါကို Hydrator အနေနဲ့ သုံးလို့တောင် အဆင်ပြေတယ် သို့ပေမယ့် Snail နဲ့ တည့်ဖို့လိုမယ်ပေါ့။
………………………………………………………..
COSRX BHA Blackhead Power Liquid ![]()

ဒါသည်လည်း Holy Grail တစ်ခုထဲကတစ်ခုပေါ့။သုံးနေတာက ဒါနဲ့ဆို 2ဘူး မြောက်ဖြစ်နေပြီ။
BHA 4% ( Betaine Salicylate ) ကို Korean Standard အနေနဲ့ formulated လုပ်ထားတဲ့အတွက် တခြား BHA Products တွေထက်ယှဉ်ရင် Gentle & Mild ဖြစ်တဲ့အတွက် အခုမှ BHA စသုံးမယ့် beginner တွေအတွက် အဆင်ပြေတယ်။
အဆီဖု၊ ဆား၀က်ခြံ နဲ့ ချွေးပေါက်ပိတ်တာအတွက်ကို improve ဖြစ်စေတယ်။ ( သို့ပေမယ့် အချိန်အတိုင်းအတာ တစ်ခုထိ ယူမှရမယ် )
နှာခေါင်းက ဆားဝက်ခြံမဲမဲကြီးတွေဆို သိသိသာသာ လျော့ချပေးတာတွေ့ရတယ်။
Acne ကြောင့် inflammation ရနေတဲ့ချိန်မှာ သုံးရင်လည်း acne ကို ပိုကြွလာမှုမရှိစေဘဲ calm down ဖြစ်စေတယ်။ အသားအရေရဲ့ dead skin cells တွေကို exfoliate လုပ်ပေးတာမို့ ဒါကိုညဘက်သုံးပြီး မနက်နိုးလာရင် မျက်နှာက ရှင်းသန့်သွားပြီး ကြည်ကြည်လင်လင်လေးဖြစ်တယ်။ Skin texture ကိုလည်း improve ဖြစ်စေသလို ထပ်သုံးမယ့် skin care တွေရဲ့ absorption ကိုလည်း အားကောင်းစေတယ်။
သူကိုက Combination to Oily Skin, Acne Prone Skin တွေအတွက် ပိုအဆင်ပြေနိုင်တယ်။
သူ့က excess oil တွေကိုဖယ်ပေးတယ်၊
sebum control ဖြစ်တာကြောင့် သုံးပြီး dry out ဖြစ်တတ်တာမို့ moisturizing ကိုတော့ နောက်က သေချာလေးလိုက်ပေးရမယ်။ Dry Skin ဆိုရင်တော့ skin dry out ဖြစ်နိုင်တတ်တယ်။ 1 ပတ် 1 ကြိမ် 2ကြိမ်လောက် သုံးပေးရင် ရပြီ။
……………………………………………………………
COSRX Green Tea Aqua Soothing Gel Cream ![]()

နွေရာသီရောက်တော့မယ် light weight ဖြစ်တဲ့ gel moisturizer က ရှာနေရင် ဒါကို recommended လုပ်တယ်။
သူ့ texture & consistency က Jelly Texture လေး၊ လိမ်းလိုက်ရင် အေးအေးလေးနဲ့ refreshing ဖြစ်တဲ့ feeling မျိုးလေး ရတယ်။
သူကလေ စိမ့်၀င်တာမြန်သလို လိမ်းလိုက်ပြီး
မျက်နှာပေါ်မှာ စေးကပ်ကပ်ဖြစ်တာမျိုး
ဘာတစ်ခုမှလည်း မကျန်ခဲ့စေဘူး။
မျက်နှာက နီရဲယားယံတာ၊ စပ်ဖြန်းဖြန်းဖြစ်တာ၊ နေလောင်တာတွေကိုလည်း သက်သာစေပြီး အသားအရေကို soothe & heal ပြန်လုပ်ပေးတယ်။ အသားအရေကိုလည်း အတော်အသင့် hydration ဖြည့်ပေးနိုင်တာ တွေ့ရတယ်။
အထူးသဖြင့် ဒါကိုက Oily to Combination Skin, Sensitive Skin & Acne Prone Skin တွေအတွက်ကို highly recommend ပါလို့။
………………………………………….
COSRX Aloe Soothing Sunscreen
SPF 50+ PA +++

သူက Hybrid Sunscreen ( Physical+Chemical Sunscreen ) အမျိုးအစားပေါ့။ White cast မကျန်ဘူး။ Moisturizing & Hydrating ကောင်းတဲ့ Sunscreen မို့ အခုလို ဆောင်းတွင်း နဲ့ Dry to Normal Skin လောက်ကိုပဲ recommend လုပ်တယ်။
လိမ်းလိုက်ရင် တော်တော်ကိုမှ moisturizing ဖြစ်စေတာမို့ လိမ်းပြီး မျက်နှာပေါ်မှာ greasy & glowy finish လောက်ကျန်တယ်။ ဆိုတော့ ဒီလို finish ကိုကြိုက်မှ သူ့ကို ရွေးတာက ပိုအဆင်ပြေမယ် မဟုတ်ရင် အချိန်ကြာလာတာနဲ့အမျှ အဆီပြန်လာနိုင်လို့ ( except from Dry to Dehydrated Skin )။ Sebum control powder ခံပြီးသုံးရင်တော့ maybe ပေါ့နော်။
အနံ့ပါတယ်၊ တစ်ချို့ skin တွေအတွက် irritated ရနိုင်တာမို့ Sensitive ဖြစ်တတ်တဲ့သူတွေအတွက်တော့ အဆင်မပြေလောက်ဘူး။
…………………………………………….
COSRX Low pH Good Morning Gel Cleanser ![]()

ဒါနဲ့ဆို 2ဘူးမြောက်ပြီ။ သူ့ကိုရွေးဖြစ်တဲ့အကြောင်းက gentle & mild ဖြစ်ပြီး သစ်လိုက်ပြီးတာနဲ့ မျက်နှာမှာရှိတဲ့ moisture တွေကို အကုန်စုပ်သွားပြီး stripping & drying ဖြစ်ပြီး မကျန်ခဲ့စေတာမို့ သူ့ကို ခဏခဏပြန်၀ယ်ဖြစ်တာပေါ့နော်။
Morning Cleanser ဆိုပေမယ့် Morning & Evening Cleanser အနေနဲ့ပါ သုံးလို့ရတယ်။
Thick Gel Texture & Consistency ဘက်ကိုပိုသွားတယ်၊ foaming ဖြစ်တာကြောင့် ဒါကို
သုံးပြီး ရေဆေးချလိုက်ရင် အဆီပြောင်ပြီး မျက်နှာက clean & refresh ဖြစ်တဲ့ feeling ရတယ်။ Barrier damage ဖြစ်တဲ့အခါ၊ Breakout တွေဖြစ်တဲ့အခါ အသုံးပြုလို့လည်း ရတယ် သူ့ကြောင့် ပိုကြွလာတာမျိုး မရှိစေဘူး။
All Skin Types သုံးလို့ အဆင်ပြေပေမယ့်လည်း Oily to Combination Skin အတွက်ပိုပြီး recommend လုပ်ပါတယ်လို့။
Original Review Link… https://www.facebook.com/SKINCARE BY AUNG-RATING OF COSRX PRODUCTS PART – 1– Review