Rating Of COSRX Products~~~ Part – 2 [ COSRX One Brand Review ] Reviewed By “SkinCare by Aung”

………………………………………

Aung’s Pick ပေါ့ ဟီးးး![]()
…………………………………………………….
COSRX The Niacinamide 15 Serum ![]()

COSRX ရဲ့ အသစ် launched လုပ်ထားပြီဖြစ်တဲ့ serum တွေထဲက သဘောကျရတဲ့ တစ်ခုပေါ့။ သူ့မှာက Niacinamide ကို high concentration 15% ကို အဓိကသုံးထားပြီး Zinc & Allantion နဲ့ တွဲပြီး formulated လုပ်ထားတယ်။
သူက အဆီထုတ်လုပ်မှုကို ထိန်းပေးတဲ့အပြင် Breakout ဖြစ်တာတွေကိုလည်း သက်သာစေဖို့ကို ကူညီပေးတယ်၊ skin soothe ဖြစ်စေတယ်။
Sebum Control ပိုင်းက အားရစရာကောင်းတာမို့ မနက်ပိုင်းတွေမှာ ပိုသုံးဖြစ်လေ့ရှိတယ်။ ဒါအပြင် Pore minimizing အတွက်ကိုပါ improve ဖြစ်စေတာတွေ့ရတယ်၊ လိမ္မော်သီးအခွံလိုမျိုး ချွေးပေါက်ကျယ်နေတာလေးတွေဆို ကျဉ်းကျဉ်းယောင်ဖြစ်လာစေတာကို သတိထားမိတယ်။
အသားအရေကို ကြည်ကြည်လင်လင်လေး ဖြစ်စေတယ်ပေါ့နော်။
Texture & Consistency က Light-Serum Texture ဘက်ကို ပိုသွားတယ်၊ လိမ်းရတာ စေးကပ်ကပ်ဖြစ်တာမျိုး မရှိဘူး။ ဒါက
Combination to Oily Skin, Acne Prone Skin တွေအတွက်ကို ပိုပြီး recommended လုပ်ပါတယ်။
Niacinamide percentage များတဲ့အတွက်
စသုံးတဲ့ချိန်မှာ နည်းနည်းလောက်တော့ irritated ဖြစ်တယ်လို့ ခံစားရပါတယ်။ Zinc နဲ့ မတည့်ရင်လည်း ဒါကအဆင်မပြေပါဘူးနော်။
………………………………………………………..
COSRX Vitamin E Vitalizing Sunscreen ![]()

အသစ်ထွက်တဲ့ Sunscreen ပေါ့။ SPF Testing နဲ့က စိတ်ပူစရာတွေမလိုဘူး။ Main ingredient က Vitamin E ပေါ့။
ဆိုတော့လေ သူ့က အသားခြောက်တတ်တဲ့သူနဲ့
အခုလိုဆောင်းတွင်းချိန်မှာ သင့်တော်ဆုံး sunscreen လို့ ယူဆလို့ရတယ်။ လိမ်းလိုက်ရင် တော်တော်ကိုမှ moisturizing ဖြစ်စေတယ်၊ Texture & Consistency ကပါ thick creamy texture ပုံစံကိုမှ လိမ်းလိုက်ရင် moisturizer တစ်ခုလိမ်းရတဲ့ feeling မျိုးရတယ် ကျွန်တော်ကတော့ moisture step မှာတင် replace လုပ်ပြီးသုံးဖြစ်တယ်။
Glowy & Dewy Finish ပါပဲ၊ အရမ်း Oily ဖြစ်တဲ့ skin တွေအတွက်က အမှိုင်းလေး heavy & greasy ဖြစ်နိုင်လိမ့်မယ်။ အနံ့ပါတယ် သူ့ အနံ့က နည်းနည်းတော့ strong ဖြစ်ပေမယ့် ကျွန်တော်သုံးလာတဲ့တစ်လျှောက်မှာ irritation ဖြစ်တာမျိုးမရှိဘူး၊
Non pilling & eye irritation ![]()
………………………………………………………..
COSRX AHA Whitehead Power Liquid ![]()

AHA ထဲက Glycolic Acid 7% ကို အဓိကသုံးထားတယ်။ Exfoliant ဖြစ်တဲ့အတွက် တစ်ပတ် တစ်ကြိမ်ကနေ နှစ်ကြိမ် ညဘက်တွေမှာ သုံးဖြစ်တယ်။
ဒါသုံးပြီး မျက်နှာက ရှင်းပြီး skin texture က improve ဖြစ်စေသလို အသားအရေကို နူးညံ့ချောမွေ့စေတယ်။
အဆီဖု သက်သာလားလို့ မေးရင်?
မျက်နှာပေါ်မှာ အဆီဖုတွေဗြှုပ်စိထနေတဲ့ အဆီဖုဆို သူက treat လုပ်ပေးနိုင်တာတွေ့ရပါတယ်။ မြုံနေတာမျိုးဆို ပြန်ပြီးကန်ထွက်ပေးအောင် လုပ်ပေးတာမို့ သုံးတဲ့ခါမှာ purging reaction ဖြစ်တာမျိုးတွေ တွေ့ရတတ်ပါတယ်နော်။ သူက Hyperpigmentation & Dark spot ကိုလည်း လျော့ချပေးတာကြောင့် အသားအရေကို bright & radiant ဖြစ်စေတယ်၊ မျက်နှာ ညစ်နေတာမျိုးဆို သက်သာစေတယ်ရယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက နည်းနည်းပြင်းတဲ့ အထဲမှာပါတယ်။ Korean Standard အရ acid concentration ( Glycolic Acid ) ကို ပမာဏတစ်ခုရ ထည့်ပါတယ်ပြောပြော စစချင်းသုံးတဲ့ချိန်မှာ irritated ဖြစ်တာကို တွေ့ရတယ်၊
ဒါကိုမသုံးတာကြာပြီး ပြန်စသုံးတဲ့ချိန်မှာရောပါပဲ။
ဒါကြောင့်မို့ ဒါကိုသုံးပြီးရင် နောက်က calming & hydrating step တွေကို သေချာလိုက်ပေးတယ်၊ မနက်ရောက်ရင် sunscreen ကို မဖြစ်မနေကို လိမ်းပေးသင့်ပါတယ်။
………………………………………………………………
COSRX Hyaluronic Acid Hydra Power Essence ![]()

သူရဲ့ function က ရိုးရိုးရှင်းရှင်းလေးပါပဲ။
သူက အသားအရေရဲ့ hydration level ကို restore လုပ်ပေးတယ် ပြီးတော့ moisture ကိုလည်း ထိန်းသိမ်းပေးပြီး အဆီဓာတ်နဲ့ အစိုဓာတ်ကို balance ဖြစ်အောင် လုပ်ပေးတယ်။
အပေါ်ကအဆီပြန်နေပြီး အတွင်းကခြောက်နေတဲ့ Oily Dehydrated ဖြစ်တဲ့ skin ပြီးတော့ အသားခြောက်ပြီး ကြမ်းတာတွေမျိုးဆို သက်သာအောင် treat ပေးပြီး အသားအရေကို plump & smooth ဖြစ်စေပါတယ်။ နောက်ထပ်သုံးမယ့် skin care ကိုလည်း ပိုပြီး absorb ဖြစ်တာမြန်အောင် ပိုပြီး effective ဖြစ်စေဖို့ boost ပေးတယ်။
Texture က Light Serum Texture လေးမို့ လိမ်းရတာ အဆင်ပြေသလို လိမ်းပြီး မျက်နှာပေါ်မှာ heavy & sticky ဖြစ်မနေဘူး။ စိမ့်၀င်သွားတာနဲ့ အသားအရေပေါ်မှာ moisture layer တစ်လွှာကျန်ခဲ့မိတာကို သတိထားမိတယ်။
All Skin Type အဆင်ပြေတယ် အထူးသဖြင့် Dry to Dehydrated Skin တွေကို ပိုပြီး recommended လုပ်တယ်။ Fragrance & Essential Oil Free မို့ Sensitive Skin & Acne Prone Skin တွေလည်း ရတယ်နော်။
………………………………………………………….
COSRX Pimple Master Patch ![]()

သူကလည်း ကောင်းလားလို့ မေးရင် ကောင်းပါတယ်၊ မကောင်းဘူးလားလို့မေးရင် မကောင်းဘူးလို့ပဲ ဖြေချင်တယ်။
၀က်ခြံရောင်နေတာမျိုးတွေမှာ ကပ်လိုက်ရင်တော့ 2ရက်လောက်ဆို အဖုက ငြိမ်ကျသွားတာမျိုးရှ်ိ သလို ၀က်ခြံညစ်ပြီး ဒါကိုကပ်ထားရင်လည်း inflection ဝင်ကို prevent လုပ်ပေးသလို အနာကျက်တာကိုလည်း မြန်စေဖို့ ကူညီပေးပါတယ်။
သူ့ patch က size မျိုးစုံနဲ့လာတာမို့ ဖြစ်နေတဲ့ အဖု size ပေါ်မူတည်ပြီး ကပ်ရင် ရတယ် သို့သော်ငြားလည်း သူ့ patch texture က ထူလွန်းတာမို့ ကပ်ထားရင် အသားနဲ့တစ်ထပ်တည်း fit ဖြစ်မနေဘဲ ဖယောင်းတစ်ခုခုကို မျက်နှာမှာကပ်ထားရသလို ထူထူကြီး မြင်နေရတယ်၊ ကပ်ထားမှန်း အလွန်တရာမ သိသာတယ်၊ water proof မဖြစ်ဘူး။
Budget ထဲက acne patch ရှာနေရင်တော့ ဒါက ရွေးချယ်စရာထဲက တစ်ခုမို့ recommend လုပ်ပါတယ်။
Original Review Link… https://www.facebook.com/SKINCARE BY AUNG-RATING OF COSRX PRODUCTS PART – 2– Review