Kundal Honey & Macadamia Hydro-intensive Protein Premium Hair Treatment Reviewed By”No Bias Here – by Ei”

Kundal Honey & Macadamia Hydro-intensive Protein Premium Hair Treatment Reviewed By”No Bias Here – by Ei”

Budget ကိုက်တဲ့ Hair Treatment ဘူးအကိတ်ကြီး 🤑🤙
Treatment, Conditioner ဈေးသင့်ပြီး သုံးလို့ကောင်းတာလေး ညွှန်းပေးဖို့ပြောထားကြတဲ့ သူတွေအတွက်ပါ။
== Kundal Honey & Macadamia Hydro-intensive Protein Premium Hair Treatment Review ==
• ရေဆေးချရတာလွယ်တယ်၊ သိပ်မခက်ဘူး။ အများကြီးတော့ မသုံးနဲ့ပေါ့နော် 😁 ပေါင်းဆေး၊ ပျော့ဆေးက ပိုသုံးလို့ပိုကောင်းတာမရှိ။ ဆံပင်အရမ်းရှည်ရင်တောင် အလွန်ဆုံး 4 pumps ပဲဆို လုံလောက်ပြီ။
• အနံ့က တော်တော်လေးစွဲတယ်။ ရွေးချယ်စရာ တခြားအနံ့တွေလည်းရှိသေးတယ်။ ဒီ Ylang Ylang အနံ့ကတော့ Powdery ဖြစ်ပြီး မွှန်လို့ စစချင်းမကြိုက်သလိုရှိပေမယ့် Blow Dry လုပ်ပြီးသွားရင် ဆံပင်မှာကျန်ခဲ့တဲ့ အနံ့လေးက တော်တော်အဆင်ပြေတယ်။ အရမ်းမပြင်းတော့ဘူး။ စွဲဆောင်မှုရှိတဲ့အနံ့မျိုးတော့ မဟုတ်ပေမယ့်၊ သန့်တယ်။ နောက်ပြီး သူ့ Shampoo နဲ့တွဲသုံးတဲ့အခါ အနံ့က 2-3 ရက်လောက်ထိ အေးဆေးခံတယ်။
• ပေါင်းဆေးဖြစ်တဲ့အလျောက် ဆံပင်ကတော့ပျော့တယ်၊ အိတယ်၊ စိုတယ်။ ဆံသားအရမ်းခြောက်ရင်တော့ Serum တခုခုတွဲပေးမှ 3 ရက်လောက်ထိ flyaways တွေ tame ဖြစ်နေမယ်။ သူ့ချည်းသုံးမယ်ဆို 2 ရက်လောက်ရှိရင် ဆံပင်က နည်းနည်းပြန်ငြိချင်လာပြီ။
• weight down မဖြစ်သွားစေတဲ့အတွက် ဆံပင်ပါးတဲ့ဆံနွယ်သမားတွေလည်း သုံးလို့ရတဲ့ အနေအထားပါ။
• ဆံပင်ဦးရေပြားကို လုံးဝမထိပဲသုံးတဲ့အတွက်ကြောင့် သူ့ကြောင့် ဗောက်ထတာမျိုးမကြုံရပါဘူး။ ဆံပင်ပိုကျွတ်တာမျိုးလည်းမရှိသလို ကျွတ်တာလျော့သွားတယ် လို့ သိသိသာသာခံစားရတာမျိုးလည်းမရှိပါဘူး။
✉️ ဘယ်သူတွေကို Recommend ပေးလဲဆိုရင်တော့ — ဆံပင်အရမ်းမပျက်စီးပေမယ့် ငြိတယ်၊ ခြောက်တယ်၊ ဖွာတယ်၊ နောက်ပြီး Regular care လေးလုပ်ချင်တယ်၊ အာနိသင်လည်းကောင်းပြီး အနံ့လည်းစွဲတာလေး … ဆိုတဲ့သူတွေကို ညွှန်းချင်ပါတယ်။
⭐ Rating – 7/10 ပေးပါတယ်။ 500ml – 21,000 လောက်ပဲဆိုတော့ ဈေးလည်းတန်တယ်လေ။ သူ့ Shampoo လေးလည်း တော်တော်ကောင်းတယ်၊ နောက်နေ့မှ Shampoo Review Collection နဲ့အတူတင်ပေးမယ်ရှင် 😁
ဒီနေ့ကတော့ ဒီလောက်ပါပဲ။ Beauty & Me ကနေ ပို့ထားပေးတဲ့လက်ဆောင်ပါ။ Not paid or sponsored review.
 
 
…….

Original Review Link… https://www.facebook.com/NO BIAS HERE – BY EI-KUNDAL Honey & Macadamia Hydro-Intensive Protein Premium Hair Treatment– Review