KUNDAL : Tinted lip balm & Cooling lip balm – Reviewed by “For Your Better Skin”

KUNDAL : TINTED LIP BALM & COOLING LIP BALM – REVIEWED BY “FOR YOUR BETTER SKIN”
 
နှုတ်ခမ်းသားမွဲခြောက်ပြီး ညိုနေတဲ့သူတွေအနေနဲ့ lip care ကိုလည်း ဂရုတစိုက်လုပ်ပေးသင့်ပါတယ်။‼️
နှုတ်ခမ်းအရေပြားဆိုတာ အရမ်းပါးလွှာပြီး အဆီဂလင်းတွေ မရှိတဲ့အတွက် ခြောက်သွေ့လွယ်ပါတယ်။ lipstick တွေ နေ့တိုင်းဆိုးတာကလည်း နူးညံ့တဲ့နှုတ်ခမ်းသားကို အနည်းနဲ့အများ ထိခိုက်စေတာပေါ့နော်။
ဒီနေ့ review ကတော့ ခြောက်သွေ့အဖတ်လန်နေတဲ့ နှုတ်ခမ်းသားတွေ ပြန်လည်စိုပြေစေပြီး သဘာဝဆန်ဆန်လေးလှနေစေမယ့် Kundal က lip balm လေးတွေအကြောင်း ရေးသွားမှာပါ။
အခုလိုဆောင်းရာသီမှာ lip balm တစ်ခုက မဖြစ်မနေဆောင်ထားသင့်တာမို့ quality ကောင်းတဲ့ lip balm လေး ရှာနေတယ်ဆိုရင် ပုံလေးတွေအောက်မှာ အသေးစိတ်ဖတ်ကြည့်ပေးပါနော်။🥰
Disclaimer: Collaboration with Kundal Myanmar_Official 
 

နှုတ်ခမ်းနီမဆိုးထားရင် လူမမာရုပ်ပေါက်နေတဲ့သူတွေအတွက် အရောင်ပါတဲ့ tinted lip balm လေးတွေက အတော်လေးကို အဆင်ပြေတယ်။မေကတော့အိမ်မှာနေရင်း နှုတ်ခမ်းနီတွေ ပြူးပြဲအောင်ဆိုးထားတာထက် နှုတ်ခမ်းသား မခြောက်စေဘဲ ပြန်လည်အားဖြည့်ပေးတဲ့ tinted lip balm လေးတွေကို ကြိုက်တယ်။

Packaging က ရိုးရှင်းတယ်။ stick အတောင့်လေးဆိုတော့ ဘယ်သွားသွားသယ်ရလွယ်ပြီး လိုတဲ့အချိန်ထုတ်ဆိုးရုံပဲ။

Kundal tinted lip balm မှာက
Rose 🌹
Cherry 🍒
Strawberry 🍓 ဆိုပြီး သုံးရောင်လာတယ်။

အနံ့ပါးပါးလေးပါတယ်။ဆိုးလိုက်တဲ့အချိန်မှာ အိအိညက်ညက်လေးနဲ့ melt ဖြစ်သွားတာကိုလည်း သဘောကျတယ်။

Ingredient ကို သဘာဝကရတဲ့ plant oil တွေရယ် shea butter,honey စတာတွေနဲ့ပဲ formulate လုပ်ထားတယ်။ဆိုးပြီးရင် အဆီတွေများပြီး နှုတ်ခမ်းမှာ အဆီဝေ့နေတဲ့ပုံစံ ဖြစ်မသွားဘူး။နှုတ်ခမ်းပေါ် layer အထူကြီးနဲ့ ပိတ်ပိတ်ရွှဲရွှဲကြီး ဖြစ်နေတာ မကြိုက်ရင် ဒီ lip balm လေးကို သုံးကြည့်ကြည့်၊ အရမ်းကြိုက်သွားလိမ့်မယ်။🥰

စစဆိုးလိုက်ရင် နှုတ်ခမ်းပေါ်မှာ ရဲတွတ်ထင်ရှားနေအောင် အရောင်မထွက်ပါဘူး။ပါးပါးလေးနဲ့ ဆိုးထားမှန်းကို မသိသာတာ။ကိုယ်က ရဲရဲလေး ထင်းနေချင်ရင် အထပ်အများကြီး ဆိုးဖို့တော့ လိုပါမယ်။

မေကရေသောက်နည်းပြီး နှုတ်ခမ်းခြောက်လွယ်တဲ့သူမို့ lip balm တစ်ခုက moisturizing မဖြစ်ရင် လှည့်ကိုမကြည့်တော့ဘူး။ဒီ lip balm လေးတွေကို သုံးလာတာ တစ်လကျော်ပါပြီ။ဒီအတောအတွင်း အေးလာပေမဲ့ အခုထိနှုတ်ခမ်းမကွဲတာကို သတိထားမိတယ်။သူ့ရဲ့အစိုဓာတ်ဖြည့်ပေးနိုင်တာလေးက မခေဘူးပေါ့။

ညဘက်ဆိုးအိပ်ရင်လည်း နိုးလာရင် နှုတ်ခမ်းသားက သဘာဝအရောင်နုနုလေး ပြေးနေသလိုဖြစ်ပါတယ်။

Matte lipstick အဆိုးများတဲ့သူတွေ၊ နှုတ်ခမ်းခြောက်သွေ့မှာကို ကာကွယ်ချင်သူတွေ၊ လူမမာရုပ်မပေါက်အောင် နှုတ်ခမ်းမှာ တစ်ခုခုဆိုးထားချင်တဲ့သူတွေနဲ့ အသင့်တော်ဆုံးပါ။ 

……………………………………………………………..

ဒီပုံကိုကြည့်ရင် အရောင်ရင့်မယ်လို့ ထင်ရပေမယ့် တစ်ထပ်ထဲဆိုးရင် ဆိုးထားမှန်းကို လုံးဝမသိသာပါဘူး။

…………………………………………………………….

Layer အများကြီးထပ်ဆိုးရင် ဒီလိုမျိုးအရောင်လှလှလေး ထွက်ပါတယ်။🥰

Rose လေးက အရောင်အဖျော့ဆုံးပဲ။လိမ္မော်အဖောက်လေး။

Strawberry လေးကတော့ ပန်းဆီရောင်ဘက်လေးသွားတာကြိုက်ရင် ရွေးသင့်တယ်။

Cherry ကတော့ အနီရောင်ဘက်သွားတယ်။သူကအရောင်အရင့်ဆုံးပဲ။

……………………………………………………………………

ဒီ cooling lip balm လေးက အရောင်မပါလို့ ယောက်ျားမိန်းမမရွေး သုံးရတာ အဆင်ပြေပါတယ်။ Peppermint ပါလို့ ပူရှိန်းနံ့လေးနဲ့ နှုတ်ခမ်းသားကို ရေခဲနဲ့ကပ်လိုက်သလို ရှိန်းရှိန်းအေးအေးဖြစ်သွားတာက သူ့ထူးခြားချက်ပဲ။အဲ့လိုအေးတာက အရမ်းဆိုးဝါးပြီး အကြာကြီးဖြစ်မနေပါဘူးနော်။အနံ့ကတော့ ပူရှိန်းပီကေအနံ့လေးရတယ်။

ဆိုးရတဲ့ texture ခံစားချက်ကတော့ tinted တွေ အတိုင်းပဲ။နူးညံ့ပြီး အိအိထွေးထွေးလေးရယ်။ဆီပေနေသလို ပြောင်လက်မနေဘူး။သိပ်သိပ်လေးနဲ့ နှုတ်ခမ်းအဖတ်လန်နေတာတွေအတွက် အစိုဓာတ်ပေးနိုင်တယ်။

တခြားနှုတ်ခမ်းနီနဲ့ရောဆိုးလို့ အဆင်ပြေအောင် အရောင်မပါတဲ့ lip balm လေး ရှာနေရင် ဒါလေးကို recommend လုပ်ပါတယ်နော်။🥰

Original Review Link… https://www.facebook.com/For Your Better Skin-KUNDAL : TINTED LIP BALM & COOLING LIP BALM– Review