COSRX The Vitamin C 23 Serum: Good things come in limited amount of time Reviewed By “LATTE’s Addictions”

COSRX The Vitamin C 23 Serum: Good Things Come In Limited Amount Of Time Reviewed By “LATTE’s Addictions”
 
Vitamin C serum တွေ မရေးတာကြာပြီ။ Moon လည်း ဆောင်းတွင်းရောက်လာတော့ Vitamin C သုံးဖို့အကောင်းဆုံး အချိန်ကို ရောက်လာတာမို့ ဒါလေးကို စမ်းဖြစ်ပါတယ်။ ဒါပေမယ့် Vitamin C စမ်းရင် တစ်လနဲ့ မရေးတတ်တဲ့ Moon ရဲ့ ထုံးစံကတစ်ပိုင်း ဒီ Cosrx Vitamin C 23 ကလည်း shelf life (၂) လပဲ ရှိတာမို့ Moon (၂) လ သေချာသုံးပြီး ရေးထားပါတယ်။
စျေးကွက်ထဲ Vitamin C Serum တွေ အများကြီးရှိတဲ့အထဲ ဒီ Cosrx Vitamin C 23 လေးက 23 ဆိုတာ သူ့မှာ Vitamin C 23% ပါတယ်ပြောတာပါ။ Ascorbic Acid ကို သုံးထားဖြစ်လို့ Stable လည်းဖြစ် အထိရောက်ဆုံးထဲမှာပါပါတယ်။
Hyperpigmentation အတွက် ထုတ်ထားတာဖြစ်ပြီး နေလောင်လို့ အမည်းစက်တွေ ကျန်ခဲ့တာ၊ အသားအရေမညီတာ၊ ဝက်ခြံဖြစ်ပြီး အမည်းစက်တွေကျန်ခဲ့တာမျိုးအတွက်လည်း သက်သာစေဖို့ ဖြစ်ပြီး အသားအရေချောမွေ့ကျန်းမာလာအောင် ကူညီပေးပါတယ်။
Vitamin C အပြင် Antioxidants အတွက် Vitamin E (Tocopherol) နဲ့ Hydration အတွက် Hyaluronic Acid, Panthenol, Squalane နဲ့ Allantoin တို့လည်း ပါတာမို့ Brightening Serum ဆိုတာထက်ကို ပိုပါတယ်။ Hydration, Anti Aging အတွက်လည်း ကောင်းကောင်းသုံးလို့ရတယ်။
သူက Water-oil hybrid serum မို့ မသုံးခင် သေချာလေးနဲ့ ညင်ညင်သာသာလေး shake လုပ်ပေးဖို့တော့ လိုပါမယ်။ Oil အနေနဲ့တော့ Safflower Oil, Sunflower Oil နဲ့ Camellia Oil တို့ ပါဝင်ပါတယ်။ တစ်ခုရှိတာ သူက Palm Oil လည်း ပါတာမို့ Fungal Acne ရှိရင် မသုံးစေချင်ပါဘူး။ Moon အနေနဲ့တော့ သုံးနေစဉ် ဘာအဖုမှတော့ ထပ်မထွက်ပါဘူး။ ဒါပေမယ့်လည်း သတိထားရအောင်လို့ပါ။
သူက နည်းနည်း Oily ဖြစ်တဲ့ Texture ရှိပေမယ့် လိမ်းလိုက်ရင်တော့ အသားအရေထဲကို စိမ့်ဝင်လွယ်ပါတယ်။ အနံ့နဲ့ အရောင်တွေလည်း မပါတော့ အသားအရေတော်တော်များများနဲ့လည်း အဆင်ပြေပါတယ်။ အထူးသဖြင့် ကိုယ်က Vitamin C ကို ဆရာကြီးဖြစ်နေပြီ ဒီထက်မြင့်တာတွေကိုပဲ သုံးမယ်သူတွေ အတွက်ပေါ့။ အခုမှ Vitamin C ကို Routine ထဲ ထည့်မယ်ဆို ဒီ 23 ကတော့ များတယ်ခေါ်ရမယ်။ စသုံးချင်ရင်တော့ 5% လောက်ကနေ စတာပိုကောင်းမယ်။ (Purito. Klairs)
စစသုံးချင်းတော့ အဆီများတယ်လို့ ခံစားရပေမယ့် အထူးသဖြင့် မနက်ခင်းကို သုံးမယ်ဆို အဆီပြန်တာမျိုး သတိထားမိတယ်။ နောက်တော့ Moon က မနက်ဆို ဒီဟာသုံးမယ်ဆို သုံးမယ်ဆို Moisturizer ကို Lightweight ဖြစ်တာမျိုးကို တွဲသုံးပေးတယ်။ ကိုယ်က အသားခြောက်တယ်ဆို ပုံမှန်သုံးနေကျအတိုင်းပဲ သုံးပါ။ အဆီပြန်တဲ့သူတွေဆို သတိထားရအောင်လို့ပါ။
သိသာတာဆိုရင်တော့ မျက်နှာက even out ဖြစ်လာတာ အသားအရေညီလာတာပဲ။ ဖြူလာတယ်လို့တော့ မပြောဘူးနော်။ အသားအရေက ကျန်းကျန်းမာမာ ညီညီညာညာလေး ဖြစ်လာတာမျိုး။ အသားအရေက ကျန်းမာလာတာ Strong ဖြစ်လာတယ်ခေါ်ရမလား အဲတာမျိုးလည်း သတိထားမိတယ်။
Vitamin C က Collagen ထုတ်လုပ်တာကိုလည်း အားပေးလို့ သုံးနေရင်းနဲ့လည်း တင်းတင်းရင်ရင်း ဖြစ်လာတာမျိုးလည်း တွေ့ရတယ်။ ဆိုတော့ Anti-aging အတွက်လည်း အဆင်ပြေသလို early prevention အတွက်လည်း အဆင်ပြေမှာပါ။ သူက Percentage များလို့ သိသာတာ မဆိုစလောက်လေး မြန်တာလည်း တွေ့ရတယ်။
Hyperpigmentation တော့ Moon မှာ မရှိလို့ မပြောတတ်ပေမယ့် ဝက်ခြံထွက်ပြီးလို့ ကိုယ်က ညှစ်လိုက်လို့ အမာရွတ်ဖြစ်ချင်တာမျိုးဆို ဒါသုံးရင် သက်သာတာမြန်တယ်။ ရှိပြီးသားအမာရွတ်တွေလည်း သက်သာပါတယ်။ အချိန်တော့ ပေးရတာပေါ့။ ဒါပေမယ့် နေလောင်ထားတာမျိုးဆို ဒါက သက်သာတယ်ဆိုဦးတော့ ဒါကိုတန်းသုံးတာကိုတော့ Moon က အားမပေးပါဘူး၊ ဆိုတော့ သုံးချင်ရင် အရင် Soothing ဖြစ်အောင် သုံးပြီးမှပဲ အသားအရေပြန်ညီ ပြန်ကျန်းမာလာအောင် ထည့်သုံးပေးတာမျိုးက ပိုကရိကထဖြစ်တာ နည်းပါလိမ့်မယ်။
ကဲ ဒီ Serum ကို သဘောကျလို့ ဝယ်တော့မယ်ဆို သတိထားရမှာက Shelf Life (၂) လ ပဲ ရပါတယ်။ ဗူးဖွင့်ပြီးလို့ နှစ်လအတွင်း ကုန်အောင် သုံးရမှာပါ။ Vitamin C ကိုယ်တိုင်က ဘယ်လောက်ပဲ stable ဖြစ်အောင် ထုတ်ထားဦး လေဝင်လိုက် နေထိလိုက်နဲ့ဆို oxidized က အနည်းအများဖြစ်မှာပါပဲ။ အထူးသဖြင့် ဒီလို (၂) လ ပဲ သုံးရမယ့်ဟာမျိုးဆို ကိုယ်က Vitamin C တစ်မျိုးပဲ သေသေချာချာသုံးမယ် နောက်ပြီး မနက်ကော ညကော ဂရုတစ်စိုက်သုံးပြီး ရေခဲသေတ္တာထဲမှာ သေချာထိန်းသိမ်းထားမယ်ဆို အဆင်ပြေမှာပါ။ စိတ်မပူပါနဲ့ 20ml ပဲ ပါတယ်ဆိုပေမယ့် တစ်ခါသုံး သုံးလေးငါးစက်ထက် မပိုတာမို့ နှစ်လဆို အေးဆေးကုန်ပါတယ်။
နောက်တစ်ခုက Moon သုံးနေတဲ့အချိန်မှာ ဝက်ခြံလေးတွေ ပေါက်နေတယ်ဆို အဲအချိန်မျိုးမှာဆို နည်းနည်းစပ်တာမျိုးလည်း သတိထားမိတယ်။ မခံမရပ်နိုင်တာမျိုးမဟုတ်ပဲ နည်းနည်းလေးစပ်တာမို့ (ခဏနေရင် စပ်တာမရှိတော့ပေမယ့်) သုံးမယ်ဆို သတိထား ရှောင်လိမ်းလို့ရရင် ရှောင်လို့အောင်လို့ပါ။
ခြုံပြောရရင်တော့ Shelf Life (၂) လ က လွဲရင်တော့ တော်တော်များများ ကောင်းတဲ့ Serum လေးပါ။ အသားအရေကြည်ကြည်လင်လင် ကျန်းကျန်းမာမာ ဖြစ်ချင်တာ၊ အသားအရေမညီတာ၊ Anti-aging အတွက်ကော Early Prevention အတွက်ပါ သုံးလို့ရပြီး Vitamin C ကို Percent လည်း များရမယ်၊ Stable ဖြစ်တာမျိုးကို ရှာနေတာဆိုရင်တော့ Cosrx The Vitamin C 23 လေးက အဆင်ပြေမှာပါ။
Beauty & Me မှာ ရပါတယ်။ Moon ကတော့ PR လက်ဆောင်ရတာပါလို့။ စျေးကလည်း သုံးသောင်းပတ်ချာလည်ဆိုတော့ အတော်ပါပဲ။
အားလုံးကိုလှသည်ထက် လှစေချင်တဲ့
🌙

Original Review Link… https://www.facebook.com/LATTE’S ADDICTIONS-COSRX THE VITAMIN C 23 SERUM– Review