
အိမ်က “ဖခမည်းတော်” ဆံပင်တွေ ကျွတ်လို့ ဂုန်းဆင်းလာတဲ့ “Review” လေး….

ဟိုးရှေးရှေးတုန်းက တော်ရုံ အလှမမက်တဲ့ “ဖခမည်းတော်” ဆံပင်တွေကျွတ်လို့ “ထိပ်ပြောင်” မှာ စိုးရိမ်နေလေရဲ့….
“ကပ်စီးနဲနဲ” နဲ့ ပဲ “သားသား…ဆံပင်ကျွတ် သက်သာတဲ့ ရှန်ပူလေးများ မရှိဘူးလားဆိုတော့…”

ဒီ သားလိမ္မာလေးကလည်း “ဒီဂွင်ကိုစောင့်နေတာကြာပြီ” လေ… ကိုယ်လိုချင်တဲ့ “ရှန်ပူ” ကို ဂုန်းဆင်းရတော့တာပေါ့………. ( အခွင့်အရေးဆိုတာ ၂ခါမရဘူး…)

ကိုယ် မျက်စိကျနေတဲ့ Kundal ဘီယာရှန်ပူလေး လျှော်ကြည့်ပါပေါ့…. ပစ္စည်းရောက်တော့ သူလည်းလျှော် ကိုယ်လည်း “ဂုန်းဆင်း”….

ဒီ “ဘီယာရှန်ပူ” လေးကို မျက်စိကျရတဲ့ အချက်ကလည်း တောင်ကိုရီးယား နိုင်ငံရဲ့ နာမည်ကြီး ဘီယာ Brand တွေထဲ တခုဖြစ်တဲ့ “Terra” ဘီယာ ကို Ingredient တခု အနေ နဲ့ အသုံးပြုထားတာပဲ.
( ရှန်ပူ မှာ အဓိက ပါဝင်ပစ္စည်း အနေနဲ့ ပါဝင်တဲ့ “ဘီယာ” က Brand တခုအနေနဲ့ သက်သက် လာတယ်ဆိုတာ ဒီ “ရှန်ပူ”မှာ ပဲရှိတယ်နော်)

Beer ဆို တာ မုယောစပါး ကို Fermentation Process မှာ အချဥ်ဖောက်ပြီးရလာတဲ့ အရည်တမျိုးပါ……

“ဘီယာ” မှာ Vitamin B ကြွယ်ဝပြီး တခြား Essential Nutrients တွေ ဖြစ် တဲ့ “Zinc , Biotin , Calcium , Vitamin-D” တို့ပါဝင်လို့ ဆံပင်အမြစ်လေးတွေကို “Nourishing” လုပ်ပေးနိုင်တဲ့အတွက် ဆံပင်ကျွတ်တာ သက်သာစေပြီးတော့ မွဲနေတဲ့ ဆံပင်အရောင်ကိုလည်း အရောင်တင်ပေးပါတယ်

“မုယောစပါး” မှာ ပါဝင်တဲ့ “Protein” က ပျက်စီးနေတဲ့ ဆံသားကို ပြန်ပြီးကုစားပေးလို့ “အဖျား၂ခွ ဆံပင်” တွေကို သက်သာလာစေတယ်

နောက်ပြီး Terra ဘီယာမှာ အသုံးပြုထားတဲ့ မုယောကုန်ကြမ်းတွေက “Australia” made ဖြစ်ပြီး “Kundal” လို တောင်ကိုရီးယား ရဲ့ No.1 Personal Care brand တခုနဲ့ Collab လုပ်ထားတာဆိုတော့ “Quality” အပိုင်းမှာတော့ မျက်စိမှိတ်ပြီးသာ “ယုံ”…
( မတူညီတဲ့ နယ်ပယ်၂ခုမှာ နာမည်ကောင်းတွေနဲ့ ရပ်တည်လာတဲ့ Brand နှစ်ခုလုံးရဲ့ အာနိသင်ကို ပစ္စည်းတမျိုးထဲမှာ သုံးရမယ်ဆိုတာ ဒီ ရှန်ပူ ကို လုံးဝ “Outstanding” ဖြစ်စေတာပဲ…)

Scalp အမျိုးအစားအားလုံးနဲ့ အဆင်ပြေပြီး အသုံးပြုကြည့်ရသလောက် “Herb Mint” ပါဝင်လို့ လျှော်နေရင်း ပူရှိန်းရှိန်းလေးဖြစ်တဲ့ အတွက် ဦးရေ အဆီပြန်တဲ့ သူတွေကတော့ပိုကြိုက်မှာပါ…

ကိုယ်တိုင်ကတော့ ဦးရေအဆီမပြန်ပေမယ့် သုံးနေတာ တော်တော်အဆင်ပြေပါတယ်.. အနံ့ကလည်း “mint” အနံ့လေးမို့ သူနဲ့လျှော်အပြီး လန်းလန်းဆန်းဆန်းလေးဖြစ်သွားတာလေးကို သဘောကျတယ်…

Size အနေနဲ့ 500mlဆိုတော့ အိမ်က “ကချင်မုန့်ဗုံးကေ” နဲ့ “ဖခမည်းတော် ဦးကပ်စေး” ကတော့ သဘောကျနေလေရဲ့….
( အဖေ ရော ကိုယ်ရော တရက်ခြားစီခေါင်းလျော်တာ ၁လအတွင်း ပုံထဲကလောက်ပဲ လျော့သေးတယ် )

တခါသုံးရင် One Pump ဆို ယောကျာ်းလေး တခေါင်းစာ လုံလောက်ပါပြီ…….

၁လအတွင်း “ဖခမည်းတော်” က “ဆံပင်ကျွတ်” တော်တော် သက်သာလို့တဲ့…. “ကိုယ့်ကို လာမေးပြီး အဆင်ပြေသွားတာဆိုတော့ ပီတိတွေဖြာရတာပေါ့”

အဲ့လိုနဲ့ပဲ Kundal နဲ့ အိမ်မှာ အဖေ နဲ့ ကိုယ် တရက်ခြား စီ “ချီးယား” လုပ်နေကြပါတယ်…
Original Review Link…https://www.facebook.com/Your Skin Chingu “Bi Bi”– Kundal x Terra Hair Loss Relief Shampoo-Review