Sensitive skinတွေအပြင်ကိုယ်ဝန်ဆောင်မိခင်တွေပါသုံးလို့ရတဲ့ Cleanser နဲ့ Toner 🕊️ Reviewed by “Re-Han’s Details”



ဒီCleanser မှာ Surfactant ကိုသူက SLS /SLES ကိုမသုံးထားပဲနဲ့ Natural plant-based ကနေရတဲ့Surfactant တွေကိုသုံးထားတယ် နောက်တစ်ခုက အဆီဖု ၊ ဝက်ခြံဖြစ်ရတဲ့အဓိက အကြောင်းရင်းက sebaceous glands လို့ခေါ်တဲ့ချွေးပေါက်ထဲမှာ အဆီတွေပိတ်ရာကနေစတဲ့ပြသာနာပါ ဒါကြောင့်လည်းCleansing ကအရေးကြီးဆုံးလို့ပြောတာကို။ အဲ့ဒါကြောင့်မို့လို့သူက ဒီCleanser မှာ Salicylic Acidကိုထည့်ထားတယ် အစက Pregnancy safeလို့လည်းပြောသေးတယ် Salicylic ကိုလည်းထည့်ထားတယ်ဆိုပြီးHan တစ်ချက်ကြောင်သွားသေးတယ် ပြီးမှSA က Korea Standard နဲ့ Western နဲ့မတူတာကိုမေ့နေတာ သူတို့Korea Standard ရဲ့ SA ကပိုပြီးတော့mildဖြစ်တယ် အဲ့တာကိုဒီCleanser မှာသုံးထားတာကလည်း Natural enzymeကိုပဲသုံးထားတာပါ ပုံမှန်ဆိုHanတို့က Salicylic acid ကို exfoliator လို့ပဲသတ်မှတ်ထားကြတာလေ ဒါမဲ့ဒီCleanser မှာသုံးထားတဲ့ SA rate က အပေါ်မှာHan ပြောခဲ့သလိုပဲ Salicylic acidက ဆီမှာပျော်ဝင်တာကြောင့် ချွေးပေါက်တွေထဲအဆီတွေကိုဖယ်ထုတ်ဖို့အတွက်ပဲfocusထားထားတာပါ အဲ့တာကြောင့်မို့လို့သူတို့ကSA %ကို နုနယ်တဲ့အသားရည်တွေပေါ်မှာ daily facial foam အနေနဲ့သုံးလို့အဆင်ပြေဖို့ တစ်ခါထဲ formulated လုပ်ပြီးထုတ်ထားတာပါ
သူ့ရဲ့texture ကတော့ gel creamy texture လိုမျိုးပဲ mild ဖြစ်တဲ့အသားရည်တွေကိုfocus ထားတာကြောင့် foam ထွက်အားကိုအရမ်းကြီးမမျှော်လင့်ပါနဲ့ ဒါပေမဲ့သစ်ပြီးရေဆေးချလိုက်တဲ့အခါမှာ skin က dry out မဖြစ်သွားဘူး ဒါပေမဲ့ greasy (ချွဲကျိ) ဖြစ်တဲ့feeling မျိုးလည်းမကျန်ခဲ့ဘူး essential oil အနေနဲ့ tea tree leaf oil တစ်မျိုးပါတယ် ဒါမဲ့အဲ့ဟာကလည်း ingredient list ရဲ့ ဟိုးအောက်ဆုံးမှာမို့လို့သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး အဓိကက Tea tree leaf , Green tea extract ပါတယ်နော် No artificial fragrance ဆိုပေမဲ့ tea tree အနံ့လေး နည်းနည်းရပါတယ်
Sensitive skin တွေကိုမှHan က dry sensitive တွေကိုပိုပြီးrecommend လုပ်ချင်တယ် ချွေးပေါက်ပိတ်လို့ထွက်လာတဲ့ဝက်ခြံပုန်းလိုမျိုးဆိုအရောင်ကျတယ် ရေဆေးချရခက်တာမျိုးမဟုတ်ပေမဲ့ သေချာပြောင်အောင်ဆေးဖို့တော့ Han တစ်ခါထဲပြောချင်ပါတယ်
အဓိကကတော့ ကိုယ်ဝန်ဆောင်မိခင်တွေ အသားရည်ကိုဂရုမစိုက်နိုင်တဲ့အခါ ဥပမာ – Weekly routineမှာ exfoliate လုပ်တာမျိုးတွေအတွက်အချိန်ပေးစရာမလိုပဲဒီfacial foam တစ်ခုနဲ့ပြီးသွားတာမျိုးကိုbrand ကရည်ညွှန်းတာပါPrice ကတော့ 150ml ~ 30000ks ပါ


ဒီtoner ရဲ့ထူးခြားချက်ကတော့ Niacinamide ပါ Multi-tasker ingrédient ဖြစ်တဲ့Niacinamide ကတော့ ဝက်ခြံသမားတွေအသဲစွဲဆိုတာ သိပါတယ် နောက်ပြီးတော့ BHA ရဲ့ source ဖြစ်တဲ့Witch Hazel water ကိုလည်းထည့်ထားတယ်။ ဆိုတော့ Cleanserရော Toner မှာရောက natural enzymeတွေပါနေတာပေါ့နော် ဒါပေမဲ့ အသားရည်အတွက်လုပ်ဆောင်တဲ့functionsတွေမတူကြဘူး ဒီToner မှာကတော့ အဓိကက ချွေးပေါက်ပါ ချွေးပေါက်သမားတွေအတွက်ဒီtoner ကသိသာပါလိမ့်မယ်
ဒီtoner ကိုHan အဓိကသဘောကျတဲ့အချက်က breakouts တွေဖြစ်နေတဲ့အချိန်ဆို ဘာမှမသုံးရဲရင်သူ့ကိုပဲသုံးလိုက်တာမျိုး(လက်ကသူ့ဆီပဲရောက်”သွားတာ:3 Skin problems တွေတော်တော်များများကြုံနေရတာမျိုး၊ ဥပမာ – ဝက်ခြံလည်းထွက်လွယ်တယ် ၊ အဆီလည်းပြန်တယ် ၊ ချွေးပေါက်လည်းကျယ်တယ်ဆိုရင် ဒီtoner ကိုမျက်စိမှိတ်ပြီးဝယ်လိုက်ပါ ဒါပေမဲ့တစ်ခုရှိတာက Tea tree နဲ့ Rice extract ပါဝင်တယ် ကျန်တာက moisturizing agentတွေဖြစ်တဲ့ Panthenol , Allantoin , Centella Asiatica , Madecassoside တို့ပါပါတယ်
သူကဘာအနံ့မှမပါပါဘူး Texture က လုံးဝWatery texture မို့လို့ Oily skin တွေစိတ်မပူပါနဲ့သုံးလို့အဆင်ပြေတယ် အဓိကက အပေါ်မှာHan ပြောခဲ့သလိုမျိုးပေါ့နော် မျက်နှာမှာ skin problems တွေများနေတယ်ဆိုရင်ဒီtoner ကိုမျက်စိမှိတ်ဝယ်လိုက်ပါ Price ကတော့ 200ml ~ 33000ks ပါ