Lightweight and Hydrating Sunscreens for this “Winter” Season Reviewed by “LATTE’s Addictions”

Lightweight and Hydrating Sunscreens for this “Winter” Season
Moon အထင် ဒီနှစ်က ဆောင်းမရှိတော့ဘူးလား မသိဘူးရယ်။ ရန်ကုန်မှာက အေးချင်ရင် အဲကွန်းဖွင့်နေရတာ။ အဲ တစ်ချို့ဒေသတွေကတော့ အေးမှာပေါ့နော်။ ကိုယ့်နေရာမအေးတာနဲ့ပဲ ကျန်တဲ့သူတွေ အဆင်ပြေမပြေကို ထည့်မတွက်သလို ဖြစ်သွားရင်တော့ ဆောရီး ဟီး။
အဲနီးဝေး Moon Sunscreens တွေ စုထား ဥထားတာ အားလုံးအသိပဲ။ ဒါပေမယ့် ခုက Moon အတွက်က ပူနေသေးတာမို့ ကဲ ငါအခုရေးတာ စမ်းတာတွေက Lightweight ပေါ့ပေါ့ပါးပါးနဲ့ လိမ်းလို့ကောင်းရမယ်၊ Hydration လည်း အတော်အသင့်ရှိတာမျိုးဆို အားလုံးနဲ့အဆင်ပြေမှာပဲ ဆိုပြီး ရေးဖို့ ပြင်ထားတာတွေထဲက ခုလက်ရှိအချိန်နဲ့ အကိုက်ဆုံးလို့ ယုံကြည်တဲ့ Sunscreens လေးခုကို ရွေးထုတ်ထားပါတယ်။
လေးခုလုံးက Chemical Sunscreens တွေဖြစ်ပြီး အဆီပြန်တဲ့သူဆို Moisturizer နေရာမှာ အစားထိုးသုံးလို့ရပါတယ်။ အသားခြောက်တယ်ဆို အောက်က Moisturizer တစ်ခုခုသုံးပေးပေါ့။ Chemical Sunscreens ဆိုပေမယ့်လည်း ခုက ဖုန်ထူတာမို့ Double Cleansing လေး သတိထားပြီးတော့ လုပ်ပေးနော်။
တစ်ခုရှိတာ ရွေးချယ်ရခက်နေတာမျိုး ဖြစ်မှာစိုးလို့ ဘယ်ဟာကတော့ ဘယ်အသားအရေနဲ့ အဆင်ပြေမယ်ဆိုတာ ဒီမှာ တစ်ခါတည်း ရွေးပေးထားမယ်။ အသေးစိတ်ကတော့ အောက်က သူ့ပုံအောက်မှာ သွားဖတ်ပေးနော်။
အဆီပြန် ဝက်ခြံထွက်လွယ်တယ်ဆို Iunik
ဝက်ခြံထွက်လွယ်တယ် ဒါပေမယ့် Sensitive Skin Barrier ထိထားတာမျိုးဆို Barr
ဝက်ခြံထွက်လွယ် အသားအရေက Normal to Dry ဆို Derma
အသားအရေပုံမှန်ကနေ ခြောက်လွယ်တယ် ဒါပေမယ့် Hydration ကောင်းတာမျိုးဆို Cosrx အဲလိုရွေးလို့ရပါတယ်။
ဒါပေမယ့် ကိုယ်နဲ့သင့်တော်တာကို ကိုယ်သေချာဖတ်ပြီး ကိုယ်ရွေးပေါ့နော်။
Iunik ကတော့ Ur Seoul – Korea Cosmetics Wholesale ကပါ
Barr ကတော့ BeautyHolics ကပါ
Derma Factory ကတော့ Derma Factory Myanmar
Cosrx ကတော့ Beauty & Me မှာ ရနိုင်ပါတယ်လို့။
ရှာဖတ်ရလွယ်အောင် ၂၀၂၂ ထဲရေးတဲ့ Sunscreens တွေဆို #Moonscreen2022 လို့ # Hashtag လေး ထည့်ပေးထားပါတယ်နော်။
အားလုံးကိုလှသည်ထက် လှစေချင်တဲ့
🌙
Original Post Link >> https://facebook.com/LATTEnMOON/posts/pfbid02NUwCzgvEPcAEHjBuLBkCBJBjs5W6Kzq4Xsc2vQyP1Re3cPCjtJsNNsAYPdfDzJ4Ml
Cosrx Vitamin E Vitalizing Sunscreen SPF 50+ PA+++

Vitamin E ပါတဲ့ Sunscreen ဆိုတော့ Antioxidants တော်တော်ကြွယ်တာမို့ Protection ကောင်းကောင်းနဲ့ Lightweight ဖြစ် Hydration Moisturizing ကောင်းတဲ့ Sunscreen ကို ရှာနေတယ်ဆိုရင်တော့ Cosrx က အသစ်ထွက်ထားတဲ့ Vitamin E Sunscreen လေးကို ညွန်းပါတယ်။

သူက Vitamin E Tocopherol ပါတဲ့ Sunscreen မို့ မနက်ကို Vitamin C သုံးတဲ့သူတွေဆို (မသုံးလည်း လိမ်းလို့ရပါတယ်။) Antioxidants ကို ထိပ်ဆုံးတင်ပေးလိုက်တဲ့ အထဲမှာပါတယ်လို့ ပြောရမယ်။ ဆိုတော့ Protection ကောင်းတာမျိုး ရှာနေတယ်ဆို ဒါလေးက တော်တော်အဆင်ပြေတာ။

သူလည်း Chemical Sunscreen အမျိုးအစားပဲ။ ဒီနေရာမှာ Moon ပြောချင်တာက Moon ဒါကို သုံးနေရတဲ့အချိန်မှာ ခံစားရတာနော်။ Moon ဖြစ်သလို အားလုံးဖြစ်မယ် Moon ကြုံသလို အားလုံးကြုံရမယ်လို့ မဆိုလိုဘူး။ ဒါပေမယ့် Moon ဒီဟာကို ကောင်းတာကော Mixed ဖြစ်နေတာကော ခံစားရလို့ အားလုံးကို မြင်ရ ခံစားရတဲ့အတိုင်း ရေးမယ်နော်။

Moon အစကပြောခဲ့သလို ဒီကောင်လေးက အသားခြောက်တဲ့သူတွေ Normal to dry skin နဲ့ ပိုအဆင်ပြေမယ်လို့ ပြောခဲ့တာက သူက Hydration တော်တော်လေးကောင်းတဲ့ အထဲမှာပါတယ်။ လိမ်းပြီးရင်လည်း Moisture Layer လိုမျိုး ကျန်ခဲ့တော့ အသားခြောက်လွယ် အရမ်းအေးတဲ့ ဒေသတွေမှာဆို တော်တော့်ကို အဆင်ပြေမှာ။ လိမ်းရလွယ်ပေမယ့် စိမ့်ဝင်မလွယ်ဘူး။ ခဏတော့ စိမ့်ဝင်သွားအောင် စောင့်ပေးရမယ်။ White Cast တော့ လုံးဝမကျန်ဘူး။

သူက Silica ပါလို့ အဆီပြန်တာ သက်သာတယ်ဆိုပေမယ့်လည်း Moon အတွက်တော့ အဆီပြန်တာ သက်သာတာလား မသက်သာတာလား သတိမထားမိဘူး။ Silica ပါတာကောင်းလားမေးရင်တော့ ကောင်းတယ်ပေါ့။ Moon အနေနဲ့က ဒါက အဆီပြန်တာသက်သာတယ်ဆိုတာ ပြောရခက်နေတယ်။ သူက လိမ်းပြီးတဲ့အချိန်ကနေ နာရီဝက်လောက်ထိကို Dewy ဖြစ်တဲ့ Sheen တစ်ခုကျန်နေတာကိုး။

နာရီဝက်လည်းနေကော အဆီပြန်တာလည်းမဟုတ် Matte ဖြစ်တာလည်း မဟုတ်။ သာမန် Finish ပါပဲ။ လိမ်းထားမှန်း နည်းနည်းသိသာတယ်။ ဘာလို့လဲဆိုတော့ လိမ်းထားတဲ့နေရာက hydration ပြည့်သလို အေးအေးလေးဖြစ်နေတာမို့ပါ။ အနံ့လည်းပါတယ်။ အနံ့က Orchid Tissue အနံ့လေး။

သို့ပေမယ့် Moon က အဆီပြန်တဲ့အသားအရေမို့ မကြိုက်ပေမယ့် အသားခြောက်တဲ့ မခင်က ဒီ Sunscreen ကို တော်တော်လေး ကြိုက်ပါတယ်။ သူလိမ်းတဲ့အခါ အသားအရေက စိုပြေပြီး တင်းဝင်းလေး ကျန်ခဲ့တာ။ Moon က အဆီပြန်တော့ Dewy ဖြစ်တာမကြိုက်ရင် ပေါင်ဒါပုတ်လိုက်တာပဲ။ ဒါပေမယ့် Moon အစ်မကတော့ အဲဒါကို အဲအတိုင်းလေးပဲ ထားထားတာ။ သူကျ အဆီလည်းမပြန် ခြောက်လည်းခြောက်မသွား အဲအတိုင်းလေး တစ်နေကုန်ပဲရယ်။ နေလောင်တာလည်း တော်တော်ကာကွယ်တယ်။ မခင် ခရီးသွားယူသွားတာ မျက်နှာက နေမလောင်လာဘူး။ ဒါတောင်သူက နေပူထဲ အနေကြာလို့ ပြန်လိမ်းတတ်တဲ့သူလည်း မဟုတ်ဘူးရယ်။

ဆိုတော့ ဒီဟာလေးက အသားခြောက်တဲ့သူ Normal to Dry Skin နဲ့ ပိုအဆင်ပြေမှာပါ။ Cosrx ကိုတော့ Moon လိမ်းတာထက် မခင်လိမ်းတာပိုများတယ်။ Moon ကျ ဒါကို အပြင်သွားတာထက် အိမ်နေရင်းကို ပိုသုံးဖြစ်တာပါတယ်လို့။

Leave a Reply