Budget SkinCare Routine ✨ Ft.[ Kundal 💞 ] Reviewed by “SkinCare by Aung”












၀က်ခြံလည်း သက်သာရမယ်၊ cleansing လည်း ကောင်းရမယ်၊ ရေဆေးချလိုက်ရင် မခြောက်သွားမယ့် cleansing foam က ရှာနေရင် ဒါကို
recommended လုပ်တယ်။
Acne ကြောင့် အသားအရေနီရဲရောင်းရမ်းနေတာကို သက်သာစေမယ့်အပြင် အသားရေ irritated ဖြစ်တာကို လျော့ချပေးပြီး soothing ဖြစ်စေဖို့ 15% Centella Asiatica Extract, Centella Active Compounds, Red Clover Extract & Amino Acid Complexs တွေနဲ့ formulated လုပ်ထားတယ်။
ဆိုတော့ကာ ဒီ cleanser ကို သုံးလိုက်လို့ ၀က်ခြံတွေ ထပ်ပြီးပိုမဆိုးသွားအောင်၊ ထပ်ထွက်ဖို့ကိုလည်း prevent လုပ်ပေးတဲ့အပြင်၊ ရှိနေတဲ့ ၀က်ခြံကိုလည်း ပြန်မကြွစေအောင် လုပ်ပေးတယ်။
ပြီးတော့ သက်သာတာမြန်စေဖို့ကို တစ်ဖက်တစ်လမ်းကနေ လျော့ချပေးတဲ့ သဘောပေါ့။
Foaming ဖြစ်တယ်ဆိုပေမယ့် barrier ကို harsh ဖြစ်စေလောက်တဲ့အထိ Surfactant တွေကိုသုံးထားဘူး။ Plant derived surfactants တွေပဲ သုံးထားတာမို့ gentle ဖြစ်တယ်။ သစ်ပြီးသွားရင် မျက်နှာက ရှင်းပြီးသန့်သွားတဲ့ feeling ကိုရတယ်။ Cleansing power ကောင်းတယ်။ အဆီပြောင်တယ်။
Shea Butter, Ceramide NP, Coca Betaine & Panthenol တွေပါ၀င်တာကြောင့် သစ်ပြီးသွားရင် မျက်နှာကို ခြောက်မသွားစေဘဲ အသားအရေရဲ့ moisture level ကို ထိန်းထားနိုင်တာ တွေ့ရတယ်။ Texture က Creamy Foam texture ပါပဲ။
သို့ပေမယ့် Dry to Dehydrated Skin ဆိုရင်တော့ အဆင်မပြေလောက်ဘူး။ Acne Prone Skin,
Sensitive Skin, Oily to Combination Skin အတွက် ပိုအဆင်ပြေစေတယ်။


ဒီ moisture က Kundal Derma Series မှာ
ကျွန်တော်အကြိုက်ဆုံး item တစ်ခုပေါ့။
သဘောကျတာက သူရဲ့ texture & consistency ပါပဲ။ Light Gel Creamy Texture လေးကိုမှ
light green tint လေးမို့ တော်တော်လှတယ်၊ ပူတင်းတုံးလေးလိုပဲ။ လိမ်းလိုက်ရင် စိမ့်၀င်မှုလည်း ကောင်းတယ် စေးစေးကပ်မဖြစ်တဲ့ feeling မျိုးကို မရဘူး။ အနံ့နည်းနည်းပါတယ် herb ဘက်ကို သွားတဲ့ အနံ့မျိုးလေးပေါ့။
Ingredients ပိုင်းနဲ့က ပြောရရင် Antioxidant & Soothing အတွက် ကောင်းမွန်တဲ့ 35% Green Centella Asiatica Extract ပါ၀င်တယ်။ ဒါအပြင် Skin Barrier ကို healthy & strengthen ဖြစ်စေဖို့အတွက် 5000ppm Panthenol, Ceramide & Ferment Ingredients တွေ ပါ၀င်တာတွေ့ရတယ်။
ဒီတော့ သူ့က အသားအရေနီရဲရောင်ရမ်းနေတာတွေကို လျော့ချပေးပြီး skin ကို soothe ဖြစ်စေတယ်၊ ၀က်ခြံကြောင့် skin inflammation & irritation ဖြစ်နေတာကိုလည်း သက်သာစေဖို့ reduce လုပ်ပေးစေမယ်ပေါ့။ ဒါအပြင် အနာကျက်တာကို မြန်စေတယ်။ Personally အမြင်ကို ပြောရရင် သူက calming ထက် soothing ဘက်ကို ပိုသွားတဲ့ soothing အတွက်ကောင်းတဲ့ moisturizer လို့ ပြောရမယ်။
ဒါအပြင် သူက moisturizing အတွက်လည်း ကောင်းတယ်၊ အသားအရေအတွက် လိုအပ်တဲ့ moisture ကို ဖြည့်ပေးတဲ့အပြင် oil & water ကို balance ဖြစ်စေဖို့ ကူညီပေးတယ်၊ Skin moisturizing အတွက် သူ့ထဲမှာ Shea butter တို့လည်း ပါ၀င်တယ်။ သို့ပေမယ့် အရမ်း Dry to Dehydrated ဖြစ်ရင် ဒါက သိပ်ပြီး အဆင်မပြေလောက်ဘူး။
Red Clover Extract & Licorice Extract
ပါ၀င်တာမို့ အသားကြည်ကြည်လင်လင်လေး ဖြစ်လာတာကို သတိထားမိတယ်။ သူက barrier damage ဖြစ်တာကိုလည်း ပြန်ပြီး heal & repair ဖြစ်အောင်ပြန်လုပ်ပေးပြီး skin barrier ကို ပိုပြီး strengthen & healthy ဖြစ်ဖို့အတွက်ကို promote လုပ်ပေးပါတယ်။အသားအရေကိုလည်း nourishing ဖြစ်စေတယ်။
Suitable Skin Types – Normal Skin, Oily Skin, Acne Prone & Sensitive Skin တွေအတွက် အဆင်ပြေတယ်။
Fragrance & Essential Oil Free


SPF 50+ PA++++

သူက Physical Sunscreen ဆိုတာထက် Toneup Sunscreen နဲ့ သွားဆင်တယ်။
ဆိုတော့ UV Filter အနေနဲ့ Physical UV Filter 3 မျိုး ( Zinc Oxide, Titanium Dioxide & Iron Oxide ) ပါ၀င်တယ်။
Texture က Light Weight Texture လေးပဲ အသားပေါ်ဖြန့်လိုက်ရင် Liquid type လေးမျိုးနဲ့ လိမ်းတုန်းလေး hydrated ဖြစ်တယ်ပေါ့နော် သို့ပေမယ့် လိမ်းပြီး စိမ့်ဝင်သွားတာနဲ့ ချက်ချင်း Matte finish ဖြစ်သွားတယ်။ အပေါ်မှာ ပြောသလိုပဲ Toneup Sunscreen ဘက်ကိုပိုသွားတာမို့ သူ့ tint က Pink tone ဘက်ကို ပိုသွားတယ်။
ဆိုတော့ ဒါက အသားအတော်အတန် ညိုရင်တော့ ပြာလောက်တယ် အသားလတ်တဲ့သူနဲ့ အသားဖြူတဲ့ သူတွေအတွက်ပဲ အဆင်ပြေတယ်။ ကျွန်တော်က ဒါကို ထသွားထလာ ဘာမှမလိမ်းချင်တဲ့ နေ့တွေမှာ သုံးဖြစ်ပါတယ်။
Sebum control ဖြစ်တာမို့ သူတစ်ခုတည်းနဲ့တင် အဆင်ပြေတယ် ပြီးတော့ ချွေးထွက်လည်း မကွက်ဘူး။ သူက ဖျက်ရခက်တာမို့ ညရောက်ရင် သေချာဖျက်ပေးဖို့လိုလိမ့်မယ်။ အနံ့ပါတယ်၊ သူ့အနံ့က ချစ်စရာကောင်းတဲ့ အနံ့လေး၊ ရေခဲမုန့်အနံ့လိုပဲ မမွှန်ဘူးနော်။
Ingredients ပိုင်းကို ပြောရရင် C.P.R Complex အနေနဲ့ Centella Asiatica Extract အပြင် Centella Active Compounds, Panthenol & Clover Leaf Extract တွေနဲ့ formulated လုပ်တာကြောင့် skin soothing ဖြစ်စေတဲ့ အပြင် barrier ကိုလည်း အားကောင်းစေတယ်။ ပြီးတော့ Niacinamide, Tea Tree Leaf Extract & Green Tea Extract တွေလည်း ပါ၀င်တာ တွေ့ရတယ်။
Suitable Skin Types – Combination to Oily Skin, Acne Prone Skin & Sensitive Skin.
No eye irritation. No pilling.
Essential Oil & Fragrance Free