[SERIES REVIEW] ANUA BIRCH MOISTURE BOOSTING SERIES REVIEW + MOISTURISERS

Moisture burst for your skin in winter (+ teenagers should read this as a first introduction to skincare)
Hydrating skincare that are suitable for acne-prone skin type and fungal acne sufferers.
Anua ကိုတော်တော်များများက သူ့ရဲ့ heartleaf series နဲ့တွဲပြီးတော့သိကြတယ်။ နောက်တစ်ခုကသူ့ဘူးပေါ်မှာက သူ့ skin care တွေထဲမှာထည့်တဲ့ main ingredient တွေကို percentage နဲ့ရေးထားတယ်။ ရေးထားတဲ့အကြောင်းရင်းကတော့ သူ့ဘူးထဲမှာရေးထားတဲ့အပင်ကရတဲ့ extract ကိုဘယ်နှရာခိုင်နှုန်းပါတယ်ဆိုတာကိုအသိပေးတဲ့အနေနဲ့ရေးထားတာပေါ့။ Transparency ပေးတာပေါ့။ နောက်တစ်ခုကတော့ Anua က minimalistic skincare (Alcohol-free, paraben-free, sulphate free, silicone free, fragrance free) ဖြစ်တဲ့အပြင်ကို sensitive skin, acne-prone skin type တွေအတွက် irritation နည်းနိုင်သမျှနည်းအောင် formula ထုတ်ထားတဲ့အပြင်ကို သူ့ skincare တွေရဲ့ texture တွေကလည်း အဲ့ဒီအသားအရေအမျိုးအစားတွေနဲ့အဆင်ပြေမယ့် light texture တွေလို့ထင်တယ်။ ဖူးပွင့်မောင်လေးက combination skin with oily zones (also sensitive skin type) ရှိပြီးတော့ သူက light and fresh ဖြစ်တဲ့ skincare texture တွေကိုကြိုက်တာမို့ သူကဒီတစ်ခုကိုသဘောကျတယ်ပေါ့နော်။
ဆောင်းတွင်းအတွက်ကို Anua ကနေပြီးတော့ Birch Moisture series ဆိုပြီးတော့ထုတ်လိုက်တယ်။ Birch ကတော့ Korean skincare ထဲမှာ main ingredient အနေနဲ့တွင်တွင်ကျယ်ကျယ်တင်သွင်းထားတာမျိုးဒီမှာမရှိတော့ သူ့အကြောင်းလေးနည်းနည်းရှင်းပြချင်တယ်။ Birch ကို Betula Platyphylla Japonica လို့ခေါ်တယ်။ လို့ Japonica ခေါ်တာမို့ အဲ့ဒီမျိုးစိတ်ကိုဂျပန်မှာစတင်ပြီးတွေ့ရှိလို့ သိပ္ပံနာမည်ကို latin language နဲ့ Japonica လို့ထည့်ပေးထားတာပေမယ့် Birch အပင်တွေကို ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေမှာလည်းတွေ့နိုင်တယ်။
Birch အပင်ကနေပြီးတော့ birch sap ကိုထုတ်လို့ရတယ်။ Birch sap ဆိုတာက ဖူးပွင့်တို့မြန်မာပြည်မှာရာဘာအပင်ကိုခြစ်ပြီးတော့ရာဘာစေးထုတ်တာလိုမျိုး အပင်ကနေပြီးတော့ သစ်ပင်ကအရည်ကိုထုတ်တာပေါ့။ ရာဘာစေးကတော့နွားနို့လိုအရောင်ပေမယ့် birch sap ကတော့အရည်ကြည်ပေါ့။ Birch sap ထဲမှာ amino acid, minerals, antioxidant တွေပါဝင်တဲ့အတွက်ကြောင့်မို့လို့ birch sap ကိုသောက်သုံးတဲ့အလေ့ကရှိထားပြီးသားပေါ့နော်။ ဖူးပွင့်တို့ ဝါးပလုပ်သောက်ကြသလိုမျိုးပေါ့။ အဲ့ဒီလိုမျိုး amino acid, minerals, antioxidant တွေပါဝင်တဲ့အတွက်ကြောင့်မို့လို့ အသားအရေအတွက်လည်းအကျိုးရှိမယ်လို့ယုံကြည်ပြီးတော့ skincare ကိုထုတ်တဲ့အခါမှာ ပေါင်းခံရေသန့်သန့်အစား birch sap ကနေပြီးတော့ထုတ်တဲ့ ရေကိုသုံးတယ်ပေါ့။ Skincare တွေထုတ်တဲ့နေရာမှာကလည်း ရေကိုအဓိက solvent အဖြစ်ထားပြီးထုတ်ထားတာတွေရှိတယ်ဆိုတော့ skincare ထဲမှာရေပါတာကအဆန်းတကြယ်တော့မဟုတ်ပါဘူး။
Anua birch sap series ထဲမှာပါတာကရှင်းတယ် toner, serum, moisturizer (cream) ဆိုပြီးသုံးမျိုးပဲရှိသေးတယ်။ ဒါပေမယ့် ဖူးပွင့်အနေနဲ့က ဒီ review series post ထဲမှာ အသားအရေအမျိုးအစားအလိုက် Anua ထဲက ဘယ် moisturiser ကိုသုံးရင်အဆင်ပြေမလဲဆိုတာကိုပါထည့်ပြီးတော့ရေးလိုက်ပါတယ်။ ဆောင်းတွင်းလည်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အချို့အသားအရေတွေအနေနဲ့ ရေဓာတ်ဖြည့်ပေးတဲ့ ကိုပဲသီးသန့်သုံးရင်အဆင်မပြေတာမျိုး၊ ဒါမှမဟုတ် Anua brand ကိုသဘောကျတဲ့သူတွေအနေနဲ့လည်း Anua ထဲကဘယ် moisturiser ကိုရွေးရမှန်းမဝေခွဲနိုင်တာမျိုးဖြစ်နေခဲ့ရင် ကူညီပေးနိုင်ဖို့အတွက်ပါတစ်ခါတည်းထည့်ပြီးရေးလိုက်ပါတယ်။
တစ်ပုံချင်းစီထောက်ပြီးတော့ review ဖတ်ကြည့်နော်။ Anua ကိုစိတ်ဝင်စားလို့ဝယ်မယ်ဆိုရင် Anua official distributor ဖြစ်တဲ့ ANUA Skincare Myanmar Official နဲ့ Beauty & Me (link ကိုအောက်မှာတွဲပေးထားပါတယ်) ကနေလည်းဝယ်လို့ရသလို Beauty & Me ကနေပြီးတော့ သတ်မှတ်ထားတဲ့အရောင်းကိုယ်စားလှယ်တွေဆီကလည်းဝယ်လို့ရပါတယ်။
The Rosie Edit ရဲ့ reader တွေအတွက် Anua Myanmar (Beauty & Me) အနေနဲ့ ကနေပြီးတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတစ်လလုံးကို ဘယ်ကြိုက်တဲ့ Anua skincare product တွေကိုပဲဝယ်ဝယ် ‘10% OFF’ (၁၀ ရာခိုင်နှုန်း) discount ပေးမှာဖြစ်ပါတယ်။ ဝယ်တဲ့အခါမှာ Anua Myanmar page နဲ့ Beauty & Me page နဲ့ Beauty & Me Website နေရာသုံးမျိုးစလုံးမှာဈေးလျှော့ပေးထားမှာဖြစ်ပါတယ်။ ROSIE10 ဆိုတဲ့ code လေးကိုအသုံးပြုပြီးတော့ discount ကိုရယူရမှာဖြစ်ပါတယ်။
Hope the review is useful.
Stay safe. Stay healthy.
Love,
Rosie
Disclaimer – This review is a collaboration between The Rosie Edit and Anua Myanmar (Beauty & Me). The reviews are 100% my opinion and does not receive any influence from any party. Photos are commissioned. Discount codes are solely gifted from the brand and your purchase using the code do not have additional monetary benefits for me.
 
Original Post Link >>https://www.facebook.com/100044534915238/posts/pfbid021giAnh9gEBRBr1myVrcNHNcAQxFMKmQ6rXrBt5P6aL1WeqTy3owvQio72xSiA5Qol/
 
[REVIEW] ANUA BIRCH MOISTURE BOOSING TONER

Water-like but hydrating enough.

Hydrating series တွေထဲမှာတစ်ခုသတိထားမိတာက toner တွေက watery and light ဖြစ်တယ်။ ရေလိုပဲဆိုပါတော့။ သူလည်းပဲအဲ့ဒီလမ်းစဥ်ကိုလိုက်တယ်။ သုံးရတာရေလိုပဲ။ ဘူးထဲကနေပြီးတော့လက်ပေါ်ညှစ်ချလိုက်ရင်ဗွက်ဗွက်နဲ့ toner တွေထွက်လာရော။ (ဒါကြောင့်သူ့ကိုသုံးရင်တော့လက်ဆကိုသတိထားပါ) လိမ်းပြီးသွားရင်လည်းအသားထဲကိုစိမ့်ဝင်တယ်။ မနှေးမမြန်လေးပေါ့။ ဒါပေမယ့်စိမ့်ဝင်နေတဲ့အချိန်အတွင်းမှာလည်း ကပ်စေးစေးဖြစ်တာမျိုးမဖြစ်ဘူး။

သုံးပြီးသွားရင်ဘာထူးခြားလဲဆိုတော့ အသားအရေရေဓာတ်ပြည့်တယ်ပေါ့နော်။ Hydrating watery toner ကိုး။ ဒါပေမယ့် ဒီတစ်ခုကအဆင်ပြေတာက သူ့ရဲ့ minimalistic formula က sensitive skin type, acne-prone skin type တွေအတွက်ကိုအဆင်ပြေတယ်။ သူ့အထဲမှာ alcohol, paraben မပါဘူး။ နောက်ပြီးတော့ essential oil တို့ fragrance တို့လည်းမပါတော့ ဝက်ခြံအဖုတွေထလွယ်တဲ့ acne-prone skin type တွေ oily skin type တွေလည်းဒီတစ်ခုကိုသုံးလို့ရတယ်။ အဖုတွေထလာဖို့ နည်းတာပေါ့။ အဲ့ဒီလိုမျိုးအဆီတွေမပါဝင်တဲ့အတွက်ကြောင့်လည်း fungal acne ဖြစ်တတ်တဲ့သူတွေလည်းသုံးလို့ရတယ်။ ဆောင်းတွင်းမှာသုံးဖို့ထုတ်ထားတဲ့အချို့ hydrating skincare တွေကအဆီနည်းနည်းဖြစ်စေပါတတ်တာမျိုးကြောင့် သူတို့အတွက်တစ်ခါတစ်လေအဆင်မပြေတာမျိုးရှိတတ်တာကြောင့် ဒီတစ်ခုထွက်လာတာအဆင်ပြေတယ်လို့ပြောရမယ်။

Fungal acne ပြဿနာရှိတတ်တာမျိုး ဒါမှမဟုတ် acne-prone ဖြစ်တတ်တာမျိုးဆိုရင်ဒီတစ်ခုကို သေသေချာချာကြည့်ကြည့်ဖို့ recommend လုပ်ပါတယ်။

Suitable for – all skin type
Fungal acne SAFE.
Where to buy – Beauty & Me, Anua Myanmar
 
 
[REVIEW] ANUA – BIRCH MOISTURE BOOSTING SERUM

Feels super light on skin but provides enough hydration.

Serum, essence တွေကိုကြိုက်တတ်တဲ့ဖူးပွင့်က ဒီတစ်ခုကိုစစချင်းသုံးတော့ သူ့ရဲ့ texture ကတော်တော်လေးကိုကျဲတဲ့အထဲမှာပါလို့ ရေဓာတ်ကိုသေချာဖြည့်ပေးနိုင်ပါ့မလားဆိုတာကိုစိတ်ပူမိတာ။ သူ့ရဲ့ texture ကတော့ oily skin, combination skin with oily zones တွေကြိုက်မှာကတော့သေချာတယ်။ (အဲ့ဒီအသားအရေတွေက light ဖြစ်တဲ့ texture တွေကိုကြိုက်ကြတာကိုး) လုံးဝအရည်ကျဲကျဲကိုမှ လိမ်းပြီးသွားပြီးခဏနေရင် အသားပေါ်မှာ ဘာ residue, feeling မှမကျန်ဘဲအသားထဲကိုစိမ့်ဝင်သွားတယ်။

သူ့ထဲမှာ abc complex (allantoin, betaine, cucumber extract) ပါတယ်လို့တော့ Anua ကပြောထားတယ်။ သူရေးထားတဲ့ abc complex ကတော့ skin barrier ကိုအားဖြည့်ပေးတဲ့ ingredient တွေဖြစ်သလို သူ့ထဲမှာ Hyaluronic acid ရဲ့ မျိုးကွဲ ၈ မျိုးကိုပါထည့်ထားတာကြောင့် အသားအရေရဲ့ skin barrier ကိုအားဖြည့်ပေးပြီးတော့ ရေဓာတ်ဖြည့်ပေးတဲ့ serum မျိုးဖြစ်တယ်ပေါ့နော်။ အဲ့ဒီအပြင်ကို သူ့ရဲ့ light texture ကြောင့်မို့လို့ fresh and light ဖြစ်တဲ့ skincare ကိုကြိုက်တဲ့သူတွေအနေနဲ့သဘောကျကြမယ်ထင်တယ်။

ဒါကိုသုံးတဲ့အခါမှာ အသားအရေကိုရေဓာတ်ဖြည့်ပေးပြီးတော skin barrier ကိုထိန်းသိမ်းပေးတဲ့ serum လို့သဘောထားပြီးသုံးသင့်တယ်။ (အသားဖြူတယ်၊ ဘာညာထက်စာရင်ပေါ့နော်) ဖူးပွင့်က ဒါကို ညဘက်၊ မနက်ဘက်ရောသုံးကြည့်တယ်။ မနက်ဘက်ကိုသုံးရတာကိုပိုသဘောကျတယ်။ Light ဖြစ်တဲ့အတွက်ကြောင့်မို့လို့ skincare သုံးတဲ့အခါ လိမ်းပြီးသွားရင်ထူသွားတဲ့ feeling ကိုမကြိုက်တဲ့သူတွေအတွက်အဆင်ပြေနိုင်တယ်။ ဖူးပွင့်အတွက်က ညဘက်ကို heavy serum, thick serum တွေကိုသုံးရတာသဘောကျတော့ ဒါကိုသုံးရင်ဖူးပွင့်ရဲ့ dry skin အတွက်ရေဓာတ်လုံလောက်ပေမယ့် စိတ်ထဲမှာဟာတာတာကြီးဖြစ်တာကိုနေလို့မတတ်တော့ ဒါကိုမနက်ဘက်ပဲသီးသန့်သုံးတယ်။

ဒါကိုကိုယ့်ထက်ကြိုက်သွားတာကမောင်လေး။ သူ့ဖာသာလည်းတစ်ဘူးသပ်သပ်ဝယ်တယ်။ ကိုယ့်ဘူးကိုလည်းဆွမ်းကြီးလောင်းတယ်။ အခုဆိုယူပါယူသွားပြီ။ သူ့ skin type အတွက်ဒီတစ်ခုကိုသိပ်ကြိုက်တာ။ သူက ဆောင်းတွင်းမှာရော ဘယ်ရာသီဥတုမှာပဲဖြစ်ဖြစ် heavy ဖြစ်တာတွေကိုလည်းလိမ်းရတာမကြိုက်တော့ oily zone တွေရှိပေမယ့် ဆောင်းတွင်းတခါတလေ ‌ဆောင်းတွင်းကိုသူ့ပါးနားတဝိုက်မှာအသားကအဖတ်လေးတွေလန်တယ်။ ဒီတစ်ခုကိုစစချင်းသုံးတဲ့ဒီနှစ်မှာ သူ့အသားကအဖတ်မလန်ဘူးလို့ပြောတယ်။

ဘယ်လိုမျိုးလူတွေသုံးသင့်လဲဆိုတော့ skincare ဆိုရင် light ဖြစ်တာကိုကြိုက်တဲ့သူ၊ light skincare တွေကိုလိမ်းရတာကြိုက်တဲ့ oily skin တွေ၊ ပြီးတော့ skin irritation, acne ဖြစ်တာနည်းနိုင်သမျှနည်းအောင်လျှော့ချပေးတဲ့ skincare ကိုရှာနေတဲ့ skin barrier ထိထားဖူးတဲ့သူတွေအတွက်သင့်တော်တယ်။ Acne-prone skin type ဖြစ်ပြီးတော့ အေးတဲ့ဆောင်းအတွက် hydration serum ကိုရှာတာတိုင်ပါတ်နေတဲ့သူတွေလည်းဒီတစ်ခုကိုကြည့်သင့်တယ်။

Birch Moisture Boosting series ထဲမှာ ဒီတစ်ခုကိုဖူးပွင့် highly recommend လုပ်တယ်။ အသားအရေတော်တော်များများနဲ့သင့်တော်မယ်လို့ထင်သလို ဆောင်းတွင်းကနေပြီးတော့ နွေကိုပြောင်းသွားလည်း serum ကိုပြောင်းစရာမလိုဘဲသုံးလို့ရတယ်။ (တချို့ဆောင်းတွင်းမှာသုံးတဲ့ serum တွေကနွေမှာသုံးရင်နည်းနည်းလေး heavy ဖြစ်တယ်လေ)

Suitable for – All skin type (including acne-prone skin type)
Fungal acne SAFE
Where to buy – Beauty & Me, Anua Myanmar
 
 
[REVIEW] ANUA – BIRCH MOISTURE BOOSTING CREAM

A soft gel cream that protects and moisturizes your skin.

Soft gel cream လို့ပြောပေမယ့် သူ့ရဲ့ texture က gel ထက်ကို very soft cream ဘက်ကိုပိုသွားတယ်။ သူ့ရဲ့ cream review ကိုအကျဥ်းချုပ်ပြောရရင် squalene-based cream ပဲ အဲ့ဒါကိုမှ Birch Moisture Boosting Serum review ထဲမှာပြောထားသလိုမျိုး abc complex (allantoin, betaine, cucumber extract) ထည့်ထားတယ်ပေါ့။ ဒါကြောင့်မို့လို့ သူ့ cream က hydrating လည်းဖြစ်သလို skin barrier health အတွက်လည်းအကျိုးပြုတယ်ပေါ့။ ဒါကအကျဥ်းချုပ်။

သူ့ ingredient ထဲမှာ squalane ကလွဲပြီးတော့ အခြားအဆီမပါဘူး။ Squalane ကပြောရရင် လူ့အသားအရေကထွက်တဲ့အဆီနဲ့ဆင်တူပြီးတော့ သူ့ရဲ့ function က အသားအရေရဲ့ skin barrier health ကိုကောင်းမွန်အောင် repair လည်းလုပ်ပေးသလို အခန့်မသင့်ရင်ချွေးပေါက်လည်းမပိတ်စေတဲ့အတွက်ကြောင့်မို့လို့ အသားအရေတော်တော်များများနဲ့သင့်တော်တယ်။ ချွေးပေါက်မပိတ်တတ်ဘူးလို့ပြောလို့ အခြား တွေကချွေးပေါက်ပိတ်စေတတ်တယ်လို့ပြောတာမဟုတ်ဘူးနော်။ အချို့သော skin type တွေ အထူးသဖြင့် acne-prone skin type တွေက moisturiser လိမ်းတဲ့အခါနည်းနည်းရွေးရတယ်။ ဆောင်းတွင်းမှာအခြားသူတွေလိုမျိုး အဆင်သင့်ရာလိမ်းလို့မရဘူး။ သူတို့နဲ့မတည့်တဲ့အဆီပါသွားတဲ့အခါ အဖုလေးတွေထတတ်သလို ရေဓာတ်အပြည့်အဝမပေးနိုင်ရင်လည်း အသားအရေကအဆီဖုတွေဖြစ်တတ်တယ်။ ဒါကြောင့်မို့လို့ ဒီတစ်ခုက risk နည်းတယ်ပေါ့နော်။

လိမ်းလိုက်တဲ့အခါမှာ feeling က cream အိအိ‌လေးပဲ။ စစလိမ်းချင်းမှာတော့ နည်းနည်းလေး heavy ဖြစ်သလိုထင်ရပေမယ့် လိမ်းရင်းနဲ့ အသားထဲကိုစိမ့်ဝင်သွားပြီးတဲ့အခါမှာ အသားပေါ်မှာ residue အများကြီးတင်ကျန်သလိုမျိုးမဖြစ်ဘူး။ Cream လိမ်းထားတဲ့ feeling တော့ကျန်တာပေါ့နော်။ ဒါပေမယ့် ထူပိတ်ပိတ်ပြောင်ပြောင်ကြီးမဖြစ်သွားဘူး။ နေရတာသက်သောင့်သက်သာရှိတယ်။ ဒီတစ်ခုကို oily skin, combination skin with oily zones တွေအနေနဲ့လိမ်းမယ်ဆိုရင် night cream အဖြစ်ပဲလိမ်းပြီးတော့ day cream/ moisturizer ကိုတစ်ခုခုလိမ်းဖို့တိုက်တွန်းတယ်။ နေ့ခင်းအတွက်လိမ်းမယ်ဆိုရင် နည်းနည်းလေး heavy ဖြစ်တယ်လို့ထင်တယ်။ Dry skin တွေကတော့ မနက်၊ ညလိမ်းလို့ရတယ်။

Acne-prone skin type တွေအနေနဲ့ဆောင်းအတွက် moisturiser ရှာနေတယ်။ ကိုယ့်အသားအရေအတွက်ဘက်စုံနီးပါးအဆင်ပြေနိုင်မယ့် night cream လိုမျိုးကိုလည်းလိုချင်တယ်ဆိုရင်တော့ ဒီတစ်ခုကို highly recommend လုပ်တယ်။

Suitable for – all skin type (including acne-prone skin type)
NOT fungal acne safe.
Where to buy – Beauty & Me, Anua Myanmar
 
 
[REVIEW] ANUA – HEARTLEAF 70% DAILY RELIEF LOTION

A highly recommended lotion for the people with oily and acne-prone skin

Oily acne-prone skin type တွေအတွက် လိမ်းရတာပေါ့ပါးတဲ့နို့ရည်လိုမျိုးရှာနေတယ်ဆိုရင်ဒီတစ်ခုကိုကြည့်ဖို့အတွက် highly recommend လုပ်ရုံကလွဲပြီးတော့ တခြားသိပ်ပြီးမပြောတတ်ဘူး။ ဒီတစ်ခုကဖူးပွင့်အတွက် ဆောင်းတွင်းမှာသုံးဖို့အတွက် light ဖြစ်တဲ့အတွက်ကြောင့် မောင်လေးကိုပေးပြီးသုံးလိုက်တယ်။ သူ့ရဲ့ skin type အတွက်အဆင်ပြေနိုင်မလားပေါ့။

သူ့ရဲ့ texture အရကတော်တော်လေးကိုပေါ့ပါးတဲ့နို့ရည်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နို့ရည်လိမ်းရတာကြိုက်တဲ့သူတွေကတော့ ဒီတစ်ခုကိုတော်တော်ကြီးကြိုက်လိမ့်မယ်။ နို့ရည်မပျစ်မကျဲလေးဆိုတော့ လိမ်းလိုက်ရင်အသားထဲကိုစိမ့်ဝင်တာလည်းမြန်တယ်ပေါ့နော်။

Acne-prone skin type တွေအတွက် ဘာလို့ recommend လုပ်လဲဆိုတော့ သူ့ထဲမှာ Heartleaf extract ပါတဲ့အပြင်ကို သူ့ရဲ့ texture ကနို့ရည်ဖြစ်တဲ့အတွက်ကြောင့်မို့ လိမ်းထားပြီးသွားရင်မျက်နှာကအဆီပိုပြန်လာသလိုမျိုးခံစားချက်တို့ မျက်နှာအပေါ်မှာအလွှာကြီးတစ်ခုဖြစ်နေတယ်တို့ အဲ့ဒီလိုမျိုးခံစားချက်တွေမရှိဘူးပေါ့နော်။ ပြီးတော့ သူ့ထဲမှာက Heartleaf extract က ၇၀ ရာခိုင်နှုန်းတောင်ပါတဲ့အတွက်ကြောင့်မို့လို့ skin soothing အတွက်လည်းသင့်တော်တယ်။ ပြောရရင်တော့ ဝက်ခြံထွက်ပြီးမျက်နှာနီနေတာ၊ ဒါမှမဟုတ် မျက်နှာမှာအနီစက်လေးတွေဖြစ်နေတတ်တယ်ဆိုရင် ဒါကိုလိမ်းလို့အဆင်ပြေတယ်။

ဖူးပွင့်မောင်လေးကဒါကိုသူက day routine မှာလိမ်းရတာကိုသဘောကျတယ်။ toner, essence မလိမ်းဘဲနဲ့မျက်နှာသစ်ပြီးတန်းလိမ်းလည်း အဆင်ပြေသလို full skincare routine အပြည့်မှာတွဲပြီးတော့လိမ်းလည်းအဆင်ပြေတယ်။ သူ့အတွက် ဒီတစ်ခုကမနက်ပိုင်းလိမ်းတာကအဆင်အပြေဆုံးလို့ပြောတယ်။ ညဘက်လိမ်းရင်က ဆောင်းတွင်းထက်ကိုနွေမှာသူ့အတွက်ပိုပြီးအဆင်ပြေမယ်ထင်တယ်တဲ့။ နွေဘက်ကျရင်သူ့မျက်နှာကမနက်နိုးရင်အဆီပြန်တာမျိုးဖြစ်နေတတ်လို့ နွေဘက်ကို night routine လိမ်းတဲ့အခါသူက light ဖြစ်တဲ့ skincare တွေကိုလိမ်းရတာသဘောကျတယ်။ ဆိုတော့ သူ့လိုမျိုး effect လိုချင်တဲ့သူတွေအတွက်သူ့လိုလိုက်လိမ်းကြည့်ပေါ့နော်။

ဖူးပွင့်အနေနဲ့ပေးနိုင်တဲ့ တစ်ခုကတော့ မျက်နှာပေါ်မှာ လိမ်းတာမှားလို့ပဲဖြစ်ဖြစ်၊ အကြောင်းပြချက်မရှိဘဲနဲ့ ရုတ်တရက်ကြီးအဖုတွေထွက်လာတယ်ဆိုရင် မျက်နှာပေါ်မှာ light hydrating toner လေးပဲလိမ်းပြီးတော့ ဒီတစ်ခုကို မနက်နဲ့ညလိမ်းဖို့အတွက် recommend လုပ်တယ်။ အဲ့ဒီလိုမျိုးလုပ်ရင် အသားအရေကို reset လုပ်သလိုမျိုးဖြစ်ပြီးတော့ self-repair လုပ်သွားလိမ့်မယ်။ သူ့ formula က irritation နည်းအောင်လုပ်ထားတာမျိုးဆိုတော့လေ။

Suitable for – all skin type especially oily skin, oily and acne-prone skin
NOT fungal acne safe
Where to buy – Beauty & Me, Anua Myanmar
 
 
[REVIEW] ANUA – HEARTLEAF 78% SOOTHING CREAM

Similar to relief lotion but more nourishing.

Anua heartleaf relief lotion review ကိုဖတ်ပြီးသွားတဲ့သူတွေအနေနဲ့ ဒီ review ကိုပြောဖို့က result ပိုင်းချင်းယှဥ်ရင်သိပ်ပြီးမကွာဘူး။ ဘာကွာသွားလဲဆိုတော့ သူက cream type ဆိုတော့ ပိုပြီး hydrating and nourishing ဖြစ်တယ်။ အဲ့ဒါလောက်ပဲကွာတယ်။ ကျန်တဲ့ soothing effect တွေကတော့တူတူပဲ။

ဒါကဘယ်လိုအသားအရေတွေအတွက်ပိုပြီးကောင်းမယ်လို့ထင်လဲဆိုတော့ acne-prone လည်းဖြစ်တတ်တယ်။ ဒါပေမယ့်လည်း အသားအရေကနည်းနည်းလေးခြောက်သွေ့တဲ့ဘက်ကိုသွားမယ်ဆိုရင်သုံးသင့်တယ်။ ဒါမှမဟုတ် အသားအရေခြောက်သွေ့တဲ့သူတွေက ရုတ်တရက်ကြီး breakout တွေဖြစ်လာတဲ့အချိန်တွေမှာသုံးသင့်တယ်။ Breakout ဖြစ်တဲ့အချိန်မှာဒါကို night cream အဖြစ်လိမ်းတာမျိုးအတွက်ကို recommend လုပ်တယ်။ ဖူးပွင့်ရဲ့မောင်လေးကတော့ ဒါကို လိမ်းရတာသဘောကျတယ်။ ဖူးပွင့်ကတော့ ဒါကို day and night လိမ်းကြည့်တယ်။ အဆင်ပြေတယ်။ အထူးသဖြင့် ရာသီလာခါနီးအသားအရေက sensitive ဖြစ်နေတဲ့အချိန်မျိုးမှာသုံးဖို့အတွက်အဆင်ပြေတယ်။

တစ်ခုတော့ရှိတယ်။ ဒီတစ်ခုက စစချင်းလိမ်းလိုက်ရင် နည်းနည်းလေးရှိန်းသလိုမျိုးလေးဖြစ်တယ် ( Mint, menthol, mint oil မပါဘူး) သူ့ရဲ့ formula ကြောင့်လို့ထင်တယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလောက်အောင်ဖြစ်တာမဟုတ်ပေမယ့် လိမ်းရင်ရှိန်းတာကိုလုံးဝမကြိုက်တဲ့သူတွေရှိတော့ သူတို့တွေသတိထားလို့ရအောင်ပေါ့နော်။

ပျမ်းမျှအားဖြင့်ပြောရရင်တော့ cream type moisturiser တွေကိုကြိုက်တတ်တဲ့သူတွေအတွက်စမ်းကြည့်ပြီးရင်နောင်တမရမယ့် soothing cream တစ်မျိုးပေါ့နော်။ Recommend for soothing effect.

Suitable for – all skin type (including acne-prone skin)
NOT fungal acne safe.
Where to buy – Beauty & Me, Anua Myanmar
 

Leave a Reply