Cleansers Collection ~~~ Reviewed by “SkinCare by Aung”

ဒီနေ့ ရေးပေးမယ့် cleansers အကုန်လုံးမှာက
ဒီနှစ်တစ်နှစ်လုံး သုံးထားတဲ့ Gel type ကနေ Creamy, Bubble & Powder texture ရှိတဲ့ cleanser တွေ အကုန်ပါ၀င်တယ်။
Christmas & New Year လည်း ရောက်တော့မယ့် ဆိုတော့ 2022 တစ်လျှောက်သုံးဖြစ်တဲ့ cleanser​ တွေထဲက ဆောင်းတွင်းအတွက်လည်း အဆင်ပြေမယ့်အပြင် all seasons အတွက် အသုံးဝင်မယ့် cleansers တွေကိုပါ collection review လည်း လုပ်ဖြစ်တာပါ့နော်။
Personally အရ ဆောင်းတွင်းမှာတော့
Gel cleasner တွေကိုပဲ Morning & Evening routine တွေမှာ အမြဲလိုလိုကို သုံးဖြစ်တယ်၊ အသားကအရမ်းခြောက်လို့ပါ။
အရမ်းအေးရင်တော့ မနက်ဆို micellar water or cleansing tissue လောက်နဲ့ပဲ သန့်စင်ပေးလိုက်တယ် ပြီးရင် ကျန်တဲ့ step တွေသုံးဖြစ်တယ်။
Cleansing Foam တွေကို မရေးဖြစ်တာလဲကြာပြီမို့ တစ်ခါတည်း ဖတ်လို့ရအောင် တစ်စုတည်း တင်ပေးလိုက်တာပါ။
Product Mention –
Gel Type & Hydration Cleanser 💧
CeraVe Hydrating Cleanser
COSRX Low pH Good Morning Gel Cleanser
Barr Centella Calming Gel Cleanser
Hada labo Advanced Nourish Hydrating Cleanser
Bubble Cleanser 🫧
C I E L Witch Hazel Foaming Cleanser
Powder Wash 🧪
By Wishtrend Green Tea & Enzyme Powder Wash
Foaming Cleanser 🫧
Fraijour Orginal Wormwood Cleaning Foam
P.CALM Under Pore Foam Cleanser
ViHo Doux Blanc Cleansing Foam
KUNDAL Derma C.P.R. pH Balancing Deep Cleansing Foam
ဝယ်ယူနိုင်တာကတော့
CeraVe – CeraVe Myanmar
C I E L – @C I E L
Cosrx – Beauty & Me
P.Clam – @P.Clam Official Myanmar
ViHo – ViHo
By Wishtrend – By Wishtrend Myanmar
Hada Labo – Hada Labo Myanmar
Seeyou.
Staysafe.
Xoxo.
Disclaimer – No paid to write this post.
Reader’s လေးတွေဆို သိပြီးသားပါ
Seasonal အလိုက် collection လေးတွေ အမြဲရေးပေးတာကိုပေါ့။
PR Gift ရတာပါသလို ကိုယ့်ပိုက်ဆံနဲ့၀ယ်သုံးပြီး
ရေးထားတာတွေလည်း ပါပါတယ်လို့။
#SkinCarebyAung
#Bestof2022Cleansers
Original Post Link >> https://facebook.com/BeautybyAung/posts/pfbid0LkMc5RuTzVwfr4Q1jHQdz7h6e9bG7CiXoZRf4qS7Tr6Jj7UWMZBvG5dJkARp2nZml
P.CALM Under Pore Foam Cleanser

Cleansing power ကောင်းတာက သုံးချင်တယ် မျက်နှာသစ်ပြီးလည်း moisture level ကို ထိန်းထားပေးနိုင်တဲ့ cleanser က ရှာနေရင် ဒါကို highly recommend လုပ်တယ်။

Pore cleansing and Sebum control လုပ်ပေးဖို့က သူ့အထဲမှာ Salicylic Acid ပါ၀င်တယ်။
သူ့က ချွေးပေါက်အတွင်းထိ clean လုပ်ပေးတာကြောင့် ဆားဝက်ခြံ၊ အဆီဖု နှင့် ချွေးပေါက်ပိတ်တာတွေကို reduce လုပ်ပေးနိုင်တယ် ပြီးတော့ ထပ်မဖြစ်အောင်လည်းပဲ prevent လုပ်ပေးတယ်။

သူ့မှာ Tea Tree Leaf Oil, Centella and Azulene စတဲ့ soothing and calming ingredients တွေနဲ့ formulated လုပ်ထားတာကြောင့် skin Inflection တွေရတဲ့အခါတွေမှာ ဒါက အဆင်ပြေတဲ့အပြင် ထပ်မကြွစေဖို့ကို ထိန်းထားပေးနိုင်တယ်။ ဒါသုံးပြီး
နောက်ပိုင်း အဆီဖု၊၀က်ခြံဖြစ်တဲ့နူန်းက တော်တော်လျော့ကျသွားတယ်။

Cleansing Power ကောင်းတယ်၊ Deep Cleansing ဖြစ်တယ်။ မျက်နှာသစ်ပြီး skin က stripping ဖြစ်ပြီးမကျန်ခဲ့စေဘူး သူက မျက်နှာမှာရှိတဲ့ moisture level ကို ထိန်ထားပေးနိုင်တယ်။ Morning Cleanser ဆိုတာထက် personally အရ Evening Cleanser အနေနဲ့သာ သုံးဖြစ်တယ်။

Dry Skin က လွဲရင် ကျန်တဲ့ Skin Types တွေအတွက် အဆင်ပြေပါတယ်။

May be an image of 1 person and cosmetics
Cosrx Low pH Good Morning Gel Cleanser

မနှစ်ကနေ သုံးလာတာ အခုဆို 2ဘူးတောင် ရှိပြီ
တော်တော် သဘောကျရတဲ့ Gel Cleanser ပါ။
အခုဆောင်းတွင်းမှာလည်း သင့်တော်တဲ့ cleanser ဆိုလည်းမမှားဘူး။

သူ့ ingredients မှာက Anti acne & Antibacterial actions အတွက် အရမ်းအသုံးဝင်တဲ့ Tea tree leaf oil ပါတယ်။

ဒီcleanser ထဲမှာ pH level 5 to 6 ကြားထဲမှာရှိတယ်။ Midly acidic cleanser ပဲ။
မျက်နှာမှာရှိတဲ့ pH level ကို ထိန်းထားပေးတာဖြစ်လို့ မျက်နှာသစ်ပြီး dry out မဖြစ်သွားဘူး skin hydrate ဖြစ်ပြီးကျန်ခဲ့စေတယ် comfortable ဖြစ်တယ်။ Cleansing power လည်း ကောင်းတယ်။

ဒါနဲ့ သစ်ပြီးသွားရင် မျက်နှာက သန့်သွားတယ်လို့ ခံစားရပြီး ကိုင်ကြည့်လိုက်ရင် ‌နူးနူးညံ့ညံ့လေးနဲ့ ချောမွေ့တယ်။

Betaine Salicylate 0.5% ပါတော့ မျက်နှာမှာရှိတဲ့ impurities တွေ oil တွေကို gently removing လုပ်ပေးပြီး ချွေးပေါက်အတွင်းထိသန့်စင်ပေးနိုင်တယ် skin texture ကိုလည်း improve ဖြစ်စေတယ်။ Skin imflam ဖြစ်တဲ့အခါ skin irritation ဖြစ်တဲ့အခါ Breakout တွေဖြစ်တဲ့အခါ အဆီဖု၊ဝက်ခြံထွက်တဲ့အခါလည်း သူ့ကိုသုံးလို့ အဆင်ပြေတယ်။ ထပ်မဖြစ်ရအောင်လည်း တားပေးတယ်။ ဒါသုံးပြီး နောက်ပိုင်း ၀က်ခြံတွေ
ထပ်မထွက်လာတော့ဘူး။ဘအဆီဖုသေးသေးလေးတွေဆို သက်သာတယ်။

သူ့မှာအနံ့ပါတယ် tea tree oil အနံ့သင်းသင်းလေးရတယ် refreshing ဖြစ်တယ် but tea tree oil နဲ့တည့်မှာသာ သူ့ကိုသုံးပါ။

Gel type texture ပဲ။ Light ဖြစ်တယ် သူ့ gel က။ Gel type မို့ foaming က တော်ရုံမဖြစ်ဘူး။ ဖြစ်လာတဲ့ foamကလည်း မျက်နှာပေါ်တင်ရင် နူးညံ့တယ်။ ရေများများနဲ့ဆေးချဖို့တော့လိုမယ်။

Morning gentle cleanser ဆိုပေမယ့်လည်း Evening cleanser အနေနဲ့လည်း သုံးလို့ရတယ်။
နောက်ပြီး အသားအရေကို hydrating & soothing ဖြစ်စေတဲ့ တခြား botanical extracts တွေလည်း ထည့်ထားတာမို့ pH level ကို balance ဖြစ်စေတယ် မခြောက်သွားဘူး။

Acne Prone Skin, Oily to Combination Skin ဆို ပိုအဆင်ပြေမယ်၊ အသားခြောက်တတ်ရင်တော့ အခုအချိန်သုံးလို့ အဆင်မပြေလောက်ဘူး။

May be an image of 1 person, cosmetics and text that says "SkinCare by Aung CLEANSING KUNDALDERMA KUNDAL SKIN BARRIER TECHNOLOGY DERMA FOAM C.P.R. AMINO Balances the ACID X LIPOSOMETM topromote 150 ml 1/5 07 facial level healthy skins COMPLEX fl.oz. skin"
KUNDAL Derma C.P.R. pH Balancing Deep Cleansing Foam 🫧

၀က်ခြံလည်း သက်သာရမယ်၊ cleansing လည်း ကောင်းရမယ်၊ ရေဆေးချလိုက်ရင် မခြောက်သွားမယ့် cleansing foam က ရှာနေရင် ဒါကို
recommended လုပ်တယ်။

Acne ကြောင့် အသားအရေနီရဲရောင်းရမ်းနေတာကို သက်သာစေမယ့်အပြင် အသားရေ irritated ဖြစ်တာကို လျော့ချပေးပြီး soothing ဖြစ်စေဖို့ 15% Centella Asiatica Extract, Centella Active Compounds, Red Clover Extract & Amino Acid Complexs တွေနဲ့ formulated လုပ်ထားတယ်။

ဆိုတော့ကာ ဒီ cleanser ကို သုံးလိုက်လို့ ၀က်ခြံ‌တွေ ထပ်ပြီးပိုမဆိုးသွားအောင်၊ ထပ်ထွက်ဖို့ကိုလည်း prevent လုပ်ပေးတဲ့အပြင်၊ ရှိနေတဲ့ ၀က်ခြံကိုလည်း ပြန်မကြွစေအောင် လုပ်ပေးတယ်။
ပြီးတော့ သက်သာတာမြန်စေဖို့ကို တစ်ဖက်တစ်လမ်းကနေ လျော့ချပေးတဲ့ သဘောပေါ့။

Foaming ဖြစ်တယ်ဆိုပေမယ့် barrier ကို harsh ဖြစ်စေလောက်တဲ့အထိ Surfactant တွေကိုသုံးထားဘူး။ Plant derived surfactants တွေပဲ သုံးထားတာမို့ gentle ဖြစ်တယ်။ သစ်ပြီးသွားရင် မျက်နှာက ရှင်းပြီးသန့်သွားတဲ့ feeling ကိုရတယ်။ Cleansing power ကောင်းတယ်။ အဆီပြောင်တယ်။

Shea Butter, Ceramide NP, Coca Betaine & Panthenol တွေပါ၀င်တာကြောင့် သစ်ပြီးသွားရင် မျက်နှာကို ခြောက်မသွားစေဘဲ အသားအရေရဲ့ moisture level ကို ထိန်းထားနိုင်တာ တွေ့ရတယ်။ Texture က Creamy Foam texture ပါပဲ။

သို့ပေမယ့် Dry to Dehydrated Skin ဆိုရင်တော့ အဆင်မပြေလောက်ဘူး။ Acne Prone Skin,
Sensitive Skin, Oily to Combination Skin အတွက် ပိုအဆင်ပြေစေတယ်။

Detial Review 👇
https://m.facebook.com/story.php?story_fbid=672991037811663&id=100053023195758&mibextid=Nif5oz

Leave a Reply