👀Vitamin C serumဆိုတာ ဘာအတွက်လို့ သိထားလဲ 👀 Reviewed by “Paletteain”





Vitamin C serum အများစုပုံစံပါပဲ
အရောင်ကလေ ဆီနဲ့ရေ ရောထားသလို နည်းနည်း layerကွဲနေသလို လိမ္မော်ဝါ အရောင်လေးပါ
ဒီမှာတစ်ခု လူပြောများတာက သူ့ရဲ့အနံ့ပါ Skincare တော်တော်များများက ခုနောက်ပိုင်းဆို ဒီလို ရှုလို့
သိပ်မကောင်းတဲ့ အနံ့ရတာ ရှားလာပြီကို သူကတော့ တခြား Artificial Fragrance လည်း ဘာမှမထည့်ထားတော့ အနံ့ တမျိုးလေးရပါတယ် ဘာအနံ့လဲတော့ မဖော်ပြတတ်ဘူး ကိုယ့်ဘာသာကိုယ် ရှုကြည့်ကြ Intlကလူတွေတော့ မကြိုက်ကြဘူး
Eainတော့ လိမ်းတုန်းပဲ ရတာဆိုတော့ effect သိသာရင်ပြီးတာပဲဆိုပြီး ထားလိုက်တယ်
ဒါပေမဲ့ ဖောက်ပြီးတာနဲ့လေ သူ့ကို
3-10 Degree Celsius မှာထားဖို့အကြံပြုထားပါတယ် စသုံးတာနဲ့ ရေခဲသေတ္တာထဲ တန်းထည့်ပေါ့နော်
အဲ့မှာစအလုပ်ရှုပ်တာပဲ


သူက Vitamin Cကိုမှ အားပြင်းတဲ့ L-Ascorbic acidဖြစ်တာလဲ အပြင် Eainကိုယ်တိုင် skinကလည်း ဝက်ခြံပေါက်လက်စတွေ နီနေတာတွေ ရှိနေတော့ အဲ့နေရာလေးတွေထိပြီး စပ်သွားတာ ဖြစ်မယ်
သူက sensitive skinတွေပါ သုံးလို့ရတယ် ပြောထားပေမယ့် Eainကတော့ အားမပေးဘူး Percentage ကလည်း 23% ဆိုတော့ များတဲ့ထဲပါလို့
လိမ်းပြီးရင်တော့ စိမ့်ဝင်တာလဲ မြန်ပြီး
Super vitamin Eတွေ Hyaluronic acidတွေလဲပါတော့ skin က
အိအိလေးဖြစ်သွားတယ် အဆီလဲမပြန်တော့ Sensitive ကလွဲပြီး All skin type လိမ်းလို့ Okတယ် ဒါပေမဲ့ နည်းနည်းလေး စပ်တာကတော့ ခုထိ တစ်လကျော် သုံးတိုင်းဖြစ်တုန်းပဲ
Full ingredients list
Water, Ascorbic Acid(23%), Propanediol, Dimethicone, Tromethamine, Panthenol, Ethyl Ascorbyl Ether, Squalane, Caffeine, Sodium Chloride, Sodium Hyaluronate, Sodium Sulfite, Disodium EDTA, Glutathione, Adenosine, Acetyl Glucosamine, Gardenia Florida Fruit Extract, Allantoin, Dextrin, Tocotrienols, Tocopherol, Elaeis Guineensis (Palm) Oil, Butylene Glycol, Arginine, Niacinamide, Pentylene Glycol, Alcohol Denat., Helianthus Annuus (Sunflower) Seed Oil, Glycyrrhiza Glabra (Licorice) Root Extract, Methyl Trimethicone, Carthamus Tinctorius (Safflower) Seed Oil, Camellia Japonica Seed Oil, Daucus Carota Sativa (Carrot) Root Extract, Beta-Carotene

Skin brightening ဖြစ်လာတာလည်း မြန်တယ်
Breakoutဖြစ်တဲ့နေရာတွေက အမာရွတ်တွေ ပျောက်တာလည်း မြန်တယ်ပေါ့နော် အမာရွတ်လေးတွေက skincare ပုံမှန်လုပ်ရင်းလည်း ပျောက်တာပါပဲ ဒါပေမဲ့ ပျောက်နှုန်းမြန်တာပေါ့လေ အဲ့လိုမျိုး
Skin texture လဲလေ တိုးတက်လာတယ် အရင်က ချွေးပေါက်နေရာလေးတွေ ကြမ်းသလို ဖြစ်နေတာ အဲ့နေရာလေးတွေ တင်းတင်းရင်းရင်းဖြစ်လာတာ သတိထားမိတယ်
October က Eain ချောင်းသာဘက် ခရီးသွားလိုက်တော့ သိတဲ့အတိုင်း sunscreen ဘယ်လောက်လိမ်းလိမ်း နေကတော့ အနည်းအများလောင်တာပဲပေါ့ ပြန်ရောက်တာနဲ့ ဒါလေး ဂရုစိုက်လိမ်းပေးတာ စပ်စပ်လေးနဲ့ပဲ နေလောင်ပြီး တကွက်စီ ညိုနေတဲ့အသားက မြန်မြန်လေး ပြန်သက်သာလာတယ် အဲ့ဒါတော့ တကယ်ကျေးဇူးတင်မိတယ်
အဲ့တော့ Vitamin C serumရဲ့ အဓိက effect တွေ ခံစားရတယ်ပေါ့နော်
အဆင်မပြေတာတွေက
ရေခဲသေတ္တာထဲထည့်ထားရတော့ လိမ်းခါနီး ထုတ်လိုက်သွင်းလိုက်နဲ့ အလုပ်ရှုပ်တယ် ခုဆိုမီးပါပြတ်တော့ ပိုဆိုး
Percentage လဲများတော့ Vitamin C ခုမှစသုံးတဲ့သူတွေ sensitive skin တွေ ဝက်ခြံအဆက်မပြတ်ထွက်သူတွေနဲ့ အဆင်မပြေနိုင်ဘူး
ပါတာကလည်း 20ml ကို Eainဆို saleနဲ့ 27000ကျော်နဲ့ရလိုက်တာ ပုံမှန်ဆို 30000နီးပါးဆိုတော့ စျေးလည်းနည်းနည်းကြီးတယ်ပေါ့နော်
နောက်သူက နှစ်လအတွင်း ကုန်အောင်သုံးရမှာဆိုတော့ မကုန်မှာဆိုးလို့ လည်ပင်းတွေလည်း လိမ်းဖြစ်တယ် အဲ့ဒါနဲ့ ဗူးတောင် တော်တော်ပေါ့နေပြီ ကုန်တော့မလားမသိ
ဝက်ခြံပျောက်သွားပြီး အမာရွတ်သီးသန့်ပျောက်ချင်တဲ့သူ အမဲစက် တင်းတိပ်သမားတွေ Skinက ဒူပေ ဒဏ်ပေခံနိုင်တဲ့သူတွေ Percentage များများလေးနဲ့ effectကို ထိထိမိမိရချင်တဲ့သူတွေကို Recommend လုပ်ပါတယ်ရှင်
ပုံလေးတွေကော လှလား ပြောသွားပါအုံး ကိုယ်တိုင် ကြိုးစားရိုက်ထားတာ ရိုက်ရင်းနဲ့တင် Serumတွေလဲကုန်တော့မယ်