ဝက်ခြံအမာရွတ်အတွက် အထိရောက်ဆုံးဖြစ်စေမဲ့ SKINCARE ROUTINE ✨✨✨ Reviewed by “Paletteain”





ဒါလေးက တွေ့ဖူးတာလည်း ကြာပါပြီ Eainကတော့ ခုတလော ရာသီအပြောင်းအလဲမှာ Breakoutတွေပြန်ထချင်သလို ဖြစ်နေတာနဲ့ ဒါလေးကို ရွေးကြည့်လိုက်တာ Salicylic acid က ကိုယ်နဲ့အဆင်ပြေခဲ့တဲ့ ရာဇဝင်ကြောင့်လည်း ပါတယ်
Cleanser တစ်ခုအနေနဲ့ဆို သူက အမြှုပ်တော့ တကယ်ကောင်းကောင်းထတယ်
မျက်နှာသစ်ရတာ အဆင်ပြေတယ်
Eainမကြိုက်တာဆို သူ့အနံ့ပဲ နည်းနည်းပိုးဟပ်ချေးစော်လို နံသလားလို့ ဒါပေမဲ့ တစ်ဖက်ကလည်း ဒါ artificial fragrance တွေ အများကြီး
မထည့်ထားတဲ့အတွက်ကြောင့်ဆိုပြီး ခွင့်လွှတ်ပေးလို့ရတယ် မျက်နှာသစ်ပြီးတာနဲ့
ရှင်းလင်းကြည်ထွက်သွားတဲ့ feeling ကိုရတယ်
သစ်ပြီးရင် မျက်နှာခြောက်လားဆိုတာ လူတိုင်းစိတ်ပူကြတဲ့ မေးခွန်းဖြစ်မယ်နော် Eainရဲ့ Personal Experience အရတော့ ခြောက်တင်းတင်းကြီး ဖြစ်မသွားဘူး ဒါပေမဲ့ Combination & Dry skinတွေကတော့ အရမ်းခြောက်နိုင်တယ် Mild ဖြစ်တဲ့ Cleanserတွေ မပေးနိုင်တဲ့ ရှင်းထွက်သွားတဲ့ feelingကို ပေးတာကိုး
ဘာကိုအားရလဲဆိုတော့ breakoutထွက်ပေမဲ့ မိတ်ကပ် /Tone up creamတစ်ခုခုအမြဲလိမ်းပြီး Double cleansing လုပ်နေရတဲ့ Eain အတွက် Cleansing power ကောင်းကောင်းပေးနိုင်တယ် အဆီပြန်တာလည်း ရှယ်သက်သာတယ်
ပါးနှစ်ဖက်က ချွေးပေါက်ကျယ်တဲ့နေရာတွေမှာ ပိတ်ဆို့ပြီး အဖုထတာ နည်းသွားတာ
မေးစေ့ areaက Breakoutကတော့ ခုထိ ရင်ဆိုင်နေတုန်းဆိုပေမဲ့ အဖုသေးသေးတွေလောက်ကတော့ ခြောက်ပြီး ခြပ်သွားအောင်လုပ်ပေးနိုင်တယ်
အဲ့တော့ Eainက သူ့ကို သေချာ cleansing လုပ်ချင်တဲ့နေ့သုံးတယ် နေ့တိုင်းမသုံးဘူး
မနက်ဖက်မသုံးဘူး တစ်ခါတစ်လေ
စိတ်ထဲမှာ အဖုထမလား မသိဘူးဆိုတဲ့နေ့တွေမှာ အမြှုပ်တွေကို Mask သဘောလို
မျက်နှာပေါ်ထားပြီး ရေချိုးပြီးမှ ရေဆေးချလိုက်တယ်
မျက်နှာက ဝက်ခြံ Journeyတစ်ခုလုံး ဖြတ်သန်းပြီးလို့ ဒူပေဒဏ်ပေလည်း ခံနေပြီ အဲ့ဒါကိုမှ
ဝက်ခြံထပ်မထွက်အောင် ကာကွယ်ချင်ရင်ဖြစ်စေ အမာရွတ်တွက် အကျိုးရှိအောင်သုံးချင်ရင်ဖြစ်စေ ဒါလေးကို Eain recommendတယ် One stepနဲ့ skincareပြီးချင်တဲ့ ယောကျာ်းလေးတွေအတွက်ကောပဲ
Sensitive skin / Dry/ Combination တွေအတွက်တော့ အဆင်မပြေနိုင်ဘူး
စျေးက 18000နဲ့ဝယ်တာပါ

Glow Glass skinကို Toner တစ်မျိုးတည်းနဲ့ ရချင်ရင်တော့ ဒါလေးက အံကိုက်ပဲ
တဖြေးဖြေးနဲ့ Skin tone လေး ကြည်ကြည်လင်လင်နဲ့ ဝင်းလာတဲ့ effectကိုရတယ် အဲ့တော့ သူက အမာရွတ်ထက် အသားအရောင်မညီတာနဲ့ Hyperpigmentation အတွက် ပိုကောင်းပါတယ်
Toner / Essence နှစ်မျိုးလုံးလို သုံးလို့ရတော့ Budget savingလဲဖြစ်တယ် Eainကိုယ်တိုင်လည်း Tonerလိုသုံးလိုက် Essence လို ပုတ်လိုက် လုပ်နေတာ ဗူးကိုပဲကြည့် ကုန်တော့မယ်
Honey extract နဲ့မတည့်တာမျိုးဆို အဆင်မပြေနိုင်ဘူး အားနည်းချက်က သူ့ရဲ့ soothing effectက Eainအတွက် သိပ်မသိသာဘူး အကုန်မြန်တယ် (မဟားဒရားတွေသုံးလို့ )

လိမ်းကောင်းလွန်းလို့ Textureတောင်ပြစရာမရှိတော့ဘူး တစ်စက်တောင်မကျန်အောင် လိမ်းထားတာ အဆီဓာတ်ကိုလုံးဝမခံစားရစေပဲ Glowချင်တယ် Essence ပေါ့ပေါ့ပါးပါးလိမ်းချင်သူများအတွက် ကွက်တိပါ သူ့ရဲ့ effectကိုအပြည့်အဝရချင်ရင် မျက်နှာစိုနေတဲ့အချိန်လိမ်းပါ Eainကတော့ Mistတွေ တဝကြီး ဖြန်းပြီးမှ လိမ်းတယ် overall skin barrierလေး ကောင်းလာပြီး ပြည့်ပြည့်တင်းတင်းရှိတဲ့ အာနိသင်ကိုရပါတယ် အမာရွတ်လေးတွေလည်း ပျောက်ချင်တယ် တခြား Active Ingredients တွေသုံးရမှာလည်း ကြောက်တယ်ဆို ဒါပဲ စွဲသုံးကြည့်ဖို့ recommendပါတယ်
မိတ်ကပ်အောက်ကလိမ်းလည်း
အဆီမပြန်တော့ အဆင်ပြေတယ်
ထပ်ဝယ်ဖို့ကို ဒါပဲဝယ်ရမလား တခြား snail ပါတာ တမျိုးမျိုးစမ်းရမလား ဖြစ်နေတယ်

အဓိက ဇာတ်လိုက်လေး
မပြီးနိုင်သော ဝက်ခြံပေါက်လိုက် ပျောက်လိုက် ဘဝမှာ အမာရွတ်မြန်မြန်ပျောက်ဖို့ကလည်း အရေးကြီးနေတာ ဝက်ခြံပေါက်တုန်းကလဲ ကိုယ့်ရုပ်ကိုမကြည့်ချင်ပေမယ့် အမည်းစက်ကျန်ခဲ့ရင်တော့ ပိုဆိုးသလားလို့ အဲ့ဒါကြောင့် ဒီ အာနိသင် သိသာတဲ့ Vitamin C serumကို ကုန်အောင်သုံးဖြစ်သွားပါတယ် အမည်းစက်မှိန်သွားတာ သိသိသာသာမြန်တယ် Skin Brighteningဖြစ်တာလည်း မြန်တယ်
ဒါပေမဲ့ ဝက်ခြံရှိနေတုန်းသုံးရင်တော့ ပိုဆိုးလာနိုင်သလို Vitamin C High concentration ကြောင့် အသားလည်း နည်းနည်းစပ်နိုင်တယ်နော်
ရေခဲသေတ္တာထဲက ထုတ်ထုတ်သုံးနေရတာကလွဲရင် တခြား Vitamin C serumတိုးတော့ပါမလားလို့တောင် စိတ်ပူမိတဲ့အထိ ထိရောက်ပါတယ်
Sensitive skinဆိုရင်တော့ တခြား Natural Extract ကရတဲ့ Vitamin C derivative တွေသုံးတာ ပိုအားပေးပါတယ်
Salicylic Acid cleanserသုံးတဲ့နေ့ သူ့ကိုမသုံးပါ
မနက်ပိုင်းပဲ အဓိကသုံးပါတယ်
ဒါဆိုရင် Eain ရဲ့ ဝက်ခြံအမဲစက် အမာရွတ်သက်သာဖို့ skincare routine လေးပြီးပါပြီ
မနက်ပိုင်းမှာ Propolis toner >> Vitamin C serum>> Snail Essence ဒီသုံးမျိုးလိမ်းလို့ရသလို
ညပိုင်းမှာ SA cleanser >> Propolis Toner >> Snail Essence ဒီလိုတွဲလိမ်းလို့ရပါတယ်
လေးခုလုံးက အမာရွတ် အမဲစက် Hyperpigmentation အတွက် အရမ်းကို
ထိရောက်တဲ့ productတွေဖြစ်လို့ ကိုယ့် skin နဲ့လိုက်ပြီး ရွေးချယ်ကြည့်ပါ Cosrx ဆိုတာလည်း အသစ်အသစ်တွေကြားထဲမှာမှ သူ့ skillကို ထိန်းထားနိုင်တဲ့ Brand တစ်ခုပဲဆိုတော့ Eainလည်း အသစ်တွေလိုက်ရှာရင်းမှ ဒီကိုပဲပြန်ပြန်ရောက်လာတာ