Kundal : Honey & Macadamia Pure Natural Moisturizing Refreshing Body Wash ( English Rose ) REVIEWED BY “Makeup by Theint”

KUNDAL : HONEY & MACADAMIA PURE NATURAL MOISTURIZING REFRESHING BODY WASH ( ENGLISH ROSE ) REVIEWED BY “MAKEUP BY THEINT”

Yes 🌹 ခေါင်းစဉ်မှာ ရေးထားသလ်ို သိမ့်သုံးနေတာ English Rose ဆိုတဲ့ အနံ့လေးပါ …ဒီ Body Wash လေးက ရေချိုး ဆပ်ပြာတွေ ထဲမှာဆို အနံ့လေး တော်တော် မွှေးတဲ့ ထဲမှာ ပါတယ် …ဒါပေမဲ့ annoy ဖြစ်လောက်အောင်တော့ မဟုတ်ဘူးပေါ့ …ရေချိုး တဲ့ အခါမှာ အနံ့မွှေးမွှေးလေး နဲ့ စိတ်ပင်ပန်းတာတွေ လျော့ချင်ရင် ရွေးချယ် သင့်တဲ့ ထဲပါတာပေါ့နော် …ဒါကတော့ သိမ့်က သူ့အနံ့လေးကိုသဘောကျလို့ ဦးဆုံး ပြောပြတာပေါ့

ဒီ body wash လေးရဲ့ အဓိက လုပ်ဆောင်တာကတော့ Body ကို moisturizing ပေးတာပါ …ရေချိုးပြီးရင် အသားခြောက်ပြီးယားတာတို့ သက်သာစေတယ်ပေါ့ …

Ingredients ကို ကြည့်လိုက်ရင် Aloe Vera Leaf extract ကို 42% တောင်သုံးထားပါတယ် …Aloe vera ဆိုတာ မစိမ်းတဲ့ ingredient 1 ခုပေါ့နော် …soothing & calming အတွက်ကောင်းတယ် …နေလောင်တာ, allergic အတွက် အသား အဖုအပိန့်တွေ အတွက်ကောင်းတယ်ပေါ့ …ပြီးရင်တော့ Honey 5,000 ppm နဲ့ macadamia 5,000 ppm ပါပါတယ် ..သူတို့က ဘာအတွက်လဲ ဆိုရင် Honey က အသားရည် ခြောက်သွေ့တာတွေ , Dull ဖြစ်တာတွေ သက်သာစေပြီး အသားရည် မှာလိုအပ်တဲ့ moisture ပြန်ဖြည့်ပေးပြီး Radiance skin ရစေတယ်ပေါ့ …Macadamia ကတော့ အသားရည် ခြောက်ပြီး ပက်ကြားအပ်နေတာတွေ သက်သာတယ် ပြီးတော့ အရေးကြောင်းတွေ, အသားရည် လျော့တွဲတာတွေ အတွက်လဲ သက်သာစေတယ်ပေါ့ …Natural Moisturizing ဆိုတဲ့ အတိုင်း အသားရည်ကို သဘာဝအတိုင်း moisturize ဖြစ်နေစေဖို့ Natural plant extract 33 မျိုး နဲ့ Natural Oil 3 မျိုးကို သုံးထားသေးပါတယ် …

Texture ကတော့ အကြည်ရောင် Gel Texture ပျစ်ပျစ်လေးပေါ့ …moisturizing body wash ဆိုပေမဲ့ အရမ်းကြီး မချွဲသလို ရေဆေးချရတာလဲ မခက်ပါဘူး ( ပုံမှန် moisturizing body wash တွေက ရေအများကြီး ဆေးချရင်တောင် ချွဲပြီး ကျန်ခဲ့တာလေ ) ရေဆေးချပြီးရင် အသားလေးက ကြည်ပြီး ကျန်ခဲ့ရော …သူ့အနံ့လေးက ရေချိုးနေတဲ့ အချိန်မှာ တော်တော်လေး မွှေးတယ် …သိမ့်သုံးနေတာ English rose အနံ့လေးဆိုတော့ နှင်းဆီ အနံ့လေးပေါ့

All Skin Type သုံးလို့ရပါတယ် …အသားရည် မွဲခြောက် နေတဲ့ သူတွေ, အသားရည် ဝင်းဝင်းလေးဖြစ်ချင်တဲ့ သူတွေ, ရေချိုးဆပ်ပြာကို အနံ့မွှေးမွှေးလေးမှ သုံးချင်တယ်, ရေချိုး ဆပ်ပြာ ကောင်းကောင်းလေး ရှာနေရင် သုံးကြည့်ပါ ….အနံ့လေးတွေလဲ ရွေးခြယ် စရာရှိလို့ အကြိုက်တွေ့ မှာပါ …အနံ့လေးတွေဆို Baby Powder, Ylang Ylang, English Rose ဆိုပြီး ရွေးခြယ် စရာရှိပါတယ်

ဈေးကတော့ 500ml ကို 24000 နဲ့ စမ်းသုံးချင်ရင် 258ml ကို 15000 ပါ

…..

Original Review Link… https://www.facebook.com/Makeup by Theint-Kundal Body Wash & Body Lotion – Review