6 Serums For Winter Season ❄️☃️ Reviewed by “SkinCare by Aung”

6 Serums For Winter Season ❄️☃️
Seasonal Skin Care အနေနဲ့ အခု ဆောင်းတွင်းမှာ တကယ်ကို အကျုံး၀င်မယ့် Serum လေးတွေကို ရွေးထားပါတယ်။ အခုလက်ရှိ condition အနေနဲ့ရော သင့်တော်ရမယ်ပေါ့လေ။
Acne Care, Brightening Care, Barrier Strengthening, Nourishing & Moisturizing Serum တွေဆိုပြီး category တွေ ခွဲထားပါတယ်။
ကိုယ်ရဲ့ skin type & concern အပေါ်မူတည်ပြီး ရွေးရတာ ပိုအဆင်ပြေသွားစေမယ်လို့ မျှော်လင့်ပါတယ်။
Product Mention –
Barrier Strengthening & Aging 💎
– Missha Time Revolution Night Repair Ampoule 5X
Acne Care, Moisturizing & Nourishing 💫
– Beauty Of Joseon Glow Serum
– COSRX Full Fit Propolis Light Ampoule
Acne Care 🍃
– Bio Heal BOH Cica Panthenol Ampoule
– Be Plain Cicaterol Ampoule
Brightening Care ✨
– COSRX The Niacinamide 15 Serum
– Goodal Vita Dark Spot Serum
Moisturizing 💧
– Isntree Hyaluronic Water Essence
Healing & Repairing 💞
– COSRX Advanced Snail 96 Mucin Power Essence
ဆိုတော့ Detial ကိုတော့ တစ်ပုံချင်းစီ
ဖတ်ပေးပါလို့❣️🫶
၀ယ်ယူနိုင်နေတဲ့နေရာတွေကတော့
COSRX Products – Beauty & Me
BOH – @Girl Generation Korean Cosmetics Shop
be Plain – Be Plain _ Myanmar
Goodal – Any Korean Online Shop
Isntree – Isntree Myanmar
ဒီတော့ ဒီနေ့တော့ ဒီလောက်ပါပဲ။
Seeyou
Original Post Link >> https://facebook.com/BeautybyAung/posts/pfbid02w2JWtFgw7VzfXPkB3FaDA62D9ttrME15x3x4xzDp16EoFS7mL1ZmxBKfCEMP9tNCl
COSRX Advanced Snail 96 Mucin Power Essence 🐌💛

ဒါကို ကျွန်တော်ကများသောအားဖြင့် barrier repairing & healing ဖြစ်‌စေဖို့အတွက်ကို target ထားပြီး သုံးဖြစ်တယ်။

အမြဲလိုလို mention လုပ်ခံရတဲ့ Essence မို့
အသေးစိပ်မပြောပြတော့ဘူး။

Adapalene သုံးလို့ အသားခြောက်တဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ AHA & BHA သုံးလိုက်တဲ့အခါ cells turnover rate ကို မြန်စေတာမို့ barrier repair ဖြစ်စေဖို့၊ ပျက်စီးနေတဲ့ အသားအရေကို ပြန်ပြီး repair ဖြစ်စေဖို့ ဒါကို routine ထဲအမြဲထည့်ဖြစ်တယ်။

သူက essence ဆိုပေမယ့် serum အနေနဲ့ရော၊ hydrator အနေနဲ့ပါ အသုံးပြုလို့ ရတယ်။ ဆောင်းတွင်းမှာလည်း တော်တော် အဆင်ပြေတဲ့ essence တစ်ခုလို့ ပြောရမယ်။

All Skin Type သုံးလို့ ရတယ် သို့ပေမယ့်
Snail နဲ့ allergic ထတတ်ရင်မသုံးပါနဲ့။

COSRX Full Fit Propolis Light Ampule 🐝🍯

ဒီ ampoule ကတော့ simple & minimalistic ဖြစ်တဲ့ ampoule လေးပါ။ Ingredients ပိုင်းကလည်း မလိုတာ၊ မလိုအပ်တာတွေကို မသုံးထားတာမို့ personally အရ တော်တော် သဘောကျတယ်ရယ်။

သူကတော့ ရှင်းတယ် Black Bee Propolis Extract 83% ကို high concentration အနေနဲ့ formulated လုပ်ထားတယ်။ Hyaluronic Acid, Panthenol and Glycerin တွေလည်း ပါ၀င်တော့ အသားအရေကို fully moisturize လုပ်ပေးတဲ့အပြင် dehydrated ဖြစ်တာကိုပါ လျော့ချပေးတယ်။ Personally အရ COSRX က BOJ ထက် moisturizing ပိုဖြစ်တယ်လို့ ခံစားရတယ်။
သူ့ကို Adapalene သုံးတဲ့နေ့မှာ အမြဲလိုလို သုံးဖြစ်လေ့ ရှိတယ်။

ဒါအပြင် skin nourishing အတွက်လည်း ကောင်းမွန်စေသလို Propolis က
anti mircobial and anti inflammatory action ရှိတာကြောင့် calming effect ပါရစေပြီး skin ကို heal & recovery ပြန် လုပ်ပေးတယ်၊ skin redness ဖြစ်တာကိုပါ လျော့ချပေးတယ်။ အသားအရေကို soothes and plump ဖြစ်စေတယ်။ Healthy Glow Skin ရဖို့အတွက်လည်း boost လုပ်ပေးပြီး အသားအရေကို ကြည်ကြည်လင်လင်လေး ဖြစ်စေပါတယ်။

Serum 2ခုလုံးက All Skin Type သုံးလို့ အဆင်ပြေတယ် Acne Prone Skin တွေလည်း ဒီ serum တွေကို သဘောကျနိုင်တယ်။
Fragrance & Essential Oil Free.

Brightening Care အတွက်က Niacinamide & Vitamin C Serum ကို ရွေးထားတယ်။

COSRX The Niacinamide 15 Serum ✨

Niacinamide ကို high concentration အနေနဲ့ 15% ထည့်ထားတဲ့အပြင် Zinc နဲ့တွဲပြီး formulated လုပ်ထားတာမို့ အဆီပြန်တာကို လျော့ချပေးမယ်၊ သက်သာစေမယ်၊ အဆီထုတ်လုပ်မှုကို ထိန်းပေးမယ်ပေါ့။ သို့ပေမယ့်
စစချင်းသုံးတဲ့အခါ irritated ဖြစ်တယ်။၊

The Ordinary Niacinamide Serum နဲ့ ဆင်ပေမယ့် COSRX က အဆီကို အတိုင်းအတာတစ်ခုထိထိန်းပေးတယ် TO လောက် လိမ်းပြီး အရမ်းကြီးခြောက်ကပ်သွားစေဘူး၊ ဒီတော့ ဆောင်းတွင်းမှာ လိမ်းပြီး မခြောက်သွားသလို လိမ်းရတာလည်း ‌comfortable ဖြစ်တယ်လို့ ပြောရမယ်။ သူ့ texture က Light Weight Serum Texture ပါပဲ။

Brightening effect ကို ရတဲ့အပြင် PIE ရော၊ PIH ဖြစ်တာကိုပါ reduce လုပ်ပေးတယ်ကို တွေ့ရတယ်။ ၀က်ခြံတွေရှိတဲ့အခါလည်း brightening serum အနေနဲ့ သုံးလို့ ရတယ်၊ သူ့ကြောင့် ပိုဆွတာမျိုး မရှိသလို redness တွေကိုပါ reduce လုပ်ပေးနိုင်တယ်။ Oily & Acne Prone Skin ကို ပိုပြီး recommended လုပ်တယ်။ သုံးနေတာက သိပ်မကြာသေးလို့ နောက်မှ အသေးစိပ်ပြန်ပြောပြမယ်။

Goodal Vita Dark Spot Serum 🍊

Vitamin C ကိုသုံးလိုက်လို့ irritated ရမှာ ကြောက်တဲ့သူတွေအတွက် ဒါက အဆင်ပြေဆုံးပဲ။ ပွင့်လင်းဆုံးပြောရရင် သူက Vitamin C Serum ဟုတ်တယ် သို့ပေမယ့် မဟုတ်ဘူး။ Vitamin C derived ingredient ဖြစ်တဲ့ Tangerine Extract ( Botanical Extract ) ကိုသာ အသုံးပြုထားတယ်။ သူ့ရဲ့ molecules နဲ့ Vit C ရဲ့ molecules နဲ့က similar ဖြစ်လို့ပဲ။

Vitamin C ကို concentration အနေနဲ့ သုံးထားတဲ့ Serum နဲ့ ယှဉ်ရင်တော့ Brightening effect ဖြစ်တာက နှေးတယ်၊ အချိန်ယူရတယ်။
ဒါပေမယ့် ရလာတဲ့ result ကတော့ Vit C Serum လိုပါပဲ အဓိက အာနိသင်ပြတာ နှေးတာ၊ မြန်တာရယ်ပဲ ကွာတယ်။ အဲအပေါ်ကို မူတည်ပြီး ဒါကိုသုံးလိုက်လို့ irritated ဖြစ်တယ်၊ မဖြစ်ဘူး ကွဲသွားမယ်ပေါ့‌။

Hydration ကောင်းတဲ့အတွက် ဆောင်းတွင်းအတွက်လည်း အဆင်ပြေတယ်။ Brightening result ကလည်း မဆိုးဘူး overall bright ဖြစ်စေတယ်၊ ၀က်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွက်တွေ၊ dark spot တွေကို ဖြည်းဖြည်းချင်း လျော့ချပေးပြီး skin tone ကိုပါ improve ဖြစ်စေပါတယ်။
Texture က Gel Serum Texture လေးပါ၊ ကပ်စေးတာတို့တော့ မရှိဘူး။

ဒါပေမယ့် Vitamin C လို Active Ingredient ကို concentration အ‌ေနနဲ့ မသုံးထားတဲ့ကြောင့်
irritated မဖြစ်နိုင်ဘူးလို့ ဆိုပေမယ့် သူ့အထဲမှာ Essential Oil တစ်ချိူ့ ပါ၀င်လို့ Sensitive Skin တွေသုံးမယ်‌ဆို irritated ဖြစ်နိုင်ပါတယ်။

သူကိုတော့ အရမ်း Oily ဖြစ်တတ်သူတွေကလွဲရင်
ကျန်တဲ့ Skin Type တွေအတွက် friendly ဖြစ်ပါတယ်။

Leave a Reply