နွေရာသီနဲ့ အလိုက်ဖတ်ဆုံး shampoo Review 🧊🧊 🥶 Review by I AM ‘YU’

နွေရာသီနဲ့ အလိုက်ဖတ်ဆုံး shampoo Review 🧊🧊 🥶

ရေခဲ သေတ္တာ အပေါ်ထပ်ထဲ ခေါင်းထည့် ထားသလို အေးနေစေဖို့ KUNDAL COOL & Clear scalp Refreshing Shampoo အကြောင်းလေး Share ပေးချင်ပါတယ်။ 🧊🧊🥶

KUNDALက ကိုးရီးယားမှာ 3 seconds အတွင်း ၁ဗူး ရောင်းနေရတဲ့ Korea No 1 shampoo တွေပါ။ 🤩

မြန်မာပြည်မှာ official Distributer ရှိတာ အရမ်းကံကောင်းတယ်။ မဟုတ်ရင် online shop ကနေ Korea ကို preorder မှာ waiting time ၁လ ကျော်စောင့်ရင်း နွေရာသီ ကုန်လောက်တယ် 🥵😁

KUNDAL product တွေက
-Silicone free ✅
-Paraben free ✅
-Sulfate free ✅
-Phtalates free ✅ဖြစ်တယ်။

ယုအပါအဝင် တော်တော်များများက skincare ingredients ကို ပဲ ကြည့်ကြတာများတယ်။ shampoo ဆို ingredients သိပ် မကြည့်ဖြစ်ဘူး။

ဒီ shampoo တွေက skin friendly naturally- derived ingredients (97.4%) နဲ့ ထုတ်ထားမို့ ဦးရေပြား အားလုံးနဲ့ သင့်တော်တယ်။

သူ့ shampoo တွေ အကုန်လုံးက skin irritation test ပါ completed ဖြစ်ပြီးသားမို့ Korea No 1 personal Care brand ဖြစ်တာလဲ မဆန်းပါဘူး။ 🧊

shampoo တွေအကုန်လုံးကို EWG green Verified ဖြစ်တဲ့ ingredients တွေနဲ့ပဲ formulated ထားတာ။🤩

ယု shampoo ၂မျိုးနဲ့ Treatment ၁ မျိုး tryကြည့်ထားတယ်။

-Cool & Clear Scalp Refreshing shampoo ✅
-Honey & MACADAMIA Refreshing shampoo✅
Honey & MACADAMIA Hair Treatment ✅

ပုံလေးတွေ အောက်မှာ review လေးရေးထားပေးပါတယ်။

Boyရော girl ရော ok တယ် 🤩

စိတိဝင်စားလို့ ဝယ်ချင်ရင် Kundal Myanmar_Officialမှာ ရပါတယ်။

Sharing is caring 💌🚗

#IAMYU
#Kundal

Original Post Link – https://www.facebook.com/mynameisyuzana/posts/pfbid0g8YexFnPKkCnvMCJZUWJtqvLg3fymaBDtx2FifT4XaRpCBKgoxiCGKmsSG6dthJcl

KUNDAL COOL & CLEAR SCALP REFRESHING COOL SHAMPOO 🧊🧊🧊
လာပါပြီး ...✨✨နွေရာသီနဲ့ အလိုက်ဖတ်ဆုံး shampoo (ဆောင်းတွင်းသွားမလျှော်လိုက်နဲ့ အေးခဲ ပြီးတောင့်သွားမယ်🥶၊) သူ့ main Ingredients က
-tea tree leaf extract🍀
-eucalyptus leaf extract 🌱 (ယူကလစ်ပင်)
-Menthol , ပါ။
ဦးရေပြားကို ပျက်စီးစေမယ့် ဓာတုပစ္စည်း တွေ လုံးဝ မပါဘူး။
-Silicone free
-Paraben free
-Sulfate free
-Phtalates free ပါ။
Sensitive ဖြစ်လွန်းတဲ့ ဦးရေ အတွက် သီးသန့် ထုတ်ထားတာ တွေ့ရတယ်။
⭐️ဦးရေပြား ယားယံပြီး ဗောက်ထ တက်ရင် tryကြည့်ပါ။
Natural Shampoo မို့ silicone free ဖြစ်တယ်။ လျှော်ပြီးရင်လဲ ခြောက်သွား ကြမ်းသွားတာ မျိုးတွေ မတွေ့ရဘူး ။ Menthol ရဲ့ Cool & Refresh အစွမ်းကြောင့် ခေါင်းလျှော် နေတုန်းလဲ ဦးရေကအေးပီး လျှော်ပြီးသွားလဲ တနေကုန် အေးနေတာပါ။
ရနံ့အနေနဲ့ Aqua Mint မို့ ပူရှိန်း အနံ့လေး ပါ။ လူကြီး လူငယ် လူလတ် ၊ ယောင်္ကျား လေး ၊မိန်းကလေး အကုန်လုံး အဆင်ပြေတဲ့ အနံ့လေးပါ။
ပန်းနံ့ ၊အသီး နံ့တို့လို မဟုတ်ပဲ ကွဲထွက်နေတဲ့မျိုး မို့ refreshဖြစ် ပြီး စိတိကို အတော် လန်း ဆန်း စေပါတယ် 🧊✨ ဒီရာသီ မီးပျက်၊ရာသီက ပူနဲ့ ဒီ shampoo နဲ့သာ လျှော် ကြည့်။ ရေခဲ သေတ္တာ အပေါ်ထပ်ထဲ ခေါင်းထည့် ထားသလို အေး နေ စေရမယ်🥶😁 နွေရာသီ အတွက် highly recommended Shampoo ပါ🧊🧊🧊🥶
Honey & MACADAMIA NATURAL SHAMPOO
ဒါက Menthol ပါတာ မကြိုက်တဲ့သူတွေ အတွက် 🤎
ဒီ shampoo က Korea No 1 Natural shampoo လေးပါ။ 10000 PPM Honey နဲ့ Macadamia extract ပဲ အဓီ က ပါပါတယ်။
ဦးရေပြားကို ပျက်စီးစေမယ့် ဓာတုပစ္စည်း တွေ လုံးဝ မပါဘူး။
-Silicone free
-Paraben free
-Sulfate free
-Phtalates free ပါ။
Macadamia အစေ့က fatty acid ကြွယ်ဝတာမို့ ဆံပင်ကြမ်းတာ၊ ဆံပင်ရှုပ်တာ တွေသက်သာစေပြီး အစိုဓါတ်လေးနဲ့ဆံသားတွေကိုတောက်ပြောင်စေတယ်။ Honey 🍯 နဲ့ Macadamia အပြင်jojoba oil,Coconut oil,Camellia oil တွေပါ added ထားတယ်။ ဒီ shampoo က suitable for sensitive scalp ပါ။ ဘာသုံးသုံး မတည့်ဘူးဆို ဒီဟာနဲ့သာ လျှော်ကြည့်။
Honey & Macadamia မှာက
-White Musk
-Cherry blossom
-Ylang Ylang ဆိုပြီး ရှိသေးတယ်
ယု သုံးတာ Cherry Blossom လေး။ 🌸
သူအနံ့လေးက ပြောမပြတက်အောင် အေးအေးမွေးမွှေးလေး ။ 🌸
Aromatherapy လိုမျိုး လုပ်ဆောင်ပေးလို့ stress တွေ ရနေရင်၊ anxiety တွေ ရှိနေရင် သုံးကြည့်ပါ။
လျှော်ပြီးတာ နဲ့ စိတိရှုပ်တာ၊ စိတ်ပင်ပန်းတာတွေ ပြေပျောက်စေပြီး လူ ကို လုံးဝ လန်းဆန်းသွားစေ လို့ပါ 🌸💖
HONEY& Macadamia Hydro-Intensive protein Premium Hair Treatment
Shampoo တွေသာ ပြောင်း ရင်ပြောင်းမယ် ဒီtreatment တော့ မပြောင်းဘူး။ တော်တော်ကောင်းတယ်။
100% Sulfate-free ဖြစ်တဲ့အပြင် Paraben free,ပါ။
Sulfate free,Sulfate free ဆိုပြီး ဘာလို့ ခဏခဏ ပြောနေတာလဲ ဆိုတော့ ဒီSulfate ဆိုတဲ့ ဓါတုပစ္စည်းက အမြှပ်ထစေတဲ့အပြင် အဆီတွေကို သန့်စင်ပေးတာပါ။ (အမြှပ်ထွက်တိုင်းလဲ မကောင်း)
အခန့်မသင့်ရင် allergy ဖြစ်တက်တယ်။ အဲ့ထက်ဆိုးတာက အမျိုးသမီးတွေဆိုရင် ရင်သားကင်ဆာ ဖြစ်စေနိုင်ပြီး အမျိုးသားတွေဆိုရင် မျိုး မ,အောင်တာမျိုး ထိဖြစ်တက်တယ် လို့ ဖတ်ဖူးတယ်။😱
အဲ့တာကြောင့် 100% sulfate freeဆိုပြီး အာမခံထား တဲ့ product ဆို အန္တရာယ် ကင်းကင်း နဲ့ စိတ်ချ လက်ချ သုံးနိုင်ဖို့ ရေးထားပေးတာ။ အလကားမဟုတ်ဖူး။ ပြီးတော့ ဒီ treatment က ဆံပင်အတွက် လိုအပ်တဲ့ protein ကို Hydro-Intensive အထိ ပါတယ်။ Deep hydration ပေးတယ်။
ဆံပင်ကနေ ဆံပင် အရင်း၊ဆံပင်အရင်းကနေ ဆံပင်အမြစ်ထိ Damaged hair ကို repair ပြန်လုပ်ပေးတယ်။ သုံးပြီးသွားရင် ဆံပင်က ပျော့ ၊ရှင်းပြီး မငြိဘူး မကျွတ်တော့ဘူး။
White Muskအနံ့မို့ သင်းသင်းပြေပြေလေး🌸🌸
သူက 500ml တောင် ပါတော့ budget လဲ saved ဖြစ်ပြီး ဆံသားအတွက်လဲ safeဖြစ်လို့ strongly Recommended လုပ်လိုက်ပါတယ်။

Leave a Reply