ANUA Heartleaf 77% Clear Pad 160 ml(70pads), COSRX Full Fit Synergy Pad155 ml (70pads) Review by SkinCare by Aung

Toner Pad Collection ~~~

အဆီဖု၊ ဝက်ခြံအတွက်ပဲ မဟုတ်ဘဲ
အသားအရေကို moisturizing, brightening, soothing & calming ဖြစ်စေတဲ့ toner pad products 6 မျိုးကို ဒီ collection ထဲမှာ ထည့်ပေးထားတယ်🤗

Toner Pads 6 ခုကတော့ –
– COSRX Full Fit Propolis Suagry Toner Pad🍯
– Anua Heartleaf 77% Clear Pad🌿
– I’m from Pear Pad🍐
– Bring Green Artemisia Calming Pad🍃
– Bring Green Vita Moisturizing Pad🥕
– VT Cica Pad 🍀 စတာတွေပါ…

Toner pad တွေက ဒီမှာတော့ လူသုံးနည်းတယ်၊
budget save မဖြစ်ဘူးလို့ ခံစားရပေမယ့်လည်း
တကယ်တန်းသုံးကြည့်တဲ့အခါမှာ toner ထက် double effective ရစေတယ်လို့ personal အရ
မြင်မိပါတယ်

ဒီနေ့ကတော့ အထူးအဆန်းလေးပေါ့နော်
ကျွန်တော် blog မှာ တော်ရုံမရေးဖြစ်တဲ့ toner pad တွေကို collection အလိုက် review လေး လုပ်သွားမယ်

နွေရာသီနဲ့ လိုက်ဖက်မှုရှိလား ၊ ဘယ်လိုအသားအရေတွေနဲ့ သင့်တော်လဲ၊ skinပေါ် ဘယ်လို effective ဖြစ်လဲဆိုတာကို တစ်ပုံချင်းနှိပ်ပြီး ဖတ်ကြည့်ပေးပါနော်😘

တော်တော်များများကိုတော့ အချိန်ယူပြီးသေချာသုံးကြည့်ပြီးမှ review လေးလုပ်ဖြစ်ပေးတာပါ

Original Post Link – https://www.facebook.com/1027837057422369/posts/1751995098339891/

Anua Heartleaf 77% Clear Pad 🌿🍃
ဒီ Anua heartleaf pad မှာတော့ Antibacterial action ရှိပြီး inflammatory ဖြစ်တာကို လျော့ချပေးနိုင်ပြီး soothing & calming ဖြစ်စေတဲ့
Heartleaf extract 77% ကို concentration တစ်ခု
အနေနဲ့ သုံးထားတယ်။ Mild exfoliate လုပ်ပေးတဲ့ PHA ကို အသုံးပြုထားတယ်။
Centella ative compound တွေ Green tea leaf extract တွေ လည်း ပါဝင်ထားတာမို့ skin soothing & calming အတွက်လည်း ကောင်းစေပါတယ် နောက်ပြီး တခြား antioxidant ကြွယ်ဝတဲ့ botanical extract တစ်ချို့လည်း​ ပါဝင်တယ်။
သူက အဆီဖုအတွက် ကောင်းတယ်၊ အဆီဖုဖြစ်တာကို သက်သာစေတယ်၊ လျော့ချပေးတယ်ပေါ့
ဒါအပြင် acne ကြောင့် inflammation ဖြစ်တဲ့အခါလည်း ဒါကို ကပ်ပေးလိုက်ရင် calm down ဖြစ်အောင် လုပ်ပေးနိုင်တယ် skin က angry တွေဖြစ်နေတဲ့အခါ သုံးရင်လည်း တော်တော်ကို အဆင်ပြေတဲ့ toner pad တစ်ခုပါ။
Texture ကတော့ watery type ပါပဲ အရမ်း light ဖြစ်တယ် အသားအပေါ် စေးကပ်ကပ်ဖြစ်တာတို့မရှိဘူး။
side 2 မျိုးပါတယ် emboosed side ရယ် soft side ရယ်ပေါ့ သုံးတဲ့အခါ emboosed side
နဲ့အရင်သုံး ပြီးမှ soft side ကိုသုံးပေး သတိထားရမှာက မျက်နှာပေါ်ပွတ်တဲ့အခါ gentle အနေနဲ့ပဲ မျက်နှာပေါ်ပွတ်ပေး၊ pressure များရင်တော့ နည်းနည်းလောက် harsh ဖြစ်နိုင်တယ်။
Exfoliate effect လည်းရတာမို့ မျက်နှာပေါ်မှာရှိတဲ့
dead skin cells တွေကို ဖယ်ရှာပေးတယ် skin clarifying ဖြစ်စေတယ်။
Skin hydrating & soothing အတွက်လည်း ကောင်းတယ်လို့ ​ပြောလို့ရတယ်။
Redness ဖြစ်တာတွေကိုလည်း လျော့ချပေးတယ် ပြီးတော့ ဒါကိုသုံးပြီး မျက်နှာက အေးအေးလေးနဲ့ refreshing ဖြစ်စေတဲ့အပြင် ထပ်သုံးမယ့် skin care ကိုလည်း prepare လုပ်ပေးပါတယ်
ရှင်းရှင်းပြောရရင် ဒီ pad က Anua soothing toner ရဲ့ formulation ကိုပဲ သုံးထားတယ် အဲကြောင့်မို့ သူ့ toner solution ကိုပဲ စိမ့်ထားတာမို့ သူ့ toner နဲ့ အာနိသင်တူတယ်လို့ထင်ရပေမယ့်လည်း ဒီpad ​က exfoliate လုပ်ပေးတဲ့ effect ပါရစေတာမျိုးရှိတာမို့ သူ့ toner နဲ့နည်းနည်းကွာသွားမယ် အသားအရေပေါ်မှာ အလုပ်လုပ်ပုံတွေကတော့ တူတူပါပဲ။
Daily exfoliation လုပ်ပေးချင်တဲ့သူတွေအတွက် skin irritation လည်းမဖြစ်စေဘဲ အဆင်ပြေနိုင်တယ်။
Recommended Skin Types – Combination to Oily & Acne Prone Skin. Sensitive skin တွေလည်း အသုံးပြုလို့ ရနိုင်သလို သူ့မှာက
Alcohol, Essential Oil & Fragrance Free မို့ safe ဖြစ်တာက ရွေးချင်လည်း ဒါက အဆင်ပြေတယ်။
Fungal Safe.
70 ခု ဆိုတော့ ရက်ခြားပဲသုံး 2 months လောက်ကတော့ သုံးလို့ရတယ် စျေးတော့နည်းနည်းများတယ်
COSRX Full Fit Propolis Synergy Pad 🍯🍯
အခုမှ local မှာ launched လုပ်ထားတာ မကြာသေးဘူး။ သူ့မှာက Triple Propolis Extract (Black Bee, Green & Red Propolis Extract) ကို 84 % သုံးထားတယ်။
Propolis က Humectant ၊ Moisturizing properties ရှိတဲ့အပြင် Anti-Oxidant, Anti-Mircobial, Anti – Viral, Anti-Inflammatory, Anti-fungal စတဲ့ properties တွေလည်း ရှိတယ်။
Betaine, Panthenol, Allantion, Honey extract & Royal Jelly တွေပါဝင်တာမို့ အစိုဓာတ်ကိုဖြည့်ပေးတဲ့အပြင် skin soothing & barrier ကိုပါ improve ဖြစ်စေတယ်။
PHA & Betaine Salicylate(BHA)လည်း ပါဝင်တာမို့ အသားအရေပေါ် mild exfoliate လုပ်တယ်။
သဘောကျတာကတော့ သူ့ texture ပါပဲ။
သူ့ texture & consistency က နည်းနည်းလောက် rich ဖြစ်ပြီး ပျစ်ပျစ်လေး ပုံစံလေးပဲ။
သူ့ propolis toner texture လိုပဲပေါ့ ပြီးတော့
ဒါက အသားပေါ်စိမ့်ဝင်ဖို့ကတော့ အချိန်နည်းနည်းလောက်ယူရတယ်။
ဆိုတော့ကာ ဒီ toner pad မှာလည်းပဲ side 2 ဖက်ပါတယ်။ side 2 မျိုးပါတယ် emboosed side ရယ် soft side ရယ်ပေါ့ သုံးတဲ့အခါ emboosed side
နဲ့ အသားအပေါ် mild exfoliate လုပ်ပေးပြီးမှသာ
soft side နဲ့ပြန်သုံးပေးပေါ့
သူ့ toner pad texture ကြောင့် skin ပေါ် irritation ဖြစ်နိုင်ခြေ risk အရမ်းနည်းတယ်။
Personally အရတော့ သူ့ကို toner mask အနေနဲ့ကပ်တာမို့ emboosed side ကို မသုံးဘူး။
အခုက ရာသီဥတုကြောင့် condition changes တွေရှိတာမို့ skin က dehydrated ဖြစ်တယ် ညကျရင်
double cleansing လည်းလုပ်ရတာဆိုတော့ dehydrated ဖြစ်တာက ပိုဆိုးတယ်ပေါ့နော်
အဲလို dehydeated ဖြစ်နေတဲ့အခါ ဒါကို
မျက်နှာပေါ် sheet mask ကပ်သလို ကပ်လိုက်တယ်
သိသာတာက ခဏလေးအတွင်း skin က moisturize ဖြစ်လာတာပဲ။
သူက အသားအရေကို fully moisturizing ပေးတဲ့အပြင် အသားညစ်နေတာ၊ skin tired ဖြစ်တာကိုလျော့ချပေးပြီး အသားကြည်​ကြည်လေး နဲ့ smooth ဖြစ်စေတယ်ပါတယ်
ဝက်ခြံတွေရှိတဲ့အခါလည်း အသုံးပြုလို့လည်းရတယ် သူက anti mircobial action ရှိတာမို​့ ဝက်ခြံဖြစ်တာကို လျော့ချပေးသလို healing ဖြစ်တာမြန်စေဖို့လည်း promote လုပ်ပေးနိုင်တဲ့ အာနိသင်ရှိတယ် ပြီးတော့ skin ကိုလည်း nourishing & healthy glow skin ဖြစ်စေပါတယ်။
အဓိကတော့ Dry to Combination Skin, Dehydrated & Acne Prone Skin အတွက်ပါ ဒါကအဆင်ပြေတယ်။ Oily skin ဆိုနည်းနည်းလောက် heavy ဖြစ်နိုင်မယ်ထင်တယ်။ Propolis နဲ့မတည့်ရင်တော့ ရှောင်​ပေးပါ။ Fungal not safe.
ဒါကိုသုံးမိလို့ skin irritation ​ရသွားစေတာမျိုး မရှိတဲ့အပြင် Alcohol, Essential Oil & Fragrance free လည်းဖြစ်ပါတယ်။

Leave a Reply