Anua Heartleaf 80% Soothing Ampoule Review by The Shine Society

ဝက်ခြံနဲ့ SENSITIVE SKIN တွေ အတွက် SERUM ကောင်းတစ်ခု

Serum တွေနဲ့ ပတ်သတ်ရင် တော်တော်ရွေးတဲ့ထဲမှာ ကျွန်တော်ပါတယ်

Serum တော်တော်များများသုံးပေမယ့် review ပေးတာရှားတယ်

Soothing serum ကိုတော့ (အမှန်အတိုင်းဝန်ခံရရင်) ANUA တိုနာ သုံးပြီးမှ စသုံးဖြစ်တာ
ဆိုတော့ ၂ လ ကျော် ၃ လ လောက်ရှိလာပြီ
ကျွန်တော် ပုံမှန် skincare တခုစီရဲ့ ကောင်းတဲ့ product တွေကို ရွေးထုတ်ပြီးမှ ရေးလေ့ရှိတယ်
Origins, VT CICA တို့ကိုရေးဖူးတယ်

ခု Anua soothing serum ကိုလည်း အဲ့လိုရေးမှ ထည့်ရေးမယ်ဆိုပြီး စဉ်းစားထာတာ
ဒါပေမယ့် ဝက်ခြံသမား sensitive acne skin သမားတွေအတွက် ဆိုပြီး သပ်သပ်ခွဲရေးလိုက်တာပါ

👍🏻 Soothing serum စသုံးချင်းမှာ မသိသာဘူး
တဖြေးဖြေး စွဲသုံးရင်းနဲ့မှ သူ့ရဲ့ အာနိသင်က သိသာတာ
၃ ပတ်ကျော်လောက်မှ skin condition ပိုကောင်းလာတယ်ဆိုတာ သတိထားမိတယ်

Lirikos Collagen serum, Estée Lauder ANR, Klairs anti-aging serum တွေ ရေးခဲ့ဖူးပေမယ့် ဝက်ခြံသမားတွေအတွက်သီးသန့် ရေးတာမျိုးဆိုရင် ANUA soothing serum က ပထမဆုံးပါ
စိတ်ကြိုက်မတွေ့မချင်း review ထုတ်မရေးဖြစ်တာကြောင့်ရော ကွာလတီထိန်းချင်လို့ရောကြောင့် ကြာသွားပါတယ်

👍🏻 ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ ရောင်ရမ်းတဲ့ နေရာလေးတွေကို သူ့မှာ ပါဝင်တဲ့ heart leaf ကြောင့် သက်သာစေတယ်
👍🏻 HEARTLEAF extract ကို 80% ထည့်ထားတယ် toner မှာတောင် 77% ပါတာ
👍🏻 watery texture မဟုတ်ဘူး
ဒါပေမယ့် စေးကပ်ကပ်မဖြစ်ပဲ စိမ့်ဝင်လွယ်တာ မျက်နှာပေါ် stress လည်းမရှိဘူး
👍🏻 ဝက်ခြံသက်သာတယ်
ပုံမှန် ၅/၆ရက်လောက် ဖြစ်နေတတ်တဲ့ ဝက်ခြံမျိုးဆိုရင် ကိုယ့်မျက်နှာမှာ ၂/၃ရက်လောက်ပဲ
(ဆိုလိုချင်တာ ဆိုးရွားမလာဘူးပေါ့နော်)
👍🏻 Irritation မဖြစ်ဘူး
(အားရတဲ့အချက်တွေထဲကတခု)

လိမ်းထားရင် အဆီပြန်သလိုမျိုး မရှိဘူး
Glow and plump skin ဖြစ်တယ်
ဝက်ခြံသမားအတွက် glowing effect ရဲ့ serum ဆိုတာရှားတယ်
များသောအားဖြင့်က matte finish တွေများတယ်
👍🏻Anua soothing ampoule က အဲ့လိုမဟုတ်ဘူး
ရေဓာတ်ပြည့်ဝပြီး ကြည်ကြည်လင်လင်ဖြစ်တဲ့ fresh type မျိုး

အရမ်းကြိုက်တဲ့အချက်က
Calming ဖြစ်တာပဲ
အဲ့တချက်ကတော့ sensitive skin, acne skin တွေ ကြိုက်မှာ (ကျွန်တော့်လို)

Calming effect နဲ့ glowing effect တပြိုင်တည်းရတဲ့ serum မျိုးက မားကတ်မှာ “ရှိတော့ရှိတယ်
ကောင်းတာ ရှားတယ်”

ဝက်ခြံနဲ့ sensitive skin သမားတွေ အတွက် ထိရောက်တဲ့ serum ထဲမှာ ANUA soothing ampoule ပါတယ်

Original Post Link– https://m.facebook.com/kyawshinemyintofficial/photos/a.111109396212340/654903491832925/?type=3

Leave a Reply