ဝက်ခြံဖြစ်ပြီးအမာရွတ်ကျန်ခဲ့တဲ့သူတွေ မရှိမဖြစ်သုံးသင့်တဲ့ CORSX snail 96 mucin essence 🐌 Review by ‘Treasure by KhinLay’
ခင်လေးက အမာရွတ်ထင်လွယ်တဲ့ pigmentation skinဆိုတော့ ဒီessence က ဘာနဲ့မှ မလဲနိုင်တဲ့ တကယ့်အဖိုးတန်လေး~~💎🐌
Ingredientsတွေဆိုလဲ minimalistဖြစ်တယ် active ingredientsတွေလုံးဝမပါဘူး
snail mucin 96% ကပဲ main အနေနဲ့ပါတယ် snailက moisturizing,hydration,promotes collagen production(anti-aging),Barrie repairing & healing,…စတဲ့ benefitsတွေအများကြီးရှိတာမို့ K-beauty မှာ တော်တော်လေးလွှမ်းမိုးထားနိုင်တယ်ထင်တယ်
ဒါပေမဲ့ oily skinတွေက snailကို ကြောက်ကြတယ် ချွေးပေါက်ပိတ်တယ် oil producing များတယ်ပေါ့
ဒီCorsx ရဲ့ snail essence ကကျ oilလုံးဝမပါပဲ water-based မို့ ချွေးပေါက်လုံးဝပိတ်မှာမဟုတ်ဘူး
ဝက်ခြံအမာရွတ်တွေအတွက် အနာကျက်နှုန်း healing ကောင်းကောင်းရမဲ့ Panthenolရယ်/soothing & calming အတွက် Allantoin ရယ်ကောပါတာမို့ Oily skin,acne-prone skinအပြင် sensitive skin အထိပြေနိုင်တယ်~~🐌
နောက်အရမ်းကြိုက်တဲ့အချက်က AHA,BHA,Retinol,Vit C,Niacinamide လိုမျိုး ကြိုက်တဲ့ active ingredients အစုံနဲ့ routine တူတူတွဲလိမ်းလို့ရတယ်
How to use ကိုပြောရရင် ဝက်ခြံသွေးစို့နေတဲ့အချိန်တော့မလိမ်းရဘူးနော် infection ဝင်သွားမှာစိုးလို့
နောက်တရက်လောက်စောင့်ပြီး အနာဖေးလို့ခေါ်မလား အချပ်မာမာလေးအသားတတ်လာပြီဆိုမှ လိမ်းရင် အနာကျက်တော်တော်မြန်တယ်
အနာကျက်မြန်လေလေ အညိုအမဲရောင်းရမ်းတာ သက်သာလေလေဆိုတော့ အမဲစက်ထင်းထင်းကြီးကျန်ခဲ့မှာမဟုတ်ဘူးရယ်
ရှိရင်းစွဲအမာရွတ်တွေအတွက်တော့ သိသိသာသာပျောက်ဖို့ အမာရွတ်ပေါ်မူတည်ပြီး အချိန်ယူရတယ် တခုရှိတာ essence ကလိမ်းစချက်ချင်း plumpဖြစ်သွားတာမို့ scarတွေက မှိန်ကျလာတယ် ထင်းထင်းကြီးမဟုတ်တော့ပဲ သက်သာသွားတယ်ပေါ့
AHAနဲ့ တွဲသုံးပေးရင် ပိုသိသာတယ်
*ချိုင့်ခွက်တွေတော့ မသက်သာဘူးရယ်
Day ကော night ကော လိမ်းလို့ရတယ် အခုလို ပူအိုက်မီးပျက်တဲ့ညတွေကျ ဘာမှလိမ်းချင်စိတ်မရှိရင် ဒါတခုနဲ့ပဲ အိုကေတယ်👻
ခင်လေးက dry skin မို့ gel cream ပြန်လိမ်းသေးတယ် oily,combination,normal ဆို moisturizer မလိုပဲ ဒါတခုထဲနဲ့တင်လုံလောက်တယ်
ခင်လေးက brightening လိုချင်တာမို့ TOရဲ့ Niacinamide နဲ့day routine /
Glycolic acid toner နဲ့night routine တွဲလိမ်းဖြစ်နေတယ်
မနက်အိပ်ရာထပြီဆို mochi skin လို ကြည်ကြည်အိအိတုံတုံလေးဖြစ်နေတာ အရမ်းကြိုက်🍡😛
Moisturizing ပြည့်နေတဲ့ healthy lookလေးရတယ်
💕
ပြီးတော့ ခင်လေးကdry skinဖြစ်တာရယ်/ပါးဖောင်းတာရယ်ကြောင့် smile line နည်းနည်းထင်းနေတာ အခုနှစ်လလောက်သုံးပြီးတော့ တကယ်တင်းတင်းရင်းရင်းဖြစ်လာတာ snail 96%ရဲ့ skin elasticity အစွမ်းက ပေါ့သေးသေးမဟုတ်ဘူးနော်🌚
Weakness အနေနဲ့ texture က တော်တော်ပျစ်တယ် oily skin အတွက် 2plumpလောက်ပဲဆို လုံလောက်ပြီ နောက်လိုမှ ထပ်လိမ်းပေးပေါ့ dry skin က 3plumpလောက်ရတယ် စိမ့်ဝင်ဖို့အတွက် ကြာပေမဲ့ အဆီတလွှာကြီးဖြစ်နေတာမျိုးမဟုတ်ဘူးရယ် lightweight ဖြစ်တာမို့ All skin type ရတယ် snail allergic ရှိရင်တော့ မရဘူးနော်🥶🐌
Cruelty free ✔️
Fragrance free ✔️
Fungal acne safe✔️
Silicone free✔️
Alcohol free ✔️
Myanmar official distributor ဖြစ်တဲ့ LIBRA နဲ့ Beauty & Meမှာ ဝယ်လို့ရပါတယ်ရှင်💕
ကဲ…ဒါပါပဲနော်..တာ့တာ😽💕
Best wishes to be prettier…….💌🌸
#treasure_by_Khinlay
#Corsx_snail_96%_essence
Original Post Link – https://m.facebook.com/story.php?story_fbid=pfbid02iRwvkmVS6FqULYoduQFMv5ovoV5K3i4467Zzksg1yuNEGnhqwD1AfZZQQwcSr5x2l&id=104865601981715