Kundal Honey & Macadamia Pure Body Wash Reviewed by “Review by Nyi”

Nyi အရင်တခါက body acne အတွက် body wash တခု review ပေးခဲ့ဖူး‌တယ်။ ဒီတခေါက်ကတော့ အသားစိုပြီး ဝင်းချင်တဲ့သူတွေအတွက်ပေါ့, body wash ကောင်းကောင်းလေး လက်တို့ပေးချင်ပါတယ်။

ft. Kundal Honey & Macadamia Pure Body Wash🫧

Body care, hair care တွေနဲ့နာမည်ကြီးတဲ့ Korea brand ‘Kundal’ကပါ။ ဒီနေ့ review မှာတော့ Nyi သုံးပြီးမြင်တဲ့အမြင်ကို ပြောမယ်နော်။ သူ့မှာ gentle surfactants တွေ အဓိကသုံးထားတယ်။ Korea body care, haircare ပစ္စည်းတွေရဲ့ထုံးစံအတိုင်း hydrating ingredients တွေတပုံကြီး, beneficial plant extracts🌱တွေတပုံကြီးပါတယ်။ ပျင်းမှာစိုးလို့ မရွတ်ပြတော့ဘူး။

Mainly highlight လုပ်ချင်တာက သူ့ရဲ့အနံ့, အနံ့ဘယ်နှမျိုးလာတယ်မသိဘူး, Nyi လက်ထဲမှာ ရောက်နေတာကတော့ ‘White Musk’ဆိုတဲ့အနံ့လေး။ အနံ့လေးအရမ်းကောင်းတယ်, သူမွှေးတာကလေ ရိုးရိုး body wash တွေကနေ ရနေကျအနံ့မျိုးမဟုတ်ဘူး, perfume အနံ့လိုပဲ။ အနံ့နဲ့တင် စမ်းသုံးကြည့်သင့်တယ်👍 နောက်ပြီး viscous gel texture ဆိုပေမဲ့ အမြုပ်ထွက်အားကောင်းတာကိုလဲ သဘောကျတယ်, အများကြီးသုံးဖို့မလိုဘူး။ သူကထွက်တဲ့ အမြုပ်ပုံစံကလဲ loose foam လိုမျိုး။

အကြိုက်ဆုံးအပိုင်းကတော့ အစိုဓာတ်ကောင်းကောင်းချန်ပေးနိုင်တာနဲ့ သူ့သုံးနေတဲ့တလျှောက် အသားအရေက သိသိသာသာကို စိုဝင်းလာတယ်လို့ ခံစားရတာပဲ။ Nyi ရေးတဲ့ review တွေဖတ်နေကျသူဆို သိလိမ့်မယ်, Nyi က cleansing products တွေကနေ effect ရေရေရာရာ မျှော်လင့်တတ်တဲ့သူမျိုးမဟုတ်တာကို။ ဒါနဲ့တော့ တကယ်အံ့ဩနေတာ, လက်ထဲရောက်ထဲက တရက်မပြတ် သုံးလာတာဆိုတော့လေ။ Skin က moisture level တက်ပြီး💦 အသားဝင်းလာတာ မြင်ရတယ်။

သူ့ရဲ့အနံ့လေးကလဲ ရေချိုးပြီးတဲ့ထိ ကိုယ်ပေါ်စွဲကျန်ရစ်တယ်။ ခြုံငုံ‌ပြောရရင် ဒီဟာက အနံ့မွှေးရုံ cleansing တာဝန်ကြေရုံ fancy body wash တခုမဟုတ်ဘူး, သုံးနေရင်းကို skin ပါ ကောင်းလာစေတဲ့ body wash ကောင်းတခုလို့ Nyi တော့ ရဲရဲကြီးပြောရဲတယ်💯 Nyi ဒါကို လက်ဆောင်ရထားတာပါ, ဒါပေမဲ့ ကိုယ်တိုင်အရမ်းသဘောကျလို့ နောက်မှသူ့ရဲ့ တခြား body wash တွေ ဝယ်စမ်းကြည့်ဦးမယ်။ Scalp cooling shampoo ရောပဲ, နွေပေါက်မှစမ်းရမယ်, ခုကနဲနဲအေးတော့လေ။

🛒အသုံးလိုလို့ ဝယ်ချင်ရင်တော့ Kundal Myanmar_Official နဲ့ Beauty & Me မှာ သွားမေးကြည့်နော်။ ငွေဈေးအပြောင်းအလဲနဲ့ဆိုတော့ ဈေးဘယ်လောက်ဖြစ်နေလဲ မသိလို့ပါ။

Hope you enjoy reading this review!
I got this product as a PR gift, not paid review.

#kundal #kundalbodywash
#reviewbynyi #nyipick #nyipickbodycare

Original Post Link>> https://m.facebook.com/story.php?story_fbid=pfbid02wC63XGjHC6H28FPv6XxFPXbTdMNXeSGeGf9h51rLp7Hndm1k6CPo9KbAr9qAiwDrl&id=100069907274838

Leave a Reply