Honest Review Anua Airy Sun Cream Reviewed By “Steph’s Beautopia”

Honest Review
🌿Anua Airy Sun Cream🌿
SPF 50+ PA++++
Products reviewတွေမရေးပေးရတာလည်းကြာနေပြီဖြစ်တော့ ဒီနေ့Stephရေးပေးမယ့် review ကတော့ Steph လို Acne prone skinအတွက် ရွေးချယ်စရာ နောက်ထပ် Suncream အကြောင်းလေးကို shareပေးပါမယ်
ဘာလို့ဒါလေးကိုရွေးဖြစ်လည်းဆိုတော့ Stephရဲ့ daily routine မှာ makeup လိမ်းရတာကိုမကြိုက်ပါဘူး
ဒီ Suncream က toneupဖြစ်တဲ့အပြင် matte finishedကို 100% ပေးနိုင်လို့
Steph အတွက်က တစ်နေကုန်အပြင်သွားလို့ ဒါလေးလိမ်းပြီး powder touch upလုပ်ထားရင် oxide /မဲသွားတာမျိုးကို စိတ်မပူရသလို အဆီလည်း မပြန်လို့ပေါ့ပေါ့ပါးပါးလေးဖြစ်လို့ Steph လို makeup နေ့တိုင်းမလိမ်းချင်သူအတွက်
ဒါလေးကတော်တော်အဆင်ပြေလို့ ရွေးပြီး reviewပေးဖြစ်တာပါ သုံးနေတာကကုန်တော့မယ် ခုမှ reviewပေးဖြစ်တယ် 😁😁
🌿Main Ingredient 🌿
Zinc Oxide
Centella
Heartleaf
Artemisia
Tea Tree
Sodium Hyaluronate
🌿Skin type🌿
Acne prone ,Sensitive,Combination and oily skin တွေကို recommend ပေးပါတယ် Acne prone skin အတွက်ကတော့ highly recommend လုပ်ပါတယ်
🌿Scent🌿
Alcohol,essential,fragrance freeဖြစ်လို့ လိမ်းနေရင်တောင် ဘာနံ့မှကို မရလို့ 100% fragrance freeဖြစ်တယ်ပြောရမယ်😌😌
🌿Price 🌿
တစ်ဘူးကို 50mlလောက်ပါတာမို့ တော်တော်လည်းအသုံးခံပါတယ် စျေးကတော့ ၃သောင်းပတ်ချာလည်မှာရှိပါတယ် စျေးများပေမယ့် quality and experiencesကိုကြည့်ရမယ်ဆိုရင် ပေးရတဲ့စျေးနဲ့တော့ တန်တယ်လို့တော့ခံစားရတယ်
🌿Personal Experience 🌿
Steph skin type က သိတဲ့အတိုင်း Acne and oily skin ဖြစ်တာမို့ Suncreamဆို နဲနဲတော့ဂျီးများရတယ် 😮‍💨😮‍💨
Suncream တိုင်းကလည်းအဆင်မပြေတာကြုံဖူးသလို အဆင်ပြေတဲ့ Suncream တွေဆို နောက်ထပ်ဝယ်သုံးရတဲ့ထိသဘောကျတယ်🥰🥰
Anua က Korea skincareတွေရဲ့ အဓိက Acne အတွက် calming နဲ့ soothingဖြစ်စေတဲ့ Nature ingredients တွေ ဖြစ်တဲ့ Centella,heartlieaf,Artemisia,Tea Tree တွေပါဝင်မှုကြောင့် Acne skinမှာ လိမ်းရတာ feeling ကထူးခြားတယ်ပြောရမယ်
လိမ်းလိုက်လို့ ချွေးပေါက်ပိတ်ပြီး breakout လည်းမဖြစ်သလို irritation and redness တွေကို calming ဖြစ်စေလို့ သဘောကျတယ်
Skin soothingအတွက်လည်း ကောင်းကောင်းတွေ့ရတယ်အပြင် sodium hyaluronate လည်းပါဝင်လို့ matte finish ဖြစ်ပေမယ့် hydrationကို သိသိသာသာခံစားရတယ် ခြောက်နေမျိုးမခံစားရဘူး ကြည့်လိုက်စိုစိုလေးနဲ့ soothingဖြစ်နေတာမျိုး 🥰
Zinc oxide onlyကို သုံးထားတာဖြစ်လို့ 100% physical sunscreen ကိုရှာနေသူဖို့တော့ tryကြည့်လို့ရတယ် Acne and Sensitive safeအဖြစ်ဆုံး ပြောလို့ရတယ်
But White Castကတော့လိမ်းလိမ်းချင်းမှာသိသိသာသာကျန်ပါတယ် ပြီးရင်တော့ အနဲငယ် လောက် white castကျန်တာသက်သာလာမယ် skin tone-up အနေအထားမျိုးလောက်ရောက်သွားမယ်
အရမ်းဖြူပြီးပြာနေတာမျိုးတော့ မဟုတ်ဘူး အသားဖြူ၊အသားလတ်သူဆို အဆင်ပြေပါတယ် အသားညိုတဲ့သူတွေသုံးလို့ အဆင်မပြေနိုင်ဘူးတော့ Steph ထင်တယ်
တစ်ချို့ဆို Suncreamလိမ်းလိုက်ရင် မဲသွားတာတို့ပြာသွားတာတို့ အဲ့အတွက် လုံးဝ မဖြစ်ဘူး တစ်နေကုန် tone up အနေအထားနဲ့ပဲ Matte finished ဖြစ်လို့ အဆီတပြောင်ပြောင်နဲ့လည်းမဖြစ်ဘူး တစ်နေကုန် ဘာ powder touchမှာမလုပ်လည်းအေးဆေးပဲနော်😌😌
Experience အရဆို oxide and Oil control ကို သေချာကောင်းကောင်းလုပ်နိုင်တာ တွေ့ရတယ်
Texture အပိုင်းမှာဆို thick ဖြစ်တယ် creamyဖြစ်တယ် but Airy ဆိုတဲ့နာမည်အတိုင်း Lightweight ဖြစ်တယ် non greasy လည်းဖြစ်လို့ အဆင်ပြေတယ်
လိမ်းရတဲ့ textureကရော cream typeဆိုပေမယ့် စေးကပ်မှုမရှိတဲ့ အပြင် လိမ်းရတာလည်း ဖြန့်ရတဲ့အချိန်မှာ soft ဖြစ်လို့ လွယ်လယ်ကူကူလိမ်းလို့အဆင်ပြေတယ်
Steph သုံးနေတာကကုန်တော့မယ် ဖင်ကပ်ပဲရှိတော့တယ် 😅😁 ဒါမယ့်ဒါလေးကမရေးပေးပဲနဲ့ကိုမနေနိုင်လောက်အောင် သဘောကျမိလို့ ရေးပေးလိုက်ပါတယ်
ဒါလေးကို ဝယ်ယူချင်ရင်ANUA Skincare Myanmar Official and Beauty & Me မှာဝယ်ယူလို့ရပါတယ် Stephကအလွယ်တကူဝယ်လို့ရအောင်လင့်ချပေးထားတာပါ
Original Post Link >> https://facebook.com/Stephanie987/posts/pfbid0mwti6Gcxs5LEaEnBSzbXsArrFT6QhMhRo3P5euqzcN35xLzCEFbLQMjDiS2u76kAl

Leave a Reply