“”Oxidize မဖြစ်တဲ့ Sun cream ရှာနေကြတဲ့သူများအတွက် အကောင်းဆုံး ANUA Airy Sun Cream “” Reviewed by “Care By Yourself”

“”Oxidize မဖြစ်တဲ့ Sun cream ရှာနေကြတဲ့သူများအတွက်
အကောင်းဆုံး ANUA Airy Sun Cream “”
[**Anua Airy Sun Crean Review**]
— Not PR Gift —
ကျွန်တော့်ကို page မှာ အမေးအများဆုံးကတော့ Oxidize မဖြစ်တဲ့ suncream ဆိုရင် ဘာသုံးရမလဲ? ဆိုတာရယ် အမြဲတမ်း sun cream ကြောင့် မျက်နှာမဲပြီး oxidize ဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲ? ဆိုတာတွေကို မေးနေသူများအတွက် အဆင်ပြေမယ့် Sun cream ကို sharing လုပ်ပေးပါမယ်
ကျွန်တော် Hybrid suncream တွေကို အရမ်းသဘောကျနေပြီးတဲ့နောက်မှာ physical sun cream တွေကိုလည်း အရမ်းသုံးချင်စိတ်ဖြစ်လာတာနဲ့ ပထမဆုံး ဝယ်သုံးဖြစ်တဲ့ physical sun cream ကတော့ Anua ရဲ့
Airy Sun cream ဖြစ်ပါတယ်
ပထမဆုံးဝယ်သုံးဖြစ်တဲ့ physical sun cream ဖြစ်သလို အရမ်းသဘောကျနေမိတာ ကြာပြီမို့ ဒီ Review ရေးဖြစ်တာပါ
Anua ရဲ့ Airy sun cream က သူ့ရဲ့ နာမည်နဲ့လိုက်အောင် အရမ်းကိုပေါ့ပါးပြီး လိမ်းလို့ အရမ်းကောင်းတဲ့ texture မျိုးပါ
မျက်နှာပေါ်မှာ သိပ်သိပ်လေးနဲ့ လိမ်းပြီးရင် Oil control ဖြစ်တဲ့အချက်က သူ့ရဲ့အသက်ပါပဲ အဆီပြန်တဲ့သူတွေဆိုရင် အရမ်းကြိုက်ကြလိမ့်မယ်
ပြီးတော့ တစ်နေကုန် Oxidize မဖြစ်သလို မျက်နှာကြီးမဲသွားတာမျိုးလည်း လုံးဝကို မဖြစ်တာ
Physical Sun cream မို့ White cast ကျန်လားလို့မေးရင် လုံးဝ မကျန်လောက်တဲ့အထိကို တကယ်ကောင်းတာပါ အရမ်းလိမ်းတာများရင်တော့ ကျန်နိုင်ပေမယ့်
လိမ်းပြီး အချိန်ကြာလာရင် မျက်နှာနဲ့တစ်သားတည်း ကျန်ခဲ့ပြီး
မျက်နှာက ညက်ညက်လေးနဲ့ ကြည့်လို့အရမ်းကောင်းပါတယ်
ကျွန်တော်အရင်ကသုံးခဲ့ဖူးတဲ့ Hybrid Sun cream တွေထပ်တောင် White cast ကျန်တာအရမ်းနည်းပါတယ်
ပြီးတော့ SPF 50+ PA++++ အထိပါတာမို့ နေရောင်ခြည်ဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့အပြင် Sensitive Skin တွေအထိ သုံးလို့ရသလို ကိုယ်ဝန်ဆောင်မိခင်တွေလည်း သုံးလို့ရပါသေးတယ်နော်
Centella, Artemisia, Houttuynia နဲ့ Tea tree extracts တွေပါ ထည့်ပြီးထုတ်ထားတာမို့ ဝက်ခြံထွက်တဲ့သူတွေအတွက် အရမ်းကိုမှ Ok စိုပြေပဲ
ပြီးတော့ Keep Simple things ဆိုတဲ့အတိုင်း Safe ingredients တွေနဲ့ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်ထုတ်ထားတဲ့ Sun cream ဖြစ်တာမို့ စိတ်ချလက်ချသုံးလို့ အဆင်ပြေတယ်
Alcohol free ဖြစ်သလို Skin irritation ဖြစ်တာမျိုးလည်း မရှိပါဘူးနော်
အဆီပြန်ပြီး ဝက်ခြံထွက်တဲ့သူတွေအတွက် အရွေးချယ်သင့်ဆုံး Physical suncream ဖြစ်သလို Oily Skin နဲ့ Oxidize ဖြစ်လို့ တိုင်ပတ်နေတဲ့သူတွေအတွက်ဆိုရင် Anua Airy Sun Cream က Must Buy ပါ
ဝယ်ပြီးရင် မကြိုက်မှာ မတည့်မှာမျိုး မဖြစ်တဲ့အထိကို အရွေးမှန်စေမယ့် sun cream ပါ
အာ့လောက်ညွှန်းနေရင် တကယ်ကောင်းတယ်ဆိုတာ ယုံလိုက်တော့
Physical Sun Cream မို့ Double cleansing လုပ်ပေးဖို့လိုပါမယ်နော်
ကျွန်တော်ဝယ်တုန်းကတော့ 27500ks ပဲ ပေးရပေမဲ့ အခုကတော့ စျေးအရမ်းတက်နေလောက်ပြီထင်ပါတယ်
But Sun cream က မနက်ပိုင်းပဲ လိမ်းရတာမို့ တခြား
Skin care တွေထပ်စာရင်တော့ ကုန်တာနှေးပါတယ်
ပြီးတော့ Anua Airy Sun Cream က 50ml ပါတာမို့ တကယ်ကိုအသုံးခံပါတယ်
တကယ်ကို Sun cream ကောင်းတာမျိုးကိုရှာနေတဲ့သူဆိုရင် အကြိုက်တွေ့စေမှာ အမှန်ပါ
ကျွန်တော်က ANUA Skincare Myanmar Official ကနေ ဝယ်ပါတယ်
Beauty & Me မှာလည်း ဝယ်လို့ရပါတယ်နော်
Original Post Link >> https://facebook.com/carebyyourself/posts/pfbid02AzQUrX4rFWhebrDhr4ggJHRVyCyBkdBWgK9LvmrDFisx88C44aTpXruJSoAit1Eel
May be an image of cosmetics and text that says "Care B-1 By- Yourself Anua AIRY SUN CREAM 아누아 에어리 무기자차 선크림 SPF 50+ A++++ simple Keepthingsimple sim things Keep"

Leave a Reply