[Honest Review] COSRX Advance Snail 92 (All in one Cream) 🐌🐌🐌 Reviewed by “Treasure By Thar Phyoe”
[Honest Review] COSRX Advance Snail 92 (All in one Cream) 🐌🐌🐌
ကုန်သွားပြန်ပြီ…။ ဘယ်နဗူးမြောက်ကုန်သွားတာလဲတောင် မသိတော့ပါဘူး။
Moisturizer တွေ အများကြီးကို အမျိုးမျိုးပြောင်းသုံးခဲ့ပေမယ့် သူ့ကိုတော့ မပြောင်းဘဲ အမြဲဆောင်ထားဖြစ်တယ်။
သားဖြိုး COSRX ရဲ့ Snail Series ထဲက Essence နဲ့ ဒီ Cream ကိုစသုံးခဲ့တာ ၂၀၂၀ ကတည်းကဆိုတော့ ၂နှစ်သုံးလာတဲ့အတွေ့အကြုံကို သားဖြိုး Review အနေနဲ့ Sharing လုပ်ပေးချင်ပါတယ်။
သားဖြိုး Snail Essence ကိုတော့ Full Review လုပ်ပေးခဲ့ဘူးတယ်။
ဒီ Snail Cream ကိုလည်း Review လုပ်ပေးဖို့ တောင်းတဲ့သူတွေ များနေတာမို့ ခု Review လေးလုပ်ပေးလိုက်ပါတယ်။
🐌 COSRX ရဲ့ Snail Cream က Snail Mucin ပါဝင်မှုက 92%, Snail Essence မှာတော့ 96% ထိပါတာမို့ Cream က Essence လောက်တော့ Snail Mucin ပါဝင်မှုနှုန်းက မများဘူးပေါ့။
ဒီ Snail Cream က Snail Mucin 92% + Hyaluronic Acid ကိုအဓိက ထည့်ထားပေးတဲ့ Hydration ကို ကောင်းကောင်းပေးနိုင်တဲ့ Moisturizer လိုပြောလို့ရတယ်။
သားဖြိုး ရဲ့ Favourite Moisturizer ထဲက တစ်ခုပေါ့။
သားဖြိုး ဘာကြောင့်ပဲ Breakout ဖြစ်ဖြစ် ချက်ချင်း ဒီ Snail Cream ကိုလိမ်းဖြစ်တယ်။
သူက Hydration ကို လုံလုံလောက်လောက်ပေးနိုင်တဲ့ Cream ဖြစ်တယ်။
သားဖြိုးတို့ အဆီဖု နဲ့ ဝက်ခြံပေါက်နေတဲ့အချိန်မှာလိမ်းရင် ပျောက်တာမြန်တယ်။
နောက်ပြီး ဝက်ခြံကြောင့် ယောင်ရမ်းနီးမြန်းတာတွေကို ညလိမ်းအိပ်ရင် မနက်ဆို အယောင်ကျတယ်။
Healing & Calming အတွက် Snail က အရမ်းကောင်းတယ်။
ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်ကို Niacinamide Serum တစ်မျိုးမျိုးနဲ့ သာတွဲသုံး (၂)ပတ်အတွင်းလုံး၀ပျောက်တယ်။
ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ တွင်းမနက်တဲ့ ချိုင့်ခွက်တွေဆိုရင် စွဲသုံးရင်ပျောက်နိုင်ပါတယ်။
ပြင်းတဲ့ Skin Care တွေကိုသုံးမိလို့ပဲဖြစ်ဖြစ် Over Exfoliated ပဲဖြစ်ဖြစ် ပျက်စီး ခြောက်သွေ့သွားတဲ့ Skin Barrier အတွက်ဆိုလည်း ဒီ Snail Cream ကတော်တော်ကောင်းတယ်။
Chemical Peeling, Laser Peeling တို့လုပ်ပြီး အသားအရေက အဖတ်လန်ပြီး နေတဲ့အချိန်၊ Dehydrated ဖြစ်နေတဲ့အချိန်ဆိုရင် ဒီ Snail Cream ကိုသာသုံး ရက်တိုအတွင်းမှာ သက်သာတယ်။ လုံး၀ အသေအချာ သက်သာတာပါ။
အသက်အရွယ်ရလာလို့ Anti-Aging အတွက် Moisturizer ကောင်းကောင်းရှာနေတယ်ဆိုရင်လည်း ဒီ Snail Cream ကို သုံးဖို့ Recommend လုပ်ပါတယ်။
Texture က မျက်နှာပေါ်မရောက်ခင်ထိ ချွဲကျိကျိနဲ့။ ဒါပေမယ့် မျက်နှာပေါ်ရောက်သွားရင်တော့ Lighweight တော်တော်ဖြစ်ပြီး အသားထဲစိမ့်ဝင်တာမြန်တယ်။
စေးကပ်မှု မရှိဘူး။ အဆီမပြန်ဘူး။ Layer တစ်ခုအနေနဲ့ စိုစိုလေးကျန်ခဲ့တဲ့ Finish ကိုရတယ်။
✅ Sensitive Skin အပါအဝင် All Skin Type သုံးလို့ရတယ်။
Recommend ပေးပါဆိုရင် All Skin Type ကိုမှ အပေါ်မှာသားဖြိုးရေးထားတဲ့ အချက်တွေကကိုယ့်အတွက်လိုအပ်ရင် သုံးကြည့်ဖို့ Highly Recommend လုပ်ချင်ပါတယ်။
သားဖြိုးက Beauty Blogger တစ်ယောက်ဖြစ်တာမို့ Moisturizer အမျိုးမျိုးကို စမ်းသပ်သုံးကြည့်ရတာမို့ သားဖြိုး ဒီ Snail Cream ကို နေ့တိုင်း အမြဲတမ်းသုံးနေတာတော့ မဟုတ်ဘူး။
ဒါပေမယ့် Breakout ဖြစ်ပြီး အဆီဖု နဲ့ ဝက်ခြံ ထွက်လာပြီးဆိုတာနဲ့ သားဖြိုးပြောင်းသုံးလိုက်တဲ့ Day & Night Moisturizer က သူပဲ။
သားဖြိုးကတော့ Beauty & Me မှာလည်းဝယ်ဖြစ်သလို အိမ်နားနီးတဲ့ Mi Mi Korean Cosmetics မှာလည်း ဝယ်ဖြစ်ပါတယ်။
စျေးနှုန်းကိုတော့ မရေးတော့ပါဘူး။
သားဖြိုးလည်း လက်ရှိသုံးနေတာက ကုန်သွားပြီဆိုတော့ အသစ်ဝယ်ရတော့မှာမို့ ဝယ်ပြီးရင် စျေးနှုန်း Update ကို comment မှာလာရေးပေးပါ့မယ်။
�#COSRX
#snailcream
#honestreview
#treasurebytharphyoe
Original Post Link>> https://m.facebook.com/story.php?story_fbid=pfbid0a1aqpgcfPnd5DD4XkUKktwfNdrh8RkNFHrEFFEa9SJBipvpA5crDHS1MbfJprUbFl&id=100063788166904