အသားညစ်ကြမ်းပြီး အဆီဖုများနေတဲ့သူတွေ သုံးသင့်တဲ့ 🍃Anua heartleaf 77 clear pad —> Reviewed By “Review By Nyi”

အသားညစ်ကြမ်းပြီး အဆီဖုများနေတဲ့သူတွေ
သုံးသင့်တဲ့

🍃Anua heartleaf 77 clear pad —> review

ဒါက Nyi ပထမဆုံးသုံးဖူးတဲ့ toner pad ပါ။ အရင်က toner pad တွေကို wasteful ဖြစ်တယ်လို့ ထင်ခဲ့ဖူးတယ်။ ခုတော့ အမြင်ပြောင်းသွားပြီထင်ပါရဲ့, toner pad တွေပဲ သုံးချင်နေတော့တယ်။ Btw, မျက်နှာက အဆီတွေပြန်, အသားညစ်ပြီး ကြမ်းနေရင် အဆီဖုတွေများနေရင် ဒီ review ကို ဖတ်ကြည့်လိုက်နော်။

~Ingredients

Full ingredients list👇
https://incidecoder.com/products/anua-heartleaf-77-clear-pad

✅Alcohol free
✅Fragrance free
✅Essential oil free
✅Fungal acne safe

Cruelty free🐰, Vegan🌱

သူ့မှာ heartleaf extract ကို 77% သုံးထားတယ်။ Heartleaf က မြန်မာအခေါ် ကွမ်းရွက်ပေါ့, အသားအရေကို အေးမြစေပြီးတော့ anti-inflammatory effect, calming, soothing effect တွေပေးတယ်။ Anti-bacterial ဖြစ်လို့ ဝက်ခြံဖြစ်စေတဲ့ ပိုးမွှားတွေကို တိုက်ထုတ်ပေးတယ်, healthy skin ဖြစ်ဖို့ အထောက်အပံ့ပေးတယ်။ နောက်ပြီး သူ့မှာ calming အတွက် centella နဲ့ centella ရဲ့ active compounds 4မျိုး, soothing အတွက် plant extracts တချို့ပါတယ်။ ရေဓာတ်ပေးဖို့အတွက်ကိုတော့ butylene glycol, betaine နဲ့ coix seed extract တို့သုံးထားတယ်။ ထူးခြားတာက သူ့မှာ star ingredient အနေနဲ့ skin texture improve ဖြစ်စေတဲ့ PHA(Gluconolactone)⭐ကို 3rd ingredient နေရာမှာ ထည့်ပေးထားတာပဲ။

Drying alcohol, fragrance, essential oil free ဖြစ်လို့ sensitive skin တွေနဲ့ သင့်တော်တယ်။ Fungal acne safe ဖြစ်လို့ fungal acne history ရှိသူတွေ သုံးနိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေအကြောင်း သိပြီဆိုရင် သုံးရတာဘယ်လိုနေလဲ ဆက်ကြည့်လိုက်ရအောင်…

~My Experience

ဒီ Anua clear pad မှာ cotton pad အခု70 ပါတယ်။ Toner အရည်အနေနဲ့ဆို 160ml ပါတယ်။ Cotton pad အရွယ်အစားက အနေတော်ပဲ, မျက်လုံးထဲမြင်အောင်ပြောရရင် compact cotton pad အရွယ်ထက် နဲနဲပဲကြီးမယ်။ တခုစီမှာ မျက်နှာပြင် 2ဖက်ပါတယ်, embossed side နဲ့ smooth side ဆိုပြီး။ ကိုယ်က exfoliating effect ပါလိုချင်ရင် အသားကြမ်းတဲ့ဘက်နဲ့သုံး, မဟုတ်ရင် အသားနုတဲ့ဘက်နဲ့သုံး, ဒါမှမဟုတ် ကြမ်းတဲ့ဘက်နဲ့အရင်သုံးပြီးမှ အသားချောတဲ့ဘက်နဲ့ သုံးမယ်ဆိုလဲ အဆင်ပြေတယ်👌 သူ့ဗူးလေးက သုံးရအဆင်ပြေတယ်, ညှပ်လေးလဲပါတော့ hygiene မဖြစ်မှာ မပူရဘူး။

Nyi အမြင်အရတော့ ဒီ toner pad က calming soothing hydrating တွေထက် exfoliating ဘက်မှာ ပိုအားသန်တယ်လို့ ခံစားမိတယ်🧐 Nyi သုံးနေတဲ့တလျှောက် ဘာသိသာလဲဆိုရင် မျက်နှာက skin texture ကြမ်းတာတွေ smooth ဖြစ်လာတယ်, ဗြုတ်စိသေးသေးလေးတွေ အဆီဖုလေးတွေ သက်သာတာ မြင်ရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် heartleaf 77% ပါလို့ calming အရမ်းကောင်းမယ် ထင်ထားပေမဲ့ အဲ့လောက်ထိ မသိသာဘူး။ Hydration ပေးတဲ့နေရာမှာလဲ အတန်အသင့်လောက်ပဲ။ Toner အရည်ရဲ့ texture က watery type လောက်ပဲ။ အသားထဲ စိမ့်ဝင်လွယ်ပြီးတော့ ဘာအနံ့မှမပါဘူး။

Toner 160ml ပါတယ်ဆိုပေမဲ့ toner pad က နဲနဲခြောက်ကပ်ကပ်ဖြစ်သလားလို့…အဲ့အချက်လေးတော့ အားမရဘူး။ Calming soothing သိပ်မဖြစ်လို့လဲ ဝက်ခြံအတွက် အားမကိုးစေချင်ဘူး။ အဓိကသုံးစေချင်တာတော့🎯 ခုမှ skincare စသုံးမယ့် beginners လေးတွေ exfoliation အတွက် ပြင်းတာတွေမသုံးချင်ဘူးဆိုရင် ဒါလေးတရက် 2ကြိမ်သုံးပေးရုံနဲ့ လုံလောက်တယ်။ ဘာပဲဖြစ်ဖြစ် ဒါလေးက အားနည်းချက်တချို့ရှိတာကလွဲရင် သုံးလို့လဲကောင်း သုံးရလဲအဆင်ပြေတဲ့, toner pad စသုံးမယ့်သူတွေရွေးသင့်တဲ့ toner pad ကောင်းတခုပဲ။ Nyi ကိုယ်တိုင်လဲ သဘောကျလို့ ချောင်မထိုးဘဲ ဒီတဘူးလုံးကုန်အောင် သုံးဖြစ်လိမ့်မယ်။

~Who I recommend

ဘယ်လိုလူတွေကို ညွှန်းချင်လဲဆိုရင် အပေါ်မှာလဲ ပြောခဲ့ပါပြီ။ အဆီဖုသက်သာချင်တဲ့သူတွေ မျက်နှာပေါ်က ဗြုတ်စိသေးသေးလေးတွေ ရှင်းသွားချင်တဲ့သူတွေဆိုရင် ဒါလေးသုံးသင့်တယ်, တကယ်ထိရောက်တယ်နော်💯 Skincare beginners လေးတွေလဲ exfoliation ကို safe ဖြစ်ဖြစ် daily basis တခုအနေနဲ့ လုပ်သွားချင်တယ်ဆိုရင် ဒါလေးက good option တခုပဲ။

All skin types သုံးဖို့သင့်တော်တယ်, အသင့်တော်ဆုံးကတော့ oily, combination skin တွေပါ။ Sensitive skin, acne prone skin, fungal acne skin အကုန်ရတယ်နော်။

~Price & Where to buy

စျေးနှုန်းကတော့ Nyi လဲ လက်ဆောင်ရထားတာမလို့ အတိအကျမသိဘူး, ရှာတာလဲ မူးနောက်နေပြီ။ 🛒 ANUA Skincare Myanmar Official နဲ့ Beauty & Me မှာ သွားမေးကြည့်လိုက်ပါ။

Review လေးကတော့ ဒီလောက်ပါပဲ။ ဖတ်ရအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်😘

Disclaimer : Gifted, not sponsored.

#anua #anuaheartleafclearpad
#reviewbynyi #nyipick #nyipicktoner

Original Post Link >> https://m.facebook.com/story.php?story_fbid=pfbid0my3tMkKKH9ZBrKejn61yzY418Retu3swvemAm8s3pxwKG3axjqRngU2HpxhUf1Ybl&id=100069907274838

Leave a Reply