👀This OR That👀 Reviewed by SkinCare By Aung

👀This OR That👀

Paula’s Choice Skin Perfecting 2% BHA Liquid Exfoliant 🖤
OR
COSRX BHA Blackhead Power Liquid 🖤

ဒီနေ့ Compression Review ကတော့ Chemical Exfoliant တွေပေါ့နော်။

Physical Exfoliant တွေထက် အခုနောက်ပိုင်း
Chemical Exfoliant တွေကို လူတွေက ပိုအသုံးများလာကြသလို ဈေးကွက်ထဲမှာလည်း consumer တွေအတွက် ရွေးချယ်စရာတွေ အများကြီးဖြစ်လာတယ်။ နည်းလမ်းမှန်မှန်ကန်ကန် နဲ့ သုံးတတ်ရင် အသားအရေအတွက် အကျိုးပြုတဲ့ Chemical Exfoliant တွေဆိုလည်း မမှားဘူး။

ဒီ products 2ခုက BHA & Salicylic Acid ကို concentration အနေနဲ့သုံးထားတယ်။
သူတို့တွေက Oil souble ဆိုလိုတာက အဆီမှပျော်၀င်တယ်။ Western Standard & Korean Standard အရ ထုတ်ထားတဲ့ chemical exfoliant တွေဖြစ်တယ်။ Honestly ပြောရရင် This Or That ရလားမေးရင် ထုတ်လုပ်တဲ့ Standard အရ မတူပေမယ့်လည်း ယှဉ်မယ်ဆိုရင် ယှဉ်လို့ရတယ်။ သူဟာနဲ့သူတော့ ကောင်းကြပါတယ်။

ဆိုတော့ စလိုက်ရအောင်!

🧪Formulation & Ingredients:

🖤Paula’s Choice – Salicylic Acid 2%
🖤COSRX – Betaine Salicylate 4%

BHA Formulation:
Paula’s Choice က Salicylic Acid 2% ကို သုံးပြီး Western Standard နဲ့ အညီ formulated လုပ်ထားတာပေါ့နော်။ ဒါက နည်းနည်းတော့ ပြင်းတဲ့ အထဲမှာ ပါတယ်။

🧪Ingredients:
တခြား ingredients အနေနဲ့က အသားအရေကို irritated မဖြစ်ရအောင်နဲ့ လျော့ချပေးဖို့ calming & soothing ကောင်းတဲ့
Green Tea Leaf Extract ကို ထည့်ထားတယ်။
ပြီးတော့ Hydration အတွက် Hyaluronic Acid ကို သုံးထားတယ်။

BHA Formulation:
COSRX က Betaine Salicylate(BHA) 4% &
BHA derived ingredient Willow Bark Water 67.8% ကို အချိုးကျကျနဲ့ formulated လုပ်ထားတာ။

*ဆိုတော့ ဒီနေရာမှာ ပြောချင်တာက
Betaine salicylate က Salicylic acid ထက် နှစ်ဆပိုပြီး mild and gentle ဖြစ်တယ် လိုရင်းကို ပြောရရင် 4% Betaine Salicylate product က 2% Salicylic Acid product တစ်ခုနှင့် ဆင်တူတယ် balance ဖြစ်တယ်ဝာာကို ဆိုလိုတာပေါ့
( Betaine Salicylate 4% = Salicylic Acid 2% )
ပြီးတော့ Western Standard and Kbeauty Standard အရရော စကားပြောသွားတယ်
အဲလောက်ပဲ*

🧪Ingredients:
Niacinamide လည်း ပါ၀င်တော့ Nia ထပ်သုံးစရာ မလိုဘူး။( ပါ၀င်တဲ့ concentration က နည်းတော့ BHA + Nia ကို တွဲလို့ရတာပေါ့နော် Nia 5%-10% ပတ်ရှာ ရှိတဲ့ Serum နဲ့ တွဲသုံးရင်တော့ irritated ဖြစ်နိုင်လိမ့်မယ်)
Panthenol & Hyaluronic Acids တွေလည်း ထပ်ပါ၀င်တာကြောင့် hydration & soothing အတွက်လည်း ကောင်းစေတယ်ပေါ့။

💦Texture:

Paula’s Choice – Watery Texture & Consistency ပါ။ လိမ်းပြီးရင် a little လေး Dewy Finish လောက်ကျန်တယ်။ အနံ့မပါပေမယ့် vinegar or nail polish အနံ့လိုမျိုး ခပ်ပါးပါးလေး ရတယ် but
စိတ်အနှောက်ယှက်ဖြစ်စရာတော့ ဟုတ်ဘူး။ ဒါကို personally အရ Cotton pad ထက် လက်နဲ့ပဲ ပိုသုံးဖြစ်တာ များတယ်။

COSRX – PC ထက် နည်းနည်းလောက် ပိုပြီး Thick ဖြစ်တယ် ဒါမယ့် လိမ်းလိုက်ရင်တော့
Watery Texture ရှိပြီး absorb ဖြစ်တာ‌လည်း မြန်တယ်။ Cotton pad နဲ့ သုံးသင့်တဲ့ Texture မဟုတ်တော့ လက်နဲ့သုံးတာက ပိုအဆင်ပြေမယ်။

Both PC and COSRX:
Alcohol, Essential Oil & Fragrance Free ✅

✨Review & Effective:

Paula’s Choice & COSRX 2ခုလုံးက
BHA အသားပေး Chemical Exfoliant တွေမို့
သုံးထားတဲ့ formulation & ingredients က
ကွဲပေမယ့်လည်း skin problem နဲ့ အသားအရေပေါ်မှာ effective ဖြစ်တဲ့ concern ကတော့ တူတူပဲ။

🖤 Paula’s Choice:
King of BHA 👑 လို့တောင် တင်စားကြတယ်။
Skin care junkies ကြားမှာရော Inter မှာပါ‌ တော်တော်ရေပန်းစားတဲ့ product တစ်ခုပေါ့။
အထူးသဖြင့် နှာခေါင်းပေါ်က ကိုင်လိုက်ရင် ကြမ်းကြမ်းကြီးနဲ့ ဆားဝက်ခြံ မဲမဲကြီးတွေဆို ဒါက ပိုသက်သာတာကို တွေ့ရတယ်။
အဆီဖုအတွက်လည်း ဒါက treat ပေးနိုင်တာကြောင့် အဆီဖု သက်သာသလို ထပ်မဖြစ်အောင်လည်း prevent လုပ်ပေးပါတယ်။ Inflammatory Acne & Hormonal Acne အတွက်ကိုလည်းပဲ သူက control လုပ်ပေးနိုင်သလို calming ဖြစ်အောင်လည်း လုပ်ပေးတယ်။
Pore clogged ဖြစ်တာကိုလည်း သက်သာစေပြီး
Pore minimizing & cleansing အတွက်ပါ improve ဖြစ်စေတယ် ပြီးတော့ Dead skin cells တွေကို exfoliate လုပ်ပေးပြီး skin texture ကိုပါ improve ဖြစ်စေပါဘတယ်။ သူက မျက်နှာမှာရှိတဲ့ sebum production ကို reduce လုပ်ပေးတာမို့ ဒါသုံးပြီး နောက်က Hydration သေချာ လိုက်မှ အဆင်ပြေမယ်။

🖤 COSRX:
အခုနဲ့ဆို သုံးနေတာ 2 bottles ရှိပြီ။
သူကိုက ဆား၀က်ခြံအတွက်ပဲ သီးသန့် သုံးလို့ရတာ မဟုတ်ဘဲ အဆီဖု၊ အဆီခဲ၊ ချွေးပေါက်ပိတ်တာ တွေအတွက်ကိုပါ သုံးလို့ အဆင်ပြေတယ်၊ သက်သာစေတယ်၊ ဖြစ်နူန်းကို လျော့လည်း လျော့ချပေးသလို prevent လုပ်ပေးနိုင်တယ်။
ဆား၀က်ခြံ မဲမဲခဲခဲကြီးတွေဖြစ်တာကိုရော ဒါသုံးပြီး တော်တော် သက်သာသွားတာ but PC နဲ့ ယှဉ်ရင် effective ပြဖို့ အချိန်ယူရတယ်။ Pore cleansing & minimizing ပိုင်းလည်း ကောင်းတယ်။ Acne ကြောင့် Skin Imflammtory ဖြစ်တာကို ငြိမ်ပြီး ဝပ်ဝပ်သွားအောင် calm လုပ်ပေးတယ်။ ဒါကို သုံးလိုက်ရင် မျက်နှာက တော်တော်ရှင်းပြီး သန့်သွားတယ်လို့ ခံစားရတယ်။
pH level က 4.5-5.5 ပတ်ရှာ ရှိတယ်။ PC ထက်
ဒါက နည်းနည်းလောက် hydrated ဖြစ်တယ်။
Skin texture ကို improve ဖြစ်စေတဲ့အပြင် skin brightening လည်း ဖြစ်တယ်။

ဒါတွေကို သုံးပြီး မနက်ရောက်တာနဲ့
မျက်နှာကို ကိုင်လိုက်ရင် သိသိသာသာ soft & smooth ဖြစ်တာကို သတိထားမိတယ်။

🙋My Opinion:

Paula’s Choice & COSRX မှာဆိုရင်
Paula’s Choice က ပိုပြီး effective ဖြစ်တာ မြန်သလို ပြင်းလည်း ပြင်းတယ်။ COSRX ကတော့ Gentle ဖြစ်တာကြောင့် နည်းနည်း အချိန်ယူ ရတယ်။ အခုမှ BHA ကို စtryမယ့် beginner ဆို COSRX က ပိုပြီး အဆင်ပြေနိုင်ဆုံးပဲ။ Paula’s Choice က beginner တွေအတွက် အဆင်မပြေဘူး နည်းနည်း ပြင်းတဲ့အထဲပါတယ်။

Purging ဖြစ်နိုင်လားလို့ မေးရင်??
Chemical Exfoliant တွေမို့ ဖြစ်တယ်၊
ဖြစ်နိုင်တယ်။ ဒါတွေကို သုံးမိလို့ Chemical Burning ဖြစ်စေတာမျိုးက ကျွန်တော် သုံးလာတဲ့ တစ်လျှောက်လုံး မကြုံဖူးဘူး but သုံးတဲ့ အချိန်အဆ များရင်တော့ ကျွန်တော် အသားအရေပေါ်မှာ Dry out & Dehydrated ဖြစ်တတ်ပါတယ်။

2ခုလုံးကတော့ စသုံးတဲ့အခါဆို 1 week – 1 time အနေနဲ့ စသင့်တယ်။ နောက်မှ သုံးတာ ကြာမှာ
1 week – 2 times အနေအထားနဲ့ တိုးတိုးပြီး သုံးပေးတာက ပိုအဆင်ပြေစေတယ်။
ဒါတွေသုံးပြီးရင် နောက်က Hydrating & Moisturizing သေချာ လိုက်ပေးဖို့ လိုတယ်။
Skin irritated ဖြစ်ဖို့ ကြောက်ရင် Calming & Soothing Serum တစ်ခုခုကို routine ထည့်သုံးပေးရင်လည်း အဆင်ပြေတယ်။

ကျွန်တော်ကတော့
Cleansing > Toner or Essence > BHA > Calming Serum > Hydrating Serum > Moisturizer

ဒီလို routine အတိုင်း use ဖြစ်တယ် ပြီးတော့
ဒါတွေက Chemical exfoliant တွေမို့ Night time မှာပဲ သုံးသင့်တယ်။ မနက်ဆို Sunscreen သေချာ လိမ်းကို လိမ်းပေးရမယ်နော်။

👐Suitable Skin Types:

🖤Paula’s Choice – All Skin Types ရတယ်။ Combination to Oily Skin, Acne Prone Skin ကို highly recommended လုပ်ပါတယ်။ Sensitive Skin ဆိုရင်တော့ ဒါကိုသုံးရင် နည်းနည်းလောက် irritated ဖြစ်စေဖို့ risk ပိုများမယ်။ Fungal Safe.

🖤COSRX – All Skin Types ရပေမယ့်
Combination to Oily Skin, Sensitive Skin & Acne Prone Skin တွေအတွက် ပိုပြီး အဆင်ပြေစေတယ်။ Fungal Safe.

💁Overall:

2ခုလုံးရဲ့ main concern က တူပေမယ့်
ပြင်းတာ မသုံးချင်ဘူး၊ အခုမှ BHA စသုံးမယ့် beginner ဆို COSRX ကို ပိုရွေးချယ်သင့်တယ်
ဒီကာလမှာ PC ထက်ယှဉ်ရင် Budget Saved ဖြစ်တယ်ပေါ့နော်။
ကိုယ်က BHA ကို အသစ်စမ်းကြည့်ချင်တယ်၊ effective ဖြစ်တာကလည်း ပိုမြန်ချင်တယ်ဆို
Paula’s Choice ကို highly recommended လုပ်တယ်။

ဒါကြောင့် ဘယ်ဟာပိုကောင်းလဲ??
ဆိုတာတော့ မရှိဘူး။
သူဟာနဲ့သူတော့ ကောင်းကြတယ် အဓိက အရေးကြီးဆုံးက
ကိုယ်အသားအရေနဲ့ ဘယ်ဟာက ပိုပြီး
အဆင်ပြေနိုင်မလဲ?? ဆိုတာကိုပဲ စဉ်းစားရွေးချယ်ပြီး သုံးဖို့လိုမယ်ပေါ့နော်။ အဲလောက်ပါပဲ။

💰Price:

🖤Paula’s Choice 100ml – ဈေးကြီးတယ်။ အခု $ဈေးနဲ့ဆို 70000-80000MMK ပတ်ရှာလောက် ရှိနိုင်တယ်။ သူ့မှာ Korean Standard & Western Standard ဆိုပြီး ရှိသေးတယ်။
Korean Standard က Salicylic Acid 0.5% ကိုသုံးထားတာ Western Standard ထက် ဈေးပိုသက်သာတယ်။

🖤COSRX 100ml – အခု exchange rate $ နဲ့ဆို 35000MMK ပတ်ရှာလောက် ရှိမယ်ထင်ပါတယ်။

2ခုလုံးမှာ ဘူးသေးလေးတွေ ထွက်ပါတယ်👋

🛍️ Where to buy –

🖤Paula’s C

Original Post Link >> https://m.facebook.com/story.php?story_fbid=pfbid0C5vrpzvz7Tj79RNAgUEsVsAxeHzzmtuf4YKZ9Q8GaBLpoq8D711C4qT89e9HS9VAl&id=1027837057422369

Leave a Reply