
Cosrx One Step Original Clear Pad

Dry Skin လည်းပဲ အဆီဖု, ဝက်ခြံ, ဆားဝက်ခြံ တွေရှိတာပဲ … အဲ့တာကို Dry Skin ပိုင်ရှင် တွေအသိဆုံး…

Chemical Exfoliate လုပ်ချင်ပေမယ့် အသားပိုခြောက်မှာ စိုးရိမ်နေတဲ့ သူတွေ……ကျွန်တော်တွေ့ထားတဲ့ Product ကောင်းကောင်းလေးရှိလို့ လာလက်တို့တာ…

ကျွန်တော်ကိုယ်တိုင် တခြား Brand တွေထဲက Salicylic Acid 2% လောက်ကို တပတ်လောက်သုံးပြီးရင် အသားအရေ အရမ်းခြောက်လာပြီး Irritationရတတ်ပါတယ်….

Cosrx က “One Step Original Clear Pad” မှာတော့ ပုံမှန် “Salicylic Acid” တွေနဲ့ မတူတဲ့ “Willow Bark Water” “Betaine Salicylate” ကို အသုံးပြုထားတဲ့အတွက် “ပုံမှန် Salicylic Acid တွေအတ်ိုင်း လုပ်ဆောင်ချက်မှာတူပြီး အသားအရေပေါ်မှာတော့ ပုံမှန် Salicylic Acidတွေထက် Gentleပိုဖြစ်တာတွေ့ရပါတယ်”…
( အဲ့တာကြောင့်လည်း Dry Skinတွေမှာ Exfoliate လုပ်ခြင်းကြောင့် အသားအရေပိုပြီးခြောက်သွေ့လာတာတွေ မဖြစ်စေဘူး , အဲ့ဒါအပြင် Salicylic Acid ကို သုံးချင်ပေမယ့် ဓါတ်မတည့်တဲ့သူတွေပါ စမ်းTryကြည့်လို့ အဆင်ပြေစေမှာပါ )

Betaine Salicylate က BHA အဖွဲ့ဝင်ဖြစ်တဲ့အတွက် အသားအရေ ချွေးပေါက်အတွင်းပိုင်းအထိ အဆီဖု အဆီကြိတ် ဆားဝက်ခြံဖြစ်စေမယ့် ပိုလျှံနေတဲ့အဆီတွေ Dead Skin Cell တွေကို ဖယ်ရှား သန့်စင်ပေးပါတယ်…

ပါဝင်တဲ့ 1% Betaine Salicylate အပြင် အသားအရေကို Soothing, Hydrating, Moisturzing ဖြစ်စေမယ့် Hyaluronic Acid , Panthenol, Glycerin တို့လည်းပါဝင်ပါတယ်….

Bacteriaကြောင့် ဖြစ်တဲ့ဝက်ခြံ အတွက် Anti Bacteria Properties ဖြစ်တဲ့ “Tea Tree Oil” ပါဝင်ပြီး ကျွန်တော့်လို Strong ဖြစ်တဲ့ Tea Tree Oil တွေ နဲ့ မတည့်တဲ့ သူတောင် Irritation မဖြစ်ဘဲ အဆင်ပြေပြေနဲ့ သုံးနိုင်ပါတယ်….

Texture အပိုင်း ထုတ်ပိုးမှုပုံစံမှာ ပုံမှန် Toner Padတွေလို Essence စိမ်ပြီးသားဗူး နဲ့လာပြီး သူ့ရဲ့ Pad မှာ အကြမ်းမျက်နှာပြင်တဖက် / အချော မျက်နှာပြင် တဖက်ပါဝင်ပါတယ်…

သုံးကြည့်ရတဲ့ ကိုယ်တိုင် Experience အရ ဆားဝက်ခြံများသူမလို့ အသုံးပြုပြီး ၂ပတ် အတွင်းမှာတောင် ဆားဝက်ခြံ အတော်ပါးလာတာခံစားရတယ်. Skin Texture မှာ ပွတ်လိုက်ရင် ဗြုတ်လေးတွေစူးစူးလေးတွေ ရှိနေတာတွေ ”ချော” သွားတယ်…

ကျွန်တော်ကတော့ နေ့တိုင်း ညဘက် Routine ရဲ့ ပထမဆုံး Step မှာ ပဲ သူ့ကိုသုံးတယ်. ပြီးမှ ကိုယ့်ရဲ့ တခြား Essence, Serum, Ampoule, Cream တွေ နောက်မှာဆက်သုံးပါတယ်. Toner သက်သက်မလိမ်းဖြစ်တော့ပဲ သူ့ကို Toner နေရာ မှာ အစားထိုးထည့်သုံးလိုက်တာပါ. တလအတွင်း ဘာမှ Irritationမရဘဲ ဆားဝက်ခြံတွေလည်း သိသိသာသာရှင်းသွားလို့ Mild ဖြစ်သလောက် အာနိသင်မလျော့တဲ့ Exfoliate Productလို့ မြင်ပါတယ်….

ဒါ့ကြောင့်လည်း Sensitive Skin တွေက အစ All Skin Types အတွက် Recommendပေးပါတယ်ဗျ…

Alcohol Free & Fragrance Free ဖြစ်လို့ Chemical Exfoliate လုပ်ချင်ပေမယ့် အသားအရေခြောက်မှာတွေ Irritationရမှာတွေ စိုးရိမ်နေတဲ့ သူတွေအတွက် မျက်စိမှိတ်ရွေးချယ်စရာ Productလေးဖြစ်မှာပါ……..

Tryကြည့်ချင်ရင် Official Distributor ရှိလို့ အခုလို အတုပေါတဲ့ ခေတ်မှာ စိတ်ချလက်ချ Authentic သုံးလို့ရပါမယ်….
Original Review Link… https://www.facebook.com/Your Skin Chingu “Bi Bi”- Cosrx One Step Original Clear Pad– Review