အနံ့မွှေးပြီး အသားအရေစိုဝင်းအိစက်စေတဲ့ luxury shower gel “Kundal Pure Natural Moisturizing Refreshing Body Wash” REVIEWED BY “For Your Better Skin”

အနံ့မွှေးပြီး အသားအရေစိုဝင်းအိစက်စေတဲ့ luxury shower gel “Kundal Pure Natural Moisturizing Refreshing Body Wash Review” 🌸
 
မေက body skin အတော်လေးခြောက်တတ်လို့ shower gel ကအစဂျီးများတယ်။တွေ့ကရာစမ်းသုံးတာနဲ့ အသားကကြမ်းပြီး ယားလာတတ်တယ်။ moisturizing ဖြစ်အောင်လို့ baby shower gel တွေ သုံးပြန်တော့လည်း ရေအကြာကြီးဆေးရသလိုချွဲကျိကျိကြီးကျန်တာကို သိပ်မကြိုက်ဘူးပေါ့နော်။ Kundal body wash ကတော့ မေသုံးဖူးသမျှရေချိုးဆပ်ပြာရည်ထဲ စိတ်တိုင်းအကျဆုံးလို့ ဝန်ခံပါရစေ။
ပထမဆုံးကြိုက်တာက သူ့အနံ့လေး။ Kundal ရဲ့ product တွေက ရနံ့ပိုင်းမှာ luxury ဆန်ဆန်နဲ့ တကယ်ကို သေချာထုတ်ထားတယ်ဆိုတာ သုံးဖူးသူတိုင်းသိပါလိမ့်မယ်။ဒါလေးက perfume shower gel လို့တောင် ခေါ်လို့ရတယ်။မေသုံးတာက Cherry blossom အနံ့ပါ။ချယ်ရီပန်းပင်တွေကြားရောက်သွားတဲ့အတိုင်းပဲ မွှေးပြီးသင်းနေရော။ရေဆေးချပြီးရင် သူ့အနံ့လေးကမှိန်သွားပေမဲ့ ကိုယ်သင်းနံ့လေးလို သုံးနာရီလောက်စွဲပြီးကျန်တယ်။
အရည်က Gel ပျစ်ပျစ်လေးမို့ အများကြီးသုံးစရာမလိုဘူး။ 1 pump စာညှစ်ပြီး သုံးတာနဲ့ အမြှုပ်လေးတွေလည်း အနေတော်ထွက်တယ်။ Shower sponge နဲ့ သုံးရင် နူးညံ့တဲ့အမြှုပ်အိအိလေးတွေထွက်လို့ ပိုတိုက်လို့ကောင်းတယ်။
အစိုဓာတ်ဖြည့်ပေးတဲ့ body wash မို့လို့ ရေဆေးချပြီးတာနဲ့ သိသိသာသာအစိုဓာတ်ကျန်တာ ခံစားမိပါတယ်။ normal skin သမားတွေဆို သူ့သုံးပြီး lotion မလိမ်းတောင် အသားကစိုနေမယ်ထင်တယ်။ skin မှာသာ moisture သေချာရှိရင်လေ အသားလေးကအိပြီး စိုစိုပြေပြေလေးဖြစ်နေသလို နဂိုထက်အသားက ဝင်းပြီးကြည်လာတယ်လို့လည်း ခံစားရတယ်။နောက်ပြီးအသားပေါ်မှာ ဆပ်ပြာမစင်သလို ချွဲကျိပြီးမကျန်ခဲ့တာကလည်း သူ့ရဲ့အားသာချက်ပေါ့နော်။
အစိုဓာတ်ခမ်းခြောက်ပြီး အသားအရေကမွဲခြောက်ကြမ်းတမ်းနေတယ်ဆိုတဲ့သူတွေနဲ့ အနံ့မွှေးမွှေးလေးနဲ့ luxury bath care မှ ကြိုက်တယ်ဆိုရင် ဒါလေးကအရွေးမမှားမဲ့ shower gel လေး ဖြစ်ပါတယ်။🥰
မေကတော့ BT21 character လေးတွေ အရမ်းချစ်လို့ ဘူးကို Cooky version လေး ဝယ်ထားတာပါ။ 238 ml,500 ml ဆိုပြီး size နှစ်မျိုးရှိတယ်။သဘောကျရင် Kundal Myanmar_Official & Beauty & Me မှာ sale ရှိနေလို့ သွားမေးကြည့်လိုက်ပါနော်။
Disclaimer: ကိုယ့်ဘာသာဝယ်သုံးပြီးကြိုက်လို့ရေးထားတာဖြစ်ပါတယ်
 
…..

Original Review Link… https://www.facebook.com/For Your Better Skin-Kundal Pure Natural Moisturizing Refreshing Body Wash– Review