အိမ်က “ဖခမည်း​တော်” ဆံပင်​တွေ ကျွတ်လို့ ​ဂုန်းဆင်းလာတဲ့ KUNDAL x TERRA HAIR LOSS RELIEF SHAMPOO – Reviewed by “Your Skin Chingu Bi Bi”

🧔‍♂️ အိမ်က “ဖခမည်း​တော်” ဆံပင်​တွေ ကျွတ်လို့ ​ဂုန်းဆင်းလာတဲ့ “Review” ​လေး….
 
😬 ဟိုး​ရှေး​ရှေးတုန်းက ​တော်ရုံ အလှမမက်တဲ့ “ဖခမည်း​တော်” ဆံပင်​တွေကျွတ်လို့ “ထိပ်​ပြောင်” မှာ စိုးရိမ်​နေ​လေရဲ့….
“ကပ်စီးနဲနဲ” နဲ့ ပဲ “သားသား…ဆံပင်ကျွတ် သက်သာတဲ့ ရှန်ပူ​လေးများ မရှိဘူးလားဆို​တော့…”
😆 ဒီ သားလိမ္မာ​လေးကလည်း “ဒီဂွင်ကို​စောင့်​နေတာကြာပြီ” ​လေ… ကိုယ်လိုချင်တဲ့ “ရှန်ပူ” ကို ဂုန်းဆင်းရ​တော့တာ​ပေါ့………. ( အခွင့်အ​ရေးဆိုတာ ၂ခါမရဘူး…)
🍺 ကိုယ် မျက်စိကျ​နေတဲ့ Kundal ဘီယာရှန်ပူ​လေး ​လျှော်ကြည့်ပါ​ပေါ့…. ပစ္စည်း​ရောက်​တော့ သူလည်း​လျှော် ကိုယ်လည်း “ဂုန်းဆင်း”….
🍺 ဒီ “ဘီယာရှန်ပူ” ​လေးကို မျက်စိကျရတဲ့ အချက်ကလည်း တောင်ကိုရီးယား နိုင်ငံရဲ့ နာမည်ကြီး ဘီယာ Brand ​တွေထဲ တခုဖြစ်တဲ့ “Terra” ဘီယာ ကို Ingredient တခု အ​​နေ နဲ့ အသုံးပြုထားတာပဲ.
( ရှန်ပူ မှာ အဓိက ပါဝင်ပစ္စည်း အ​နေနဲ့ ပါဝင်တဲ့ “ဘီယာ” က Brand တခုအ​နေနဲ့ သက်သက် လာတယ်ဆိုတာ ဒီ “ရှန်ပူ”မှာ ပဲရှိတယ်​နော်)
🍺 Beer ဆို တာ မု​ယောစပါး ကို Fermentation Process မှာ အချဥ်​ဖောက်ပြီးရလာတဲ့ အရည်တမျိုးပါ……
👉 “ဘီယာ” မှာ Vitamin B ကြွယ်ဝပြီး တခြား Essential Nutrients ​တွေ ဖြစ် တဲ့ “Zinc , Biotin , Calcium , Vitamin-D” တို့ပါဝင်လို့ ဆံပင်အမြစ်​လေး​တွေကို “Nourishing” လုပ်​ပေးနိုင်တဲ့အတွက် ဆံပင်ကျွတ်တာ သက်သာ​စေပြီး​တော့ မွဲ​နေတဲ့ ဆံပင်အ​ရောင်ကိုလည်း အ​ရောင်တင်​ပေးပါတယ်
🌾 “မု​ယောစပါး” မှာ ပါဝင်တဲ့ “Protein” က ပျက်စီး​နေတဲ့ ဆံသားကို ပြန်ပြီးကုစား​ပေးလို့ “အဖျား၂ခွ ဆံပင်” ​တွေကို သက်သာလာ​စေတယ်
🍺 ​နောက်ပြီး Terra ဘီယာမှာ အသုံးပြုထားတဲ့ မု​​ယောကုန်ကြမ်း​တွေက “Australia” made ဖြစ်ပြီး “Kundal” လို ​တောင်ကိုရီးယား ရဲ့ No.1 Personal Care brand တခုနဲ့ Collab လုပ်ထားတာဆို​တော့ “Quality” အပိုင်းမှာ​တော့ မျက်စိမှိတ်ပြီးသာ “ယုံ”…
( မတူညီတဲ့ နယ်ပယ်၂ခုမှာ နာမည်​ကောင်း​တွေနဲ့ ရပ်တည်လာတဲ့ Brand နှစ်ခုလုံးရဲ့ အာနိသင်ကို ပစ္စည်းတမျိုးထဲမှာ သုံးရမယ်ဆိုတာ ဒီ ရှန်ပူ ကို လုံးဝ “Outstanding” ဖြစ်​စေတာပဲ…)
❤️ Scalp အမျိုးအစားအားလုံးနဲ့ အဆင်​ပြေပြီး အသုံးပြုကြည့်ရသ​လောက် “Herb Mint” ပါဝင်လို့ ​လျှော်​နေရင်း ပူရှိန်းရှိန်း​လေးဖြစ်တဲ့ အတွက် ဦး​ရေ အဆီပြန်တဲ့ သူ​တွေက​တော့ပိုကြိုက်မှာပါ…
👉 ကိုယ်တိုင်က​တော့ ဦး​ရေအဆီမပြန်​ပေမယ့် သုံး​နေတာ ​တော်​တော်အဆင်​​ပြေပါတယ်.. အနံ့ကလည်း “mint” အနံ့​လေးမို့ သူနဲ့​လျှော်အပြီး လန်းလန်းဆန်းဆန်း​လေးဖြစ်သွား​တာ​လေးကို သ​ဘောကျတယ်…
😝 Size အ​နေနဲ့ 500mlဆို​တော့ အိမ်က “ကချင်မုန့်ဗုံး​ကေ” နဲ့ “ဖခမည်း​တော် ဦးကပ်​စေး” က​တော့ သ​ဘောကျ​နေ​လေရဲ့….
( အ​ဖေ ​ရော ကိုယ်​ရော တရက်ခြားစီခေါင်း​လျော်တာ ၁လအတွင်း ပုံထဲက​လောက်ပဲ ​လျော့​သေးတယ် )
👌 တခါသုံးရင် One Pump ဆို ​ယောကျာ်း​လေး တ​ခေါင်းစာ လုံ​​လောက်ပါပြီ…….
❤️ ၁လအတွင်း “ဖခမည်း​တော်” က “ဆံပင်ကျွတ်” ​တော်​တော် သက်သာလို့တဲ့…. “ကိုယ့်ကို လာ​မေးပြီး အဆင်​ပြေသွားတာဆိုတော့ ပီတိ​တွေဖြာရတာ​ပေါ့”
🍻 အဲ့လိုနဲ့ပဲ Kundal နဲ့ အိမ်မှာ အ​ဖေ နဲ့ ကိုယ် တရက်ခြား စီ “ချီးယား” လုပ်​နေကြပါတယ်…
👉🏻 For purchase – Beauty & Me
 
…..

Original Review Link…https://www.facebook.com/Your Skin Chingu “Bi Bi”– Kundal x Terra Hair Loss Relief Shampoo-Review