updated night skincare routine လေးတဖြတ် 💚 Reviewed by “Blog By PHU”

ဖူးက ဒီနေ့မှာ ဖူး သုံးဖြစ်နေတဲ့ product လေး ၃မျိုးအကြောင်း sharing လုပ်ပေးမယ် ပါဝင်မယ့် product name 2မျိုးက P.Calm နဲ့ Kundal ပါ ဆောင်းတွင်းလဲဝင်လာပီဆို skincare လေးတွေ နည်းနည်း fix လုပ်ထားပါတယ်
P.Calm နဲ့ Kundal က ပုံမှန် ဖူးတို့လို skincare နဲ့ ပတ်သတ်ပီး စမ်းသုံးရတဲ့သူတွေအတွက် သိပီးသား brand ၂ခုဖြစ်ပေမယ့် တချို့အတွက် စိမ်းသေးမယ်ထင်လို့ ဖူးသေချာ သုံးကြည့်ပီး review ရေးပေးလိုက်ပါတယ် skincare steps တွေထဲမှာ cleansing နဲ့ moisturizing က အဓိကကျတဲ့အတွက် P.Calm ရဲ့ foam cleanser ရယ် Kundal ရဲ့ soothing cream လေးကို သုံးထားပါတယ် Kundal ထဲကဆို ဖူး lip balm လေးတွေပါ ထည့်သုံးထားပါတယ်
P.Calm ရဲ့ foam cleanser ကလေ ဖူးသုံးတာ ဒါနဲ့ဆို ၂ဘူးမြောက်ပါ review မရေးဖြစ်တာပဲရှိတယ် Exp date ကို ဘူးရဲ့ အနောက်မှာ 4နှစ်နီးပါးပေးတယ် ရေးထားပေမယ့် ဘူးဖွင့်ပီး within 12mths ကုန်အောင် သုံးသင့်ပါတယ် ဘူးရဲ့ အနောက်ဘက်မှာ ingredient list ကို စုံနေအောင် ထည့်ပေးထားတယ် mild ingredients လေးတွေပဲ သုံးပေးထားပီးတော့ vegan certified ပါ underpore cleanser ဆိုတဲ့ အတိုင်း ချွေးပေါက်ထဲမှာရှိနေတဲ့ အညစ်အကြေးတွေ အကုန်ဖယ်ရှားပေးနိုင်တယ် foam cleanser ဆိုပေမယ့် ထင်သလောက် အမြုပ်သိပ်မထွက်ဘူး soft texture ဘက်သွားတယ် မျက်နှာသစ်ပီးသွားတာနဲ့ ကိုယ့်ပါးလေးကို ကိုင်ကြည့်ရင် ဂျလွတ် ဆိုတဲ့အသံတောင် ကြားရတယ် main ingredients တွေအနေနဲ့ salicylic acid နဲ့ melaleuca alternifolia လို့ခေါ်တဲ့ tea tree leaf oil လဲ ပါဝင်တဲ့အတွက် အဆီဖုလေးတွေရှိတဲ့သူတွေအတွက် ကောင်းတယ် အဲ့တာအပြင် leaf, fruit, seed, root နဲ့ flower extract အတော်အများလဲပါဝင်ပါတယ် ferment 2မျိုးပါတယ် charmomile azulene ပါဝင်တဲ့အတွက် blemish skin တွေဆိုလဲ inflammation နဲ့ redness ဖြစ်တာတွေ သက်သာစေတယ် azulene ကတော့ dark blue ရှိအသွင်တဲ့ charmomile extract တမျိုးဖြစ်ပါတယ် တခြားကတော့ Vitamin C နဲ့ coconut acid တို့ဖြစ်ပါတယ် သုံးဘူးတဲ့သူတွေဆို ဒီ cleanser လေး ဘယ်လောက်ကောင်းလဲသိမှာပါ ချုံပြောရရင် all skin types သုံးလို့ရပါတယ် ဆောင်းတွင်းအတွက် သင့်တော်တဲ့ cleanser လေးတမျိုးဖြစ်ပီး size ကတော့ 150ml နဲ့ထွက်ပါတယ် Price ကတော့ 30000mmk ပါ
ဖူး skincare review တွေရေးတိုင်း စိတ်ဝင်စားခြင်းခံရတာ moisturizer ပါ moisturizer review တခုရေးဖို့လဲ အတော်လေး စမ်းသုံးရပါတယ် အခုပြောပြပေးမှာက လူသိနည်းသေးတဲ့ Kundal ရဲ့ derma series ထဲက soothing cream လေးပါ skin barrier technology နဲ့ ထုတ်ထားတဲ့ derma series ပါ Kundal brand ကို စိတ်ဝင်စားနေတာကြာပီ soothing cream အသစ်လဲ ပြောင်းမသုံးတာကြာပီဆိုတော့ သုံးဖြစ်တာပါ ဒီ derma series က all skin types ရတယ်ဆိုပေမယ့် sensitive skin တွေအတွက် အထူး သင့်တော်ပါတယ် texture လေးကိုလဲ ဖူး သဘောကျရတဲ့ gel cream type ပါ skin barrier ကို ပြန်ကုနေပီး healthy skin condition ပြန်ရချင်တဲ့သူတွေလဲ ဒီ soothing cream လေးကို စွဲသုံးလို့ရပါတယ် moisturizer ကို gel cream type သုံးနေကြသူဆို ဖူးပြောရဲတယ် ဒီဟာလေးကို အရမ်းကြိုက်မှာ စိမ့်ဝင်တာအရမ်းမြန်တယ် alcohol free, fragrance နဲ့ essential oil free ပါ အနံ့ကတကယ် လုံးဝမရှိပါဘူး main ingredients တွေအကြောင်းပြောပါမယ် antioxidants တွေအနေနဲ့ Centella extract (for soothing), turmeric root extract ကတော့ skin brightening နဲ့ soothing effect ရအောင် ထည့်ထားပေးပါတယ် olive fruit extract နဲ့ tocopherol ပါဝင်ပါတယ် skin identical ဖြစ်အောင်လို့ glycerin နဲ့ ceramide ပါဝင်ပါတယ် size ကတော့ 50ml ကိုမှ 18000mmk ပါ
ဆောင်းတွင်းလဲ ရောက်ပီဆိုတဲ့ lip balms လေးတွေက လိုကို လိုအပ်လာတယ် ရိုးအီနေတဲ့ Vaseline အပြင် ဘာသုံးလို့ရမလဲ ကြည့်တော့ Kundal က tinted lip balms လေးတွေကို ပြေးမြင်တယ် အရောင် ၄မျိုးထွက်တဲ့ အပြင် စျေးလဲ မကြီးဘူး size ကတော့ 3.6g ပါတဲ့အတွက် တချောင်းဆို အကြာကြီးသုံးရမယ် ဖူး အောက်ကပုံတွေထဲမှာလဲ အရောင်လေးတွေပြထားပေးမယ်နော် Kundal ရဲ့ lip balms တိုင်းမှာက honey & macadamia nut oil 20% ကို ထည့်သွင်းထားလို့ ကိုယ့်ရဲ့ နှုတ်ခမ်းလေးက moisture မရမှာတော့ စိတ်မပူနဲ့ ဖူးတို့လူတွေရဲ့ နှုတ်ခမ်းက အမှန်တော့ အရမ်းနုပါတယ် protect လုပ်ဖို့အသင့်ဆုံးနဲ့ thinnest barrier အရှိဆုံးပါ အဲ့ဒါကြောင့်လဲ နှုတ်ခမ်းခြောက်/ကွဲတာနဲ့ သွေးထွက်လွယ်တယ် ပီးတော့ sebaceous glands မရှိတဲ့အတွက် ကိုယ့်ဘာသာ ရေဘယ်လိုပဲ များများသောက်သောက် နှုတ်ခမ်းက moist ဖြစ်ဖို့မလွယ်တဲ့အတွက် lip balms တွေက သုံးသင့်တယ် အေးတဲ့ နိုင်ငံတွေမှာဆို ပိုဆိုးတာပေါ့ macadamia oil က moisture balance ကို restore လုပ်ပေးနိုင်ပါတယ် tinted lip balm ဖြစ်တဲ့အတွက် အရောင်လေးတွေ နည်းနည်းစီကွဲတယ် ဖူးကတော့ rose, cherry နဲ့ strawberry ကို သုံးပြထားပါတယ် price ကတော့ တချောင်းကို 11000mmk ပါ
ဖူး ဒီနေ့ sharing လုပ်ပေးသွားတာက P.Calm နဲ့ Kundal ၂မျိုးဖြစ်ပါတယ် cleanser,moisturizer,lip balm ၃မျိုးဆိုတော့ skincare routine လေး သဘောဖြစ်သွားတယ် အတော်အများနဲ့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့် ဒီ brands 2ခုလုံးကို official distributer ဖြစ်တဲ့ Beauty & Me မှာ ဝယ်ယူလို့ရပါတယ်
ပုံနှင့်စာများ ကူးယူဖော်ပြခွင့် မပြုပါရှင့်။
Original Post Link >> https://facebook.com/blogbyphu/posts/pfbid02FhEAmFRVYTh9sSjL8k49KQGC4FMQk9Hb8LMnSfTEsN5ru1SiqxUFjVEhJRxrQjWdl
P.Calm က စျေးလေး a little များတယ် ထင်ရသလောက် တကယ်ကောင်းသော
ဖူး ဟိုနေ့က story မှာ short review ပေးခဲ့သလို skin barrier ပြန်ကောင်းဖို့ healthy skin ပြန်သွားဖို့အတွက် ကောင်းတဲ့ soothing cream လေး
Kundal မှာ အရောင် ၄မျိုးထွက်တယ် ဖူးက အဲ့ထဲက ၃ရောင်ကို color swatch ပြထားတယ်နော်

Leave a Reply