[EDITORIAL & REVIEW] COTTON PADS & STUFF Reviewed by “The Rosie Edit”

If your skin gets irritated from using cotton pads, this one is for you.
ဒါကတော့ cleansing water and cotton pad သုံးတဲ့သူတွေတော်တော်များများဖူးပွင့်ကို ဟိုးအရှေ့ကလပိုင်းတွေမှာပြောကြတာပါ။ Cleansing water သုံးတဲ့အခါ cotton pad နဲ့ပွတ်ရင်မျက်နှာကစပ်တယ်၊ နီတယ်။ ပြောပြပေးပါဦးပေါ့။
ဒါကတော့ဖြစ်နိုင်တဲ့အကြောင်းရင်းတွေနဲ့ ပြောင်းသုံးသင့်တဲ့ product တွေပါ။ အဖြစ်နိုင်ချေအများဆုံးကနေ အနည်းဆုံးပေါ့နော်။
💡 cotton pad သုံးခုနဲ့အထက်သုံးမှမျက်နှာကပြောင်တာဆိုတာမျိုး cleansing တွေလုပ်လို့။
တည့်တည့်ပြောရမှကျေနပ်တာမို့လို့ တည့်တည့်ပဲပြောပါမယ်။ ကိုယ်ကမိတ်ကပ်ကို တုတ်နဲ့ခြစ်ချလို့ရအောင် အထူကြီးမလိမ်းဘူးဆိုရင် cleansing water သုံးတဲ့အခါ cotton pad နှစ်ခုသုံးပြီးတာတောင်မျက်နှာကပြောင်စင်မနေဘူးဆိုရင်တော့ အဲ့ဒီ cleansing water ဘူးကြီးကို ပြူတင်းပေါက်ကနေ ဝှီး ခနဲပစ်ထုတ်လိုက်ပါ။
Cleansing water/ micellar water တွေရဲ့ဖြစ်ပေါ်လာပုံ concept အခြေခံက ပြင်သစ်အမျိုးသမီးတွေအချိန်ကုန်သက်သာအောင် product တစ်မျိုးတည်းနဲ့မျက်နှာသစ်သလိုမျိုးအဆင့်ဆင့်ပြီးသွားအောင်ထုတ်ထားတဲ့ concept ပါ။ ဒါကြောင့်မို့လို့ အချိန်ကုန်သက်သာ လွယ်ကူဖို့အတွက် ဖျက်အားလည်းကောင်း gentle လည်းဖြစ်အောင်ထုတ်ထားတာပါ။ အဲ့ဒီလိုမျိုးပစ္စည်းကို cotton pad သုံးခုနဲ့အထက်သုံးမှ အညစ်အကြေးအကုန်ပြောင်ပြီးအဆင်ပြေတယ်ဆိုရင်တော့…. we don’t have time for that.
နောက်တစ်ချက်က cleansing water သုံးပြီး cotton pad တွေကိုမျက်နှာပေါ်မှာပွတ်ဆွဲပြီးဖျက်တဲ့အခါ mild exfoliation effect ကိုပေးပါတယ်။ Cotton pad သုံးလေးခုနဲ့စိမ်ပြေနပြေထိုင်ပြီးပွတ်ဆွဲနေရင် မျက်နှာကိုကော်ပတ်တိုက်နေသလိုမျိုး မျက်လုံးနဲ့မမြင်နိုင်တဲ့အရေပြားဆဲလ်တွေပါပါသွားမှာပါ။ ဒီအတိုင်းနေ့တိုင်းလုပ်နေရင် skin irritation နဲ့ skin barrier ကိုပျက်အောင်လုပ်ဖို့ဖိတ်ခေါ်နေသလိုပါပဲ။
ဒါကြောင့် cleansing water ကိုသုံးတဲ့အခါ မျက်နှာကိုမိတ်ကပ်အထူကြီးမလိမ်းရင် cotton pad တစ်ခုတည်းသုံးရုံနဲ့အဆင်ပြေသင့်ပါတယ်။ Cotton pad သုံးခုလောက်သုံးတာတောင် မျက်နှာကပြောင်စင်မလာဘူးဆိုရင်တော့ cleansing water ကိုပြောင်းဖို့အချိန်တန်ပါပြီ။
💡 Cotton pad မှာသုံးတဲ့ချည်သားက texture ကြမ်းတဲ့ဘက်ကိုသွားလို့။
အထူးသဖြင့် ဝါဂွမ်းကိုယက်ထားတဲ့နေရာမှာပါးပြီးတော့ အမျှင်ကြမ်းပါတာများတဲ့ cotton pad တွေမှာတွေ့ရတယ်။ နောက်ပြီးတော့ ဝါဂွမ်းကိုသေသေချာချာမသန့်စင်ထားတဲ့ cotton pad တွေမှာတွေ့ရတယ်။ အဲ့ဒီလိုမျိုးဖြစ်တတ်တဲ့သူထဲမှာပါနေရင်တော့ cotton pad ကိုပြောင်းပြီးတော့သုံးသင့်တယ်။ ကိုယ့်အသားအရေကို ကြမ်းကြမ်းတမ်းတမ်းပွတ်ဆွဲတာမျိုးမဖြစ်မယ့်ဂွမ်းလိုမျိုးကိုရှာပြီးသုံးသင့်တယ်။
မျက်နှာကိုဖျက်တဲ့ cotton pad နဲ့ပတ်သက်ပြီးတော့ ပြောလို့ရတာက ဒီလောက်ပဲပေါ့နော်။ ဈေးကွက်ထဲမှာကတော့ တွေကတော့အများကြီးရှိတယ်။ သုံးထောင်တန်လောက်ကနေပြီးတော့ သောင်းကျော်တန်တွေအထိရှိတယ်ပေါ့နော်။ အဲ့ဒီထဲကမှ ဖူးပွင့်သုံးဖူးတဲ့အချို့ တွေရဲ့ တွေကိုအောက်မှာဆက်ပြီးတော့ရေးပေးလိုက်ပါတယ်။
📝 SOUL SKIN – 5 LAYERS COTTON PAD
Soul Skin cotton pad က OEKO-TEX Standard 100 ဖြစ်တာကြောင့်မို့လို့ သူ့ရဲ့ raw material တွေကို လုပ်တာကအစ အပြီးသတ်အထိကို နူးညံ့ပြီးတော့ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ (ဥပမာ ဝါဂွမ်းစိုက်တဲ့နေရာမှာသုံးခဲ့တဲ့ ပိုးသတ်ဆေး၊ ဝါဂွမ်းသန့်တဲ့နေရာမှာသုံးတဲ့ပစ္စည်းတွေ) တွေကို အသားအရေအတွက်ဘေးမဖြစ်အောင်ထုတ်ထားတာမို့လို့ သုံးရတာနူးညံ့တယ်ပေါ့နော်။ ဒါကတော့ သူ့ရဲ့ main point ပေါ့။
မျက်နှာအသားအရေပေါ်မှာသုံးလိုက်ရင် နူးနူးညံ့ညံ့ရှိတယ်။ ကြမ်းရှရှမဖြစ်သလို အချို့သော cotton pad တွေလို ရှော၊ ရှလွတ်နဲ့ ပြောင်သလို မပြောင်သလိုမျိုးခံစားချက်လည်းမဖြစ်ဘူး။ သေသေချာချာဂရုစိုက်ပြီးတော့ဖျက်ရင်ပြောင်တယ်။ သူ့ဝါဂွမ်းကနူးညံ့တော့ ကိုယ်ကကီသွင်းပြီးဖျက်လိုက်ရင် ဝါဂွမ်းချည်တိုင်တွေကနည်းနည်းယိုင်ပြီးတော့ ပေါက်ချင်ချင်ဖြစ်ရော။ ဆိုတော့ လက်လေးကသာသာယာယာလေးဖျက်ရတယ်ပေါ့နော်။ Toner mask အဖြစ်သုံးရင်တော့အဆင်ပြေတယ်။ အစိုဓာတ်ကိုသေသေချာချာထိန်းပေးထားနိုင်တယ်။
Where to buy – Soul Skin Solution
📝 ANUA – COTTON PAD FOR TONER
ဒီတစ်ခုက Anua ရဲ့ heartleaf toner ကို toner mask အဖြစ်သုံးဖို့အတွက်ဦးတည်ပြီးထုတ်ထားတာ။ သူက ဝါဂွမ်းသားသန့်သန့်ထက်ကို pulp နဲ့ rayon (synthetic fiber) ကိုရောပြီးတော့လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူက နည်းနည်းလေးအကြမ်းခံတယ်။ ပွတ်ဆွဲလည်းချည်တိုင်ကယိုင်သွားတာမျိုးမဖြစ်ဘူး။ အကြမ်းခံပေမယ့်လည်း အသားအရေပေါ်မှာ ကြမ်းတာမျိုးမဟုတ်ဘူး။ နူးနူးညံ့ညံ့ရှိတယ်။ သူက တစ်ရွက်ကို Two layer ပါတယ်။
Rayon blend နည်းနည်းပါတဲ့အတွက်ကြောင့်မို့လို့ synthetic fiber တွေနဲ့မတည့်တဲ့သူတွေနဲ့တော့အဆင်ပြေမှာမဟုတ်ဘူး။ အဲ့ဒီမတည့်တဲ့သူတွေရှိတာက ရာခိုင်နှုန်းနည်းတဲ့အတွက်ကြောင့်မို့လို့ အရမ်းကြီးစိုးရိမ်စရာတွေမလိုပါဘူး။ သတိထားဖို့အချက်အတွက်ကိုပဲပြောပေးတာ။ ဒီတစ်ခုကို makeup removing ထက်ကို toner သုံးဖို့နဲ့ toner mask အဖြစ်သုံးဖို့အတွက်နှစ်မျိုးကတော့ အသင့်တော်ဆုံးလို့တော့မြင်တယ်။ ကိုယ်တိုင်အတွေ့အကြုံအနေနဲ့ကတော့ toner mask အဖြစ်သုံးတဲ့အထဲမှာ ဒီတစ်ခုကအစိုဓာတ်ကိုအကြာကြီးအထိန်းထားပေးနိုင်ဆုံးပဲ။
Where to buy – Beauty & Me
HYGGEE – NATURAL FACIAL COTTON PAD
ဒီတစ်ခုကတော့ ပစ္စည်းတွေကို သဘာဝအတိုင်းလေးသုံးရတာမျိုးကိုကြိုက်တဲ့ ကိုအသုံးချတဲ့သူတွေအတွက်ကိုရည်ရွယ်ပြီးထုတ်တားတယ်။ ၁၀၀ ရာခိုင်နှုန်းဝါဂွမ်းကိုမှ သူကချွတ်ဆေးနဲ့ဖြူနေအောင်ချွတ်ထားတာမျိုး၊ ပြီးတော့ ဝါဂွမ်းကိုအထပ်ထပ်အခါခါသန့်စင်အောင် chemical တွေနဲ့ treatment လုပ်ထားတာမျိုးမရှိဘူးပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ သူ့အရောင်က သဘာဝဝါဂွမ်းအရောင်ညိုတိုတိုလေး။
ဝါဂွမ်းသားကို treat မလုပ်ထားတာမို့လို့ သူလည်းပွတ်ဆွဲတာကိုခံနိုင်တယ်။ Durable ဖြစ်တယ်ပေါ့။ နူးနူးညံ့ညံ့တော့ရှိပေမယ့် သူ့မှာ သဘာဝ texture ရှိတာကိုခံစားလို့ရတယ်။ Toner mask အဖြစ်သုံးရင်လည်းကောင်းသလို toner mask သုံးတဲ့အခါတူတူသုံးရင်လည်းကောင်းတယ်။
Where to buy –EOS K – beauty shop
သုံးမျိူးစလုံးဖတ်ပြီးတော့ ဟုန်ပြီးတော့ ဘာကဘာမှန်းမတွေးချင်သူများအတွက် အောက်မှာအတိုချုပ်ရေးလိုက်ပါတယ်။
SOUL SKIN – ဝါဂွမ်းသားနူးနူးညံ့ညံ့ဖြစ်တာမျိုးကိုကြိုက်ရင်ယူ။ သူက အကြမ်းတော့သိပ်မခံဘူး။ နည်းနည်းပျော့တယ်။
ANUA – Durable ဖြစ်ပြီးတော့ toner mask တွေသုံးရင် ခဏလေးနဲ့မခြောက်တာမျိုးကိုရှာနေရင်တော့ ဒါကိုယူ။
HYGGEE –သဘာဝအလျောက် ချွတ်ဆေးနဲ့မထိထားတဲ့ ဝါဂွမ်းသား မပျော့လွန်းမကြမ်းလွန်း cotton pad ကိုသုံးချင်မယ်ဆိုရင်တော့ ဒါကိုယူ။
Post လေးကတော့ ဒါ‌လေးပါပဲ။
See you in the next post.
Love,
Rosie
Disclaimer – NOT sponsored to make this post. Products are gifted.
Original Post Link >> https://facebook.com/rosiexxix/posts/pfbid0d83GYqCupYEfeH7Ak1dfudxFn41v2L89AJy3QQkAJP6ybhafGBzT9efrnVZzui68l
No photo description available.

Leave a Reply