Cosrx Pure Fit Cica Cleansing Oil နဲ့ Bring Green Tea Tree Cica Sensitive Cleansing Water by LATTE’s Addictions

ဒီနှစ် နွေရာသီအတွက် Moon အကြိုက်ဆုံး Double Cleansing Products နှစ်ခု
ရေးမှာကတော့ Cosrx Pure Fit Cica Cleansing Oil နဲ့ Bring Green Tea Tree Cica Sensitive Cleansing Water ပါ။
ဒီနွေက တော်တော်ကိုပူပါတယ်။ Moon က Double Cleansing ကို လိုမှပဲ လုပ်စေချင်တဲ့သူ ဆိုပေမယ့် အခုက နွေကပူ ချွေးကထွက် ဖုန်ကထူဆိုတော့ ဘာပဲသုံးသုံး Double Cleansing နဲ့ သေချာဖျက် သေချာသစ်စေချင်ပါတယ်။ အထူးသဖြင့် Moon တို့လို နေ့တိုင်း Sunscreen သုံးဖြစ်တယ်ဆိုရင်ပေါ့လေ။
အဲဒီတော့ အခုရေးပေးမယ့် နှစ်ခုက လက်တလော အရမ်းသဘောကျတဲ့အထဲပါတယ်။ Cleansing Oil တို့ Cleansing water တို့က ပြန်ဆေးချရတာမို့ Ingredients က အရေးမကြီးဘူးဆိုပေမယ့်လည်း ကိုယ့်အသားအရေကို အရင်ဆုံးထိတွေ့မှာဆိုတော့ ကောင်းနေဖို့တော့ လိုတယ် မဟုတ်ဘူးလားနော်။
နှစ်ခုလုံးကလည်း Tea Tree Cica Products တွေ ဖြစ်နေတယ်။ Cosrx ကတော့ Cica-7 Complex ပါတယ်။ Bring Green ကတော့ Tea Tree ရယ် Cica ရယ် ပါတယ်။
Tea Tree က ဝက်ခြံအဆီဖုတွေ သက်သာအောင် ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းနေတာတွေ သက်သာအောင်
Cica ကတော့ Soothing ကောင်းပြီး ဝက်ခြံတွေ မြန်မြန်သက်သာအောင် ကူညီပေးတယ်။
နှစ်ခုလုံးကို ကြိုက်တာက သုံးပြီးတာနဲ့ Greasy စီးကပ်ကပ်ဖြစ်တဲ့ ခံစားချက် လုံးဝမကျန်လို့ နွေရာသီလို ပူအိုက်နေတဲ့အချိန်တွေမှာလည်း သုံးလို့ အရမ်းကို အဆင်ပြေတာ။
ဒီ Reviews က ဘယ်သူတွေနဲ့ အဆင်ပြေမလဲဆို
ဝက်ခြံ အဆီဖု အဆီပြန်ပြီး အသားအရေ Sensitive ဖြစ်လို့ ဘယ်ဟာကို ရွေးရမယ်မသိဘူး ဖြစ်နေတဲ့သူတွေ
Double Cleansing နေ့တိုင်းလုပ်ချင်တယ် ဒါပေမယ့် အသစ်လွန်ပြီး Barrier ထိမှာ ကြောက်တဲ့သူတွေ Barrier ပျက်စီးနေပေမယ့် Basic Cleansing ကို ကောင်းကောင်းဂရုစိုက်ချင်တဲ့သူတွေ
Cleansing သေချာမလုပ်မိလို့ ချွေးပေါက်ပိတ်ပြီး ဆားဝက်ခြံ (blackhead) တွေရှိနေတဲ့သူတွေ
Sunscreen နေ့တိုင်းသုံးတဲ့သူတွေ Makeup နေု့တိုင်းလိမ်းတဲ့သူတွေ
မနက်ဆို ချွေးတွေ အရမ်းထွက် အဆီတွေပြန်ပြီး ဖုန်ထူတဲ့နေရာတွေသွားမိလို့ အသားအရေ ညစ်ညစ်ကြီး ဖြစ်နေတဲ့သူတွေ
Tea Tree Cica ပါတဲ့ Cleansing Products ရှာနေတဲ့သူတွေအတွက်ပါ။
Moon ကို ဘာကြိုက်လဲမမေးနဲ့။ Moon က Tea Tree Cica ပါတာနဲ့ ကြိုက်ပြီးသားမို့ တစ်ခုတစ်မျိုးစီ ကြိုက်တယ်။ Cleansing Oil သုံးချင်တဲ့နေ့ Cosrx သုံးတယ်။ Cleansing Water သုံးချင်တယ်ဆို Bring Green သုံးတယ်။
ရွေးရလွယ်အောင် တစ်ပုံချင်းစီမှာ not so အသေးစိပ်လေးတော့ ရေးပေးထားပါတယ်။ ဘယ်လိုသုံးရင်ပိုကောင်းတယ် ဘယ်ဟာကတော့ ဘယ်သူတွေနဲ့ဆို ပိုအဆင်ပြေတယ် အဲလိုမျိုးပေါ့။ ဆိုတော့ ကိုယ်သဘောကျတာ Oil လား Water လား ကိုယ်ရွေးလိုက်ရုံပဲ။
Bring Green က BRING GREEN Myanmar မှာ ရနိုင်ပါတယ်။ 500ml ပါတဲ့ Pump ဘူးကို ၂၇၀၀၀ ကျသင့်ပါတယ်။
Cosrx ကတော့ Beauty & Me ကပါ။ 200ml ပါဝင်ပြီး ၃၃၀၀၀ ကျသင့်ပါတယ်။ 50ml ပါတဲ့အသေးလေးကတော့ တစ်သောင်းပါ။
အားလုံးကိုလှသည်ထက် လှစေချင်တဲ့
#Moon
🌙
#LattesAddictions
#LATTExMoon

Cosrx Pure Fit Cica Cleansing Oil

Cica ပါတဲ့ Cleansing Oil က ခုမှစသုံးဖူးတာမို့ Moon အတွက်တော့ Cosrx က အထူးအဆန်းလေးလိုပါပဲ။ ဥပမာ ပြောရမယ်ဆို ပြန်ဆေးချရမယ့် Oil တို့ဘာတို့ဆို ဘာပါတယ် သိပ်သတိထားမိတာမဟုတ်ဘူး။ အဓိကက ပြောင်ရှင်းသွားတယ် ဆေးချရလွယ်တယ်ဆို ကျေနပ်ပြီ။

ဒါလေးသုံးတဲ့အချိန်ကျ Cleansing Oil ဆိုတာ မိတ်ကပ် Sunscreen ဖျက်တာထက် ပိုပါလား ဆိုတဲ့ ခံစားချက်ကိုရတယ်။

သူ့မှာ သုံးထားတဲ့ cica-7 complex ဆိုတာက Cica ပင်ကို ခုနှစ်မျိုးဖော်စပ်ပြီး ထုတ်ထားတာ အရွက် အရိုး ပန်းပွင့်ကနေ အမြစ်ထိ Cica ကို သုံးပေးထားလို့ Soothing Calming ကို သိသိသာသာ သတိထားမိတယ်။

Oil ဆိုပေမယ့် တော်တော်လေး Watery ဖြစ်တဲ့ Oil မို့ အများကြီးမလိုဘူး။ 2 3 pumps လောက်နဲ့တင် တစ်မျက်နှာလုံး လောက်တယ်။

Cosrx ကော Bring Green ကော Dust Cut Technology ကို သုံးထားတာမို့ အသားနဲ့ထိလိုက်တာနဲ့ မျက်နှာအပေါ်ယံက ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ထိရောက်အောင် ညင်ညင်သာသာနဲ့ သန့်စင်ပေးနိုင်တယ်။

သုံးထားတဲ့ Oils တွေကလည်း ချွေးပေါက်ပိတ်စေတဲ့ Oils တွေမဟုတ်လို့ အဆီဖုရှိတဲ့သူတွေပါ စိတ်ချလက်ချသုံးလို့ရတယ်။ မျက်လုံးထဲဝင်ရင်တော့ နည်းနည်းရှိန်းတိန်းတိန်းမျိုးတော့ဖြစ်တယ်။ ဆေးချရတာလွယ်ပါတယ်။ ဝင်သွားခဲ့သည်ရှိသော် သတိထားရအောင်လို့။

ဆားဝက်ခြံရှိတယ်ဆိုလည်း သက်သာအောင်ကူညီပေးတယ်။ ဒါကတော့ Double Cleansing လုပ်တယ်ဆို သက်သာလား မသက်သာလား တကူးတကညွန်းစရာမလိုဘူးထင်တာပဲ။

အကောင်းဆုံးအချက်ကတော့ မျက်နှာကို စက္ကန့် (၃၀) တစ်မိနစ်လောက်ထိုင်ပွတ် သူ့မှာပါတဲ့ Cica အနံ့လေးကြောင့် လူက Spa မှာ Treatment ယူနေရသလိုကို ဇိမ်ကျတာ။ အရမ်းပင်ပန်းတဲ့နေ့တွေဆို လက်က ဒီ Cleansing Oil ဆီ အော်တိုရောက်သွားတာပဲ။

ပြန်ဆေးချတဲ့အခါ ရေလေးနည်းနည်းရောပြီး Milky နို့ရည်ပုံလေးပြောင်းသွားချိန်မှာ နည်းနည်းလေး ဆယ်ငါးစက္ကန့်လောက် ထပ်ပွတ်။ ပွတ်ပြီး ရေဆေးချရင် မျက်နှာသစ်ဆေးလိုက်စရာမလိုအောင်ကို Cleansing Oil သုံးလို့ Layer ကျန်တာမျိုး မဖြစ်ပဲ သန့်ရှင်းသွားတာလည်း တော်တော်လေးသဘောကျမိတယ်။ ဒါပေမယ့် Deep Cleansing ဖြစ်အောင်တော့ ထပ်သစ်ပေါ့နော်။

တစ်ခါတည်း ဖြေလိုက်မယ် Cica ပါလို့ ဝက်ခြံ အဆီဖု ချွေးပေါက်ကျယ်တာတွေ သက်သာမလား ဆားဝက်ခြံတွေကော သက်သာလာမှာလား မေးရင်တော့ ဒါတစ်ခုတည်းနဲ့တော့ ဘယ်ရမလဲလို့ပဲ ဖြေမယ်နော်။ ဒီကောင်ကို အကုန်ပျောက်ဆိုပြီး အားကိုးလို့မရဘူး။ သို့ပေမယ့် အသားအရေကောင်းခြင်းရဲ့ အစက Cleansing မို့ ဒါလေး ကိုယ့် ပုံမှန် routine ထဲ ထည့်သုံးလို့ရမလားဆိုရင်တော့ yes yes yes ရပါတယ်။ ထည့်သုံးကြည့်ပါလို့။ All Skin Type သုံးလို့အဆင်ပြေပါတယ်။

ပြောရမယ်ဆို စျေးနည်းနည်းတော့များပါတယ်။ ကိုယ်က Cleansing Oil ကောင်းကောင်း သုံးရတာ ကြိုက်တယ်ဆို ဒါလေးကို သုံးကြည့်ပါ။ ပေးရတာနဲ့ ပြန်ရတာ အပုံကြီးကောင်းတယ်ဆိုတာ Moon အာမခံပါတယ်လို့။ အသေးလေးအရင်စမ်းကြည့်ပေါ့။

Original Post Link– https://www.facebook.com/LATTEnMOON/Cosrx Pure Fit Cica Cleansing Oil