COSRX Advanced snail radiance dual essence Review by Skincare Practice with Ritika

Why no one is talking about about this product 😬
Hello everyone 👋🏼
Riika ဒီနေ့ review ပေးမှာကတော့ cosrx က advanced snail radiance dual essence လေးဘဲဖြစ်ပါတယ်။
လူတိုင်းက Advanced Snail 96 Mucin Power essence လေးအကြောင်းဘဲပြောနေလို့ ဒါလေးreview လာရေးတာ။ သူ့မှာ snail mucin ကော niacinamide ကောပါတယ်။ Multipurpose product လေး။ ဒီ product လေးကို riika အမေကို ဝယ်ပေးထားတာ၊အမေ့ မျက်နှာကို ကြည့်ပြီး review ပေးတာပါ။ Riika လဲတစ်ခါတစ်လေသုံးတယ်၊ results ရလောက်တဲ့ထိတော့ စွဲစွဲမြဲမြဲမသုံးဖူးဘူး၊ texture လေး feels လေး ဘယ်လိုလဲသိရအောင်လောက်ဘဲ သုံးဖြစ်တာ။
For content mommy has dry mature skin. အသက်ကြီးလာတော့၊ ဆီးချိုလဲရှိတော့ အသားကတော့ ခြောက်တယ်။ အရေးအကြောင်းတွေကတော့ တအားမရှိဘူး mommy က face yoga တွေ facial exercise တွေလုပ်တော့။ But အသက်ကြီးလားတော့ skin elasticity တွေကသိပ်မရှိတော့ large pores တွေဖြစ်တယ်။
ဒီ essence/ serum လေးသုံးတာ မြင်တဲ့အတိုင်းဘဲ တစ်ဘူး ကုန်တော့မယ်။ Riika အမြင်မှာတော့ သူ့ pores တွေ အရင်ကလောက်မကြီးတော့ဘူး။ မျက်နှာမှာရှိတဲ့ တင်းတိတ် နဲနဲလေး ရှိခဲ့တာ အဲ့တာလဲ သိပ်မရှိတော့ဘူး။ Skin က overall even ဖြစ်လာတာ။ အဲ့ချွေးပေါက်နေရာက တော်တော် လေးသိသိသာသာ သက်သာတယ်။
သူ့မှာပါတဲ့ ingredients တွေကတော့
🐌 Snail secretion filtrate – snail mucin ရဲ့ benefits ကတော့ ထွေထွေ ထူးထူး ပြောစရာမလိုပါဘူး။ Skin hydration, skin texture , skin အတွက် nutrition တွေအများကြီး ပေးတယ်။ တစ်ချို့တွေဆို ချိုင့်ခွက် acne scar တွေလဲသက်သာတယ်။ အဲ့တာတော့ riika လက်တွေ့မမြင်ဖူးတော့ သိပ်အာမမခံဘူး။
Star ingredient of the product – Niacinamide 5%- Riika အပေါ်မှာပြောတဲ့ mommy ရဲ့ pores တွေ သိပ်မကျယ်တော့တာ အဲ့ niacinamide ကြောင့်ဘဲ။ Riika အရင်က ပြောဖူးတယ် pores တွေရဲ့ size က change လို့မရဘူး။ ဒါပေမဲ့ ဒီလို အသက်ကြီးလာလို့ ကျယ်တဲ့ pores ကြတော့ treat ပြန်လုပ်လို့ရတယ်။ Niacinamide တို့ retinol တို့ salicylic Acid တို့နဲ့ ။
💦 Panthenol, Glycerin and sodium hyaluronate စတဲ့ skin hydrator တွေလဲပါတယ်။
Texture and experience
Texture က တော်တော်လေး lightweight ဖြစ်တယ်။ Oilyskinတွေ Snail 96 လေးကို heavy ဖြစ်မယ်ထင်ရင် ဒါလေး try ကြည့်။ Riika ရဲ့ dry skin မှာတော့ moisturizer လိုတယ်။ I repeat တော်တော်လေး lightweight ဖြစ်တာ။ လိမ်းပီးရင် sticky မဖြစ်နေဘူး။
Skin barrier repairing အတွက်လဲတော်တော် ကောင်းတယ်။ စျေးတော့ နဲနဲများတယ်။ ၄သောင်းနားကတ်နေပီ။
Can use all skin type but highly recommend for oily skin, mature skin.
I bought this from Beauty & Me
အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးပါ။ 🙏🏼
Hope this help 🥰
Stay safe and take care 🤗
#cosrx #snailmucin

Original Review Link ~ https://www.facebook.com/COSRX/Snail Dual Essence/SkincarepracticewithRitika