Kundal Derma Skin Barrier Technology Tone Up Sunscreen REVIEWED BY “For Your Better Skin”

Kundal Derma Skin Barrier Technology Tone Up Sunscreen REVIEW

Sunscreen လိမ်းတိုင်း အဆီပြန်ပြီးမျက်နှာညိုမည်းသွားတယ်ဆိုတဲ့သူတွေ၊ တင်းတိပ်အတွက် tinted sunscreen ရှာနေသူတွေနဲ့ ပျစ်နှစ်ပြီးဖြန့်လိမ်းရခက်တဲ့ sunscreen ဆို မလိမ်းချင်တဲ့သူတွေရှိလား။ 👀
“Kundal Derma Skin Barrier Technology Tone Up Sunscreen Review”
ဒီပြသနာလေးတွေ ပြေလည်ဖို့အတွက် မေသုံးဖြစ်နေတာလေးကတော့ Kundal Derma Sunscreen လေးပါ။
Texture က နို့ရည်ကျဲကျဲလေး လိမ်းနေရသလိုကို ပေါ့ပါးတယ်။ Iron oxide ပါတဲ့ tinted sunscreen မို့ screen ကထွက်တဲ့ အလင်းရောင်ကအစ ကာကွယ်ပေးတာကြောင့် တင်းတိပ်သမားတွေအတွက် ပိုအကျိုးရှိစေမယ်ပေါ့နော်။ဒါပေမဲ့ သူ့ tint က ပန်းရောင်ဖောက်လေးဆိုတော့ အသားလတ်သူဖြူသူတွေနဲ့ အရမ်းလိုက်ပေမဲ့ ညိုရင်တော့မပြေလောက်ဘူး။
Illuminating tone up technology နဲ့ ထုတ်ထားတာမို့ လိမ်းပြီးရင် အသားမှာ foundation လိမ်းလိုက်သလို ဖြူဝင်းသွားတယ်။သူ့ finish လေးကို မေသိပ်သဘောကျတာ။ဘယ်လိုပြောရမလဲ၊ ခြောက်တင်းလွန်းတာလည်းမဟုတ်၊ စိုဝင်းလွန်းတာလည်းမဟုတ်ဘဲ ဖြူဖြူကြည်ကြည် look လေး။တစ်ခုသတိပေးချင်တာက လိမ်းတဲ့အခါမှာ လောဘတကြီးအများကြီးယူမလိမ်းဘဲ နည်းနည်းချင်းစီ layer ထပ်လိမ်းပေးဖို့ပါ။
သူက Zinc oxide အခြေခံထုတ်ထားတဲ့ physical sunscreen မျိုးနွယ်ဆိုတော့ အဆီပြန်တာ အတော်လေးသက်သာစေပေမဲ့ အသားကြီးအရမ်းခြောက်ကပ်မနေတာကိုလည်း သတိထားမိတယ်။
Kundal Derma Line မှာပါတဲ့ product တွေအကုန်လုံးမှာ skin barrier ကျန်းမာစေတဲ့ 5-cica complex(C), Panthenol(P), Red clover(R) ဆိုပြီး သုံးခုပါပါတယ်။ဝက်ခြံအဆီဖုသမားအကြိုက် tea tree leaf water လည်း ထည့်ထားတဲ့အပြင် မေသုံးကြည့်တာ သူ့ကြောင့်ချွေးပေါက်ပိတ်ပြီး အဆီဖုထတာတွေ မဖြစ်ခဲ့လို့ အဆီဖုနဲ့ဝက်ခြံဖြစ်တတ်တယ်ဆိုရင် ဒါလေးကိုရွေးလို့ရတယ်။
မိတ်ကပ်လိမ်းစရာမလိုဘဲ ဖွေးဖွေးကြည်ကြည်ရုပ်လေးထွက်လို့ မိတ်ကပ်လိမ်းဖို့အချိန်မပေးနိုင်သူတွေဆို အဆင်ပြေမှပြေ။🤭
✔️All skin types ကိုမှ အဆီထိန်းပြီး မျက်နှာမှောင်ကျမသွားတဲ့ sunscreen ရှာနေရင်၊
✔️တင်းတိပ်ရှိလို့ visible light ပါကာကွယ်ပေးတဲ့ စျေးချိုချို tinted sunscreen ရှာနေရင်၊
✔️အသားအရေက sensitive ဖြစ်ပြီးအဖုထလွယ်သူတွေအတွက် သင့်တော်ပါတယ်။
တစ်ဘူးထဲနဲ့ skincare & makeup effect နှစ်ခုလုံးရတာကိုမှ နှစ်သောင်းခွဲဝန်းကျင်ပဲ။မေကတော့ ကြိုက်လွန်းလို့ အခု 15% off sale ရှိတုန်း အသစ်တစ်ဘူးထပ်ဝယ်ထားပါတယ်။ Kundal Myanmar_Official မှာ ဝယ်လို့ရပါတယ်။😚
Disclaimer: For Your Better Skin X Kundal

ပန်းရောင်အဖောက် ခပ်ကျဲကျဲလေး cream လေးပါ။တစ်နေကုန်အဆီထိန်းပြီး ဝင်းညက်နေလို့ မေကတော့အရမ်းသဘောကျပါတယ်။

Original Review Link… https://www.facebook.com/For Your Better Skin-KUNDAL DERMA SKIN BARRIER TECHNOLOGY TONE UP SUNSCREEN– Review