Kundal X Terra Hair Loss Relief Shampoo REVIEWED BY “For Your Better Skin”

Kundal X Terra Hair Loss Relief Shampoo Review

ဆံပင်ကျွတ်ပြီး ခေါင်းအဆီပြန်လွယ်သူတွေအတွက် အေးမြလန်းဆန်းစေမယ့် anti hair loss beer shampoo 🍺
“Kundal X Terra hair loss relief shampoo review”
အပူလည်းပြင်း၊ ဖုန်လည်းထူတဲ့နွေရာသီမှာ ခေါင်းချွေးတွေထွက်၊ ဆံပင်မှာအညစ်အကြေးတွေပုံထပ်ပြီး ယားယံလွယ်လို့ ခေါင်းခဏခဏလျှော်ရတဲ့ဒုက္ခကလည်း မသေးပါဘူး။ခေါင်းလျှော်ရည်ရွေးတဲ့အခါမှာလည်း တစ်ဘူးထဲနဲ့စွယ်စုံ effect ရရင် ကိုယ့်အတွက် ပိုပြီးတွက်ချေကိုက်တာပေါ့နော်။
ဒီ beer shampoo လေးက deep cleansing, hair loss relief, scalp cooling အတွက်ဆိုတဲ့ ရည်ရွယ်ချက်သုံးခုနဲ့ ထုတ်ထားတာ။🤟🏻
သူက Korea ရဲ့ နာမည်ကြီး personal care brand Kundal နဲ့ Terra beer🍺 တို့ ပေါင်းပြီးထုတ်ထားတဲ့ limited edition လေးပါ။ Terra က ဘီယာအတွက်သုံးတဲ့ မုယောစပါးကုန်ကြမ်းကို လေထုပတ်ဝန်းကျင်အရမ်းသန့်တဲ့ဩစတေးလျထွက်ပဲသုံးတယ်လို့ နာမည်ကျော်တဲ့ beer company တစ်ခုဖြစ်ပါတယ်။
Shampoo နဲ့ beer က ဘာဆိုင်လို့လဲလို့ တွေးနေသူတွေအတွက် မေက ဒီ shampoo ရဲ့ highlighted ingredient ဖြစ်တဲ့ beer yeast အကြောင်း နည်းနည်းလေးရှင်းပြချင်တယ်။လေ့လာချက်တွေအရဆို ဘီယာအချဉ်ဖောက်ဖို့အတွက် တဆေး(yeast) သုံးရတယ်။ Yeast မှာပါတဲ့ amino acid လေးတွေက မေတို့ဆံပင်မှာရှိတာနဲ့ ဆင်တူတဲ့အတွက် beer က ဆံသားနဲ့ဦးရေပြားကျန်းမာဖို့ အထောက်အပံ့ပေးနိုင်တယ်။ဒါ့အပြင် ဒီ shampoo မှာ biotin လည်း ပါတော့ ဆံပင်ကျွတ်တာအတွက် ပိုကောင်းမယ်ပေါ့။
Beer shampoo ဆိုလို့ beer နံ့ကြီး မဟုတ်ပါဘူး၊ refreshing ဖြစ်တဲ့ lemon နဲ့ ပူရှိန်းနံ့အရောလေးပါ။နည်းနည်းလေးသုံးရုံနဲ့ အမြှုပ်တွေဖွေးနေအောင်ထွက်တဲ့အတွက် အတော်လေးလည်းအသုံးခံပါတယ်။
မေရဲ့ user experience ကိုပြောပြရမယ်ဆိုရင်
✨Deep cleansing
Cleansing power ကောင်းတဲ့အပြင် Salicylic acid ပါလို့ ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်မှာစေးကပ်နေတာတွေ၊ ဦးရေပြားမှာဂျီးတင်နေတာတွေရှင်းပြီး ပေါ့ပါးသွားတဲ့ feeling ကိုရတယ်။အဆီပြန်ပြီး ခေါင်းခဏခဏလျှော်တတ်တဲ့သူတွေနဲ့ဆိုကွက်တိ။
❄️Scalp cooling
ပြီးတော့ သူ့မှာ Menthol ပါလို့ ရေလောင်းလိုက်ရင် ရှိန်းရှိန်းအေးအေးလေးနဲ့ဇိမ်ပဲ။ဦးရေပြားပူတတ်ပြီး မကြာခဏခေါင်းယားတတ်တယ်ဆိုရင် ဒီလို menthol ပါတာလေးက အေးမြပြီးယားယံတာသက်သာစေလို့ အကြိုက်တွေ့မှာ။
🍺 Hair loss relief
မေကဆံပင်ကျွတ်လွယ်တယ်။ဒီ shampoo လေးနဲ့ ငါးခါလောက်လျှော်အပြီးမှာ ဆံပင်ကျွတ်တာအတော်လေးလျော့တယ်။ဆိုတော့မဆိုးဘူးပေါ့နော်။ hair loss relief လေး ဖြစ်သား။(ဒါပေမဲ့တစ်ယောက်နဲ့တစ်ယောက် အခြေအနေကမတူတဲ့အတွက် လူတိုင်းအတွက် hair loss သက်သာမယ်လို့တော့ မေအာမမခံပါဘူး။)
ဆံပင်ကျွတ်ရတဲ့အကြောင်းရင်းကလည်း အများကြီးရှိတယ်ပေါ့နော်။ဒီ shampoo လေးကို မေကဘယ်လိုလူတွေအတွက်ညွှန်းချင်လဲဆိုရင် ဆံပင်မွေးညင်းပေါက်တွေမှာ အညစ်အကြေးတွေဆို့ပြီး ဆံပင်ကျွတ်တဲ့သူတွေနဲ့ chemical အထိများပြီးကျွတ်နေလို့ scalp care အတွက် ရှာနေသူတွေအတွက် recommend လုပ်တယ်။
တစ်ခုရှိတာက ခေါင်းလျှော်ပြီးရင် ဆံပင်ကပျော့သွားတာကို မခံစားမိတဲ့အတွက် မေကတော့ conditioner လေးနဲ့ တွဲသုံးဖြစ်ပါတယ်။
ခေါင်းကအဆီပြန်ပြီး စေးကပ်ယားယံလွယ်တယ်၊ ဦးရေပြားအေးပြီးရှင်းသန့်သွားတာမှကြိုက်တယ်၊ ဆံပင်လည်းကျွတ်တယ်ဆိုရင် ရွေးသင့်တဲ့ shampoo ပါလို့။ 500 ml ပါတာကို သုံးသောင်းစွန်းစွန်းပေးရပေမဲ့ April 10 ထိ Beauty & Me , Kundal Myanmar_Official မှာ 15% off ရှိလို့ ခုချိန်ဝယ်ရင်တန်ပါတယ်။
Disclaimer: Kundal X For Your Better Skin

Original Review Link… https://www.facebook.com/For Your Better Skin-KUNDAL X TERRA HAIR LOSS RELIEF SHAMPOO– Review