အခုတလော ဒါမှဒါစွဲစွဲလန်းလန်း သုံးဖြစ်လို့ နင့်ဆံပင်လေး ကောင်းလာလိုက်တာ ဆိုတဲ့လူတိုင်းလဲ ဒါပဲ ညွှန်းပေးဖြစ်နေတဲ့ shampoo လေး … REVIEWED BY “The M World By May Yupar”

အခုတလော ဒါမှဒါစွဲစွဲလန်းလန်း သုံးဖြစ်လို့ နင့်ဆံပင်လေး ကောင်းလာလိုက်တာ ဆိုတဲ့လူတိုင်းလဲ ဒါပဲ ညွှန်းပေးဖြစ်နေတဲ့ shampoo လေး … 
ဒီရာသီဥတုနဲ့ ခေါင်းချွေးတွေထွက် ခေါင်းတခါလျှော် နောက်နေ့ အဆီပြန်ချွေးနံ့ထွက် ဖြစ်တော့ review တွေရှာဖတ်ရင်း Kundal x Terra က shampoo review တွေတွေ့တော့ ကောင်းမှာပဲဆိုပြီး မှာဖို့ကြည့်နေတာ
အိမ်မှာ gift box တွေ ထုတ်ရင်း Beauty & me ရဲ့ new year gift box ထဲ လက်ဆောင်ပါတော့ အဲ့နေ့ပဲ ချက်ချင်းဖောက်ပြီးသုံးကြည့်ဖြစ်တယ် 
ရူပါ့ဆံပင်က ဆံလုံးသေးတယ်
ပြီးတော့ချွတ်ဆေးသုံးထားတယ်
အခုနောက်ပိုင်း က ဦးရေပြားလဲ အရမ်းအဆီပြန်ပြီး ကျွတ်ပါ ကျွတ်လာတယ်
ရာသီဥတုပူတော့ တော်ရုံ မွှေးတဲ့ Shampoo နဲ့ လျှော်ထားလဲ နောက်နေ့ကျ ခေါင်းချွေးနံ့ကြီးပြန်ထွက်လာရော
ခေါင်းလျှော်တဲ့တရက်ပဲ ဆံပင်က fresh ဖြစ်တယ် 
Kundal Shampoo နဲ့ လျှော်ကြည့်တော့
ပထမဆုံးသိသာတာက
ခေါင်းလျှော်ပြီး ၄ ရက်လောက်အထိ ဦးရေပြားအဆီမပြန်ဘူး
ပြီးတော့ သူက Mint နဲ့မို့ ခေါင်းလျှော်နေတဲ့အချိန် ရော လျှော်ပြီးတဲ့အချိန်ရော ပူရှိန်းရှိန်းလေးနဲ့ အရမ်း relax ဖြစ်ပြီးနေလို့ကောင်းတယ်
နောက်ပြီး အနံ့လဲ ထိန်းတယ် ရှင် ၃ ရက်လောက်အထိ မွှေးတေးတေးလေးနဲ့ ခေါင်းချွေးနံ့ မရဘူး 
၂ ပတ်လောက်မှာ စသိသာလာတာက
ဆံပင် ကျွတ်တာ တဖြေးဖြေးနည်းလာတယ် 
Review တွေထဲမှာတော့ ၂လလောက် ဆို baby hair ငုတ်စိလေးတွေ ထွက်လာတယ်ပြောလို့ စိတ်လှုပ်ရှားစွာစောင့်နေတယ် 
ဒါက ရူပါ့ရဲ့ user experience ပေါ့
ခေါင်းလျှော်ရည်ဆိုတော့ ဘာနဲ့ လုပ်ထားလို့ ကောင်းတာလဲ ဘာmade လဲ ရူပါ ရှာကြည့်တော့
သူက Kundal Korea skincare brand နဲ့ Terra beer ရဲ့ collaboration ဖြစ်ပြီး Organic မုယောစပါးအစေ့နဲ့ ဘီယာတဆေး( ဘီယာချက်တဲ့တဆေး yeast နော် alcohol မပါဘူး ) ရဲ့ အဆီအနှစ်တွေနဲ့ လုပ်ထားတာမို့ လို့ bestseller Shampoo ပါ
ပြီးတော့ သူက ဆံပင်နဲ့ body ကို ထိခိုက်မဲ့ chemical တွေမပါလို့ EWG green grade ရထားတဲ့ brand ပါ
ဝယ်မယ်ဆို Kundal Myanmar_Official နဲ့ Beauty&Me page တွေမှာ ဝယ်လို့ ရပါတယ်
500 ml -31800 ကို အခု April 10 ရက်နေ့ထိ 15% discount ရှိလို့ ရှယ်တန်သောနော်

တခါလျှော် 4 pump လောက်နဲ့ တခေါင်းလုံး ကောင်းကောင်းအမြုတ်ထွက်တယ် ![]()
![]()
……………………………………………………………………………………………….

ခေါင်းလျှော်ပြီးရင်လဲ mint လေးကြောင့် ခေါင်းအေးပြီးနေလို့ကောင်း ![]()
![]()
……………………………………………………………………………………………….

ဒါ ခေါင်းလျှော်ပြီး dryer ပဲ မှုတ်ထားတာနော် လုံးဝ ဖြောင့်စက် ဘာညာမသုံးထားဘူး ချွတ်ထားတဲ့ ဆံပင်ကို ဝပ်ဆင်းနေသောပဲ တအားကြိုက် ![]()
![]()
![]()
![]()
Original Review Link… https://www.facebook.com/The M World by May Yupar-KUNDAL x TERRA Hair Loss Relief Shampoo– Review