Cosrx ABC Serum & Cream Reviewed By “LATTE’s Addictions”

Cosrx ABC Serum & Cream Reviewed By “LATTE’s Addictions”

Cosrx ကတော့ products တွေရော Brand နဲ့ ပတ်သက်ပြီးတော့ရော ထွေထူးပြီး မိတ်ဆက်ပေးစရာမလိုပဲ
skin care junkies တွေနဲ့ ရင်းနှီးနေပြီးသားမို့ အများကြီးပြောနေရင် ဖတ်ရပျင်းနေဦးမယ်။
ဆိုတော့ ဒီနေ့ Cosrx က product တွေ
Latte တို့မရေးဖြစ်တာလည်းကြာတာရယ်၊
မိုးတွင်းဆိုတော့ နေရောင်နဲ့ တိုက်ရိုက် ထိတွေ့မှုတွေလည်း နည်းနေတုန်း Acid လေးတွေ daily exfoliation အနေနဲ့ ပြန်စမ်းချင်လာတာနဲ့ လက်ထဲရှိတဲ့ Cosrx ရဲ့ AHA BHA VitC Serum နဲ့ Cream ရယ်ကို သေချာပြန်သုံးဖြစ်တာနဲ့ အခု Review ရေးပေးဖို့ဖြစ်လာတယ်ဆိုပါတော့။
Product 2ခုလုံးမှာတော့ AHA, BHA နဲ့ Vitamin C ပါတာကြောင့်
exfoliation, brightening တွေအပြင်
ချွေးပေါက်ကျယ်တာတွေ Hyperpigmentation တွေ
အသားရည်မညီတာတွေ
ဝက်ခြံကြောင့် နီတာရဲတာတွေ နဲ့ ချွေးပေါက်ပိတ်တာ ချွေးပေါက်ကျယ်တာကိုလည်းသက်သာစေပြီးတော့ အသားရည်ကို smooth & evenout ဖြစ်စေတယ်။
တစ်ခုချင်းရဲ့ Review ကိုတော့ ပုံအောက်တွေမှာ ဆက်ပြီး ဖတ်ကြည်ပေးနော်။
Cosrx products တွေကိုတော့ official distributor ဖြစ်တဲ့ Beauty & Me မှာ ဝယ်လို့ရပါတယ်။
Serum ရော Cream ရောက PR ရထားတာတော့ တော်တော်ကြာနေပါပြီ။
ခုမှ သေချာ သုံးကြည့်မိတာကြောင့်ခုမှရေးပေးလိုက်တာပါ။
Love you all 💜
Latte
☕️

……………………………………………………………..

~ Cosrx AHA BHA Vitamin C Boosting Serum Review ~

Ingredients ကနေပဲ စရရင်တော့
AHA BHA နဲ့ Vitamin C တို့ကို အသီးတွေရဲ့ extract ကနေ အဓိက ထည့်သွင်းထားပြီရတော့
Niacinamide, Alpha Arbutin, Sodium Hyaluronate,Allantoin နဲ့ Panthenol တို့အပြင် Glycolic acid နဲ့ Betaine Salicylate ကိုလည်း ထပ်ထည့်ထားသေးတာမို့
Brightening, exfoliation နဲ့ soothing အတွက်တွေလည်းကောင်းတယ်။ဆိုတော့ texture ကတော့ သာမန် serum တွေလိုပဲ thick water texture ဖြစ်ပြီး အနံ့လည်းမပါဘူး။

Latte သုံးကြည့်သလောက်ဆိုရင်တော့ Brightening ပိုင်းက တော်တော်လေးသိသာပြီး အသားရည်က ရေဓာတ်ပြည့်လာတာကြောင့် Plump ဖြစ်လာပြီး fineline လေးတွေ သက်သာလာတာကို သိသိသာသာ သတိထားမိတယ်။

ပြီးတော့ ရေဓာတ်ပြည့်တာကြောင့်ပဲ အဆီပြန်တာ အသားရည်က အဆီထုတ်တာကိုလည်း ထိန်းလာနိုင်တယ်။

Latte အလုပ်ဝင်ဝင်ခြင်းပဲ stress တွေများပြီး ဘုလေးတွေ ထွက်လာတာကိုလည်း တစ်ပတ်ကျော်လောက် သေချာသုံးကြည့်တာ တဖြည်းဖြည်းသက်သာလာတယ်။

အမာရွတ် အမဲစက် ကျန်တာလည်း နည်းပြီးတော့ ကျန်ခဲ့ရင်တောင် မှိန်တာမြန်တာကို သတိထားမိတယ်။

Exfoliation ကြောင့် အသားရည်က clog ဖြစ်တာ ချွေးပေါက်ကျယ်တာလည်း သက်သာပြီးတော့ အသားရည်က smooth and refreshing ဖြစ်လာပြီး အသားရည် သဘာဝကျကျ glow လာစေတယ်။

သူကတော့ Daily used လို့ ပြောပေမယ့်လို့ Active ingredients တွေကို အစုံပါနေတာမို့ စစသုံးရင်တော့ ညဘက်ကိုပဲ အဆင်ပြေသလို ရက်ခြားပြီး သုံးစေချင်တယ်။

Latte လို active ingredients တွေနဲ့ acid တွေသုံးနေကျတောင် စစသုံးတော့ purging ဖြစ်တာမျိုးရှိလို့ သတိထားစေချင်ပါတယ်။
(အခုတော့ ညတိုင်းသုံးလို့အဆင်ပြေနေလို့ ညတိုင်း သုံးဖြစ်နေတယ်။)

Skin type recommendations ကတော့ All skin type recommend ချင်ပေမယ့်လို့ Sensitive skin ဆို သုံးကြည့်ချင်တယ်ဆို ချင့်ချိန်ပြီး စမ်းသုံးကြည့်ပါ။
Active ingredients တွေဒဏ်မခံနိုင်ဘူးထင်ရင်တော့ ရှောင်ပါ။
ကျန်တဲ့ skin တွေကတော့ အပေါ်မှာပြောသလိုပဲ စစချင်းသုံးရင် ညဘက်ကို ရက်ခြားပြီးသုံးကြည့်ပြီးတော့ မနက်ဘက်ဆို sunscreen ကို လုံလုံလောက်လောက်လိမ်းပါ။

……………………………………………………………

~ Cosrx AHA BHA Vitamin C Daily Cream Review ~

Ingredients ကပဲ စရရင် cream မှာလည်း fruit derived AHA BHA Vitamin C တွေအပြင် Niacinamide, Macadamie Oil, Alpha Arbutin, Sodium Hyaluronate,Allantoin, Panthenol နဲ့ Fatty acids တို့အပြင် Glycolic acid နဲ့ Betaine Salicylate တို့လည်းပါတာကြောင့်
Brightening, Exfoliation, hydration နဲ့ moisturizing function တွေလည်းပါတယ်။

Texture ကတော့ Gel-Cream Texture ကိုမှ အရမ်းကို light weight ဖြစ်တဲ့အပြင် အနံ့လည်းလုံးဝမပါဘူး။

Cream ကိုတော့ သုံးတဲ့ အခါ ဘာကို သတိထားမိလည်းဆိုရင် ဝက်ခြံထွက်တာ သက်သာတာကို အဓိက သတိထားမိတယ်။
ပြီးတော့ Moisturizing လည်းကောင်းတယ်။ အသားက စိုအိပြီးကိုမှ အရမ်းကို hydrate ဖြစ်နေတာ။
Dry skin သမားတွေတောင် သဘောကျလောက်တယ်။

ပြီးတော့ ချွေးပေါက်ပိတ်တာမျိုးလည်းမရှိသလို သုံးတာ ၂ပတ်ကျော်ကြာလာတော့ သိသာလာတာက Skin tone, Texture ပိုင်းက တိုးတက်လာပြီး firm ဖြစ်လာတယ်။

Latte အနေနဲ့တော့ ဒါကိုတော့ serum ထက်စာရင် Daily သုံးမယ်ဆို သုံးလို့အဆင်ပြေတယ်။
ညဘက်ကိုတော့ အဓိကသုံးတာပိုအဆင်ပြေတယ်။
မနက်ဖက်သုံးမယ်ဆို Sunscreen ကို လုံလုံလောက်လောက် သုံးရမယ်။

Skin type recommendations ကတော့ Cream ကိုတော့ sensitive skin ကလွဲပြီး all skin type ကို recommend လုပ်တယ်။

Original Review Link… https://www.facebook.com/LATTE’S ADDICTIONS-COSRX ABC SERUM & CREAM– Review