ဝက်ခြံကြောင့် အမာရွတ်တွေအများကြီးကျန်မှာ စိတ်ပူနေတဲ့သူတွေအတွက် COSRX ADVANCED SNAIL 96 MUCIN POWER ESSENCE REVIEWED BY “Bare Beauty by Pouksan”

ဝက်ခြံကြောင့် အမာရွတ်တွေအများကြီးကျန်မှာ စိတ်ပူနေတဲ့သူတွေအတွက် Cosrx Advanced Snail 96 Mucin Power Essence Review
 
Hello everyone ,
Ps is back🙄
▫️Ps ဒီနေ့ပြောပြချင်တဲ့ essence ကတော့ Cosrx ထဲမှာ နာမည်လည်းတော်တော်ကြီးပြီး Youtuber တွေကြားထဲမှာပါ လူကြိုက်များတဲ့ snail essence ပါ …
▫️Ps သူ့ကိုစသုံးဖြစ်တာက breakout တွေဖြစ်တော့ spot treatment ပြင်းတာတွေသုံးပြီး skin က ညစ်ညစ်ကြီးနဲ့ barrier ပျက်သလို ဖြစ်နေတဲ့အချိန်မှာ စသုံးဖြစ်ခဲ့တာပါ ဒါနဲ့ဆို စသုံးတာ တစ်လကျော်ပဲရှိသေးပေမယ့် result ကတော့ တကယ် amazing မို့လို့ sharing လုပ်ပေးချင်လို့ပါ🙆‍♀️
▫️ပထမဆုံး skincare steps တွေထဲမှာ essence က မပါမဖြစ်သုံးရမှာလားလို့မေးရင်
It is not essential but definitely helps ပါ
Ps ဆိုနောက်ပိုင်း pH balance cleanser သုံးပြီး essence ပဲတန်းသုံးတယ် essence ရဲ့ ယေဘုယျ effect တွေက skin ကို treatment ပြန်လုပ်ပေးတယ် နောက်သုံးမယ့် skincare တွေရဲ့ effect ကို boost လုပ်ပေးတာမို့ ဝက်ခြံအဆီဖုထွက်တတ်တဲ့လူတွေဆို routine ထဲမှာ essence ကိုထည့်သုံးစေချင်တယ်… သေချာပေါက်ထူးခြားလာတာကို တွေ့ရမှာပါ
 
▫️သူ့မှာက ingredient အများကြီးမပါဘူး snail mucin 96% ပါတယ် Sodium Hyaluronate နဲ့ Arginine စတာတွေပါတယ်…
 
▫️Main ingredient က snail ဆိုတော့ Snail ရဲ့ effect တွေကို ရှာကြည့်ရင် Hydration , Anti – aging , Improving wrinkles , Brightening , Repairing barrier , Healing , Calming , Reducing acne scars စသဖြင့် အများကြီးထွက်လာမှာပါ အဲ့တာတော့ အကုန်လုံးရှာတတ်တာပဲလေနော် ဒီ essence သုံးလို့ အပေါ်က effect တွေအကုန်ရမှာလားဆိုရင်တော့ ps အထင်တော့ မဖြစ်နိုင်ပါဘူး သူ့ကြောင့်ရမယ့် effect က ကိုယ့်ရဲ့ skin condition နဲ့လည်းဆိုင်သလို ကိုယ်သုံးတဲ့
routine နဲ့ တွဲသုံးတဲ့ skincare တွေနဲ့လည်း ဆိုင်ပါတယ် အဲ့တာကြောင့် တစ်ယောက်ကတော့ ဒါကြောင့် wrinkles တွေသက်သာလာတယ်ဆိုပေမယ့် ကိုယ့်ဆီမှာ သက်သာချင်မှ သက်သာမှာပါ အဲ့တာကြောင့် skincare တစ်ခုကို all in one effect ရဖို့ မမျှော်လင့်တာကောင်းပါတယ်
 
▫️အဲ့တော့ ps အနေနဲ့ တစ်လလောက် စမ်းသုံးပြီးနောက် ဒီ essence ကြောင့် အဓိကရနိုင်တဲ့ effect တွေကတော့ …
1. Skin healing ( တကယ်သိသာပါတယ် ps breakout ဖြစ်တဲ့ပုံတင်ထားတာ တစ်ပတ်လောက်ပဲရှိသေးတယ် အခုပုံနဲ့ အရမ်းကွာသွားပါပြီ ဝက်ခြံတွေ အရမ်းမှည့်နေတဲ့အချိန်တော့ မသုံးပါနဲ့ ပြည်ဖုသေးသေးလေးတွေ ဖြစ်တတ်လို့ပါ အနာစကျက်ပြီလို့ ထင်တဲ့အချိန်ကစပြီး နေ့ည ဆက်တိုက်သုံးကြည့်ပါ အမာရွတ်တောင် သေးသေးပဲကျန်တဲ့အထိကို healing ကောင်းတာပါ )
2. Hydration ( ဒါကတော့ snail ရဲ့ effect ကြောင့်ရော သူ့မှာပါတဲ့ sodium Hyaluronate ကလည်း hyaluronic acid တစ်မျိုးပဲမို့ hydration တော့ကောင်းကောင်းရပါတယ် )
3. Repairing barrier ( ဒါကတော့ snail ရဲ့ main effect လို့တောင်ပြောလို့ရတယ် barrier ပျက်နေတဲ့လူတွေဆို တစ်ဗူးကိုဆောင်ထားသင့်တယ် အချိန်တော့ ပေးရမယ် တစ်ဗူးကုန်လောက်ဆိုရင်တော့ barrier သေချာပေါက်ပြန်ကောင်းလာနိုင်ပါတယ် )
4. Softening skin texture ( သုံးပြီးပြီးချင်းသိသာပါတယ် skin က နူးညံ့သွားပြီး plumpy skin လိုမျိုးဖြစ်သွားတာပါ skin problems မရှိတဲ့လူတွေသုံးမယ်ဆိုရင်လည်း သုံးပြီးတိုင်း healthy and glow skin ဖြစ်နေမှာပါ…
 
▫️ဒါကတော့ ps skin မှာ အရမ်းသိသာတဲ့ effect တွေပါ anti – aging နဲ့ improving wrinkles ကတော့ ps မှာသိပ်မရှိလို့ မသိသာတာလည်း ဖြစ်နိုင်ပေမယ့် brightening တို့ calming တို့ effect တွေတော့ သေချာမတွေ့ရပါဘူး…
 
▪️ကျန်တဲ့ ingredient နှစ်ခုဖြစ်တဲ့
▫️Sodium Hyaluronate ( HA တစ်မျိုးဖြစ်တာမို့ ရေဓာတ်ဖြည့်ပေးပါတယ် But dry skin ဆို သေချာပေါက် သူ့နောက်က moisturizer လိုက်ပေးပါ HA က humetant ဖြစ်တာမို့ ရေဓာတ်ကို သိမ်းထားပေးပေမယ့် သူ့နောက်က moisture မသုံးရင် မျက်နှာမှာ ရှိတဲ့ ရေဓာတ်တွေပါ အငွေ့ပျံပြီး ဆုံးရှုံးသွားတတ်တာမို့ dry skin ဆို မဖြစ်မနေ moisturizer သုံးပါ oily skin ဆိုရင်တော့ နေ့ဘက်မှာ moisturizer ကို skip လို့ရပါတယ် )
 
▫️Arginine ကတော့ amino acid ဖြစ်တာမို့ anti – oxidant properties ရှိပါတယ် but ပါဝင်တဲ့ % လည်း အဲ့လောက်မများတာကြောင့် အရမ်းကြီးမျှော်လင့်လို့မရပါဘူး…
 
▪️စာတွေအရမ်းရှည်တော့ ရှုပ်သွားပြီးလားမသိဘူး ps ပြောချင်တဲ့ main point ကတော့…
🍀 ဝက်ခြံ အဆီဖုသမားသုံးကြည့်ပါ ( အနာကျက်မြန်တယ် , အမာရွတ်ကျန်တာနည်းတယ် , barrier ကိုပြုပြင်ပေးတယ် ) အဲ့သုံးချက်နဲ့တင်တန်နေပါပြီ..
🍀 All skin types သုံးလို့ရပြီး super oily ကိုတော့ အရမ်း recommend မလုပ်ပါဘူး…
❗Snail နဲ့မတည့်ပါက လုံးဝမသုံးပါနဲ့ တည့်မတည့်မသိပါဘူး နားနောက်နားမှာ နည်းနည်းစမ်းပြီးမှ သုံးပါ …
▫️100ml – 25000 နဲ့ တစ်ဗူးဆို ၆လလောက်အေးဆေးသုံးလို့ရတာမို့ ပေးရတဲ့ဈေးနဲ့တကယ်တန်ပါတယ်
 

Original Review Link…https://www.facebook.com/BARE BEAUTY BY POUKSAN-Cosrx Advanced Snail 96 Mucin Power Essence- Review