အသားမခြောက်ပဲ ကြည်စို glow စေမဲ့ product လေးတွေ(ft. Cosrx) REVIEWED BY “For Your Better Skin”





Honey & propolis နှစ်ခုလုံးက ဆေးဖက်ဝင်ပြီး အသားအရေအတွက် ကောင်းကြပါတယ်။နှစ်ခုက ဆင်သလိုလိုနဲ့ မသဲကွဲမှာစိုးလို့ ပုံလေးနဲ့တမင်ရှင်းထားတာပါ။
————————————————————————————————-
Corsx propolis synergy toner review
ဒီ toner လေးက ခုလိုရာသီဥတုအေးတဲ့အချိန်မှာ အသားအရေတိုင်းနဲ့ အဆင်ပြေမှာလေး ဖြစ်ပါတယ်။လိမ်းပြီးတာနဲ့ ခြောက်သယောင်းပြီး အဖတ်လန်နေတဲ့အရေပြားက ချက်ချင်းရေဓာတ်ပြည့်ပြီး ကြည်လင်သွားစေတာမျိုးပါ။
အရောင်ကျမြန်စေပြီး skin healing ကောင်းစေတဲ့ propolis extract 72% နဲ့ Honey extract 10% ပါတယ်။ပျားရည်ကျတော့ အစိုဓာတ်နဲ့အာဟာရဖြည့်ပေးရာမှာ နာမည်ကြီးတယ်ပေါ့နော်။
အသားအရေစိုပြေပြီး ချောသွားတာကတော့ လိမ်းပြီးပြီးချင်းမှာတင် သိသာတယ်။ Face mist တွေဖြန်းလိုက်ရင် မျက်နှာက ချက်ချင်းပြောင်ပြီး glow သွားသလိုမျိုး အဲ့လိုလေး။
Toner အရည်ကတော့ မပျစ်မကျဲ အနေအထားပါ။အဆီများပြီး ကပ်စေးစေးဖြစ်တာမဟုတ်ဘဲ သာမန်ရေလို texture ထက် အနည်းငယ်ပျစ်တယ်ဆိုတာလေး ပြောပြတာနော်။

အစိုဓာတ်ပေးနိုင်ရုံအပြင် နောက်ထပ်ကောင်းတာကတော့ သူက skin irritation ကို သက်သာစေတာပဲ။ Propolis အစွမ်းနဲ့ Retinol/ acne spot treatment တွေ သုံးပြီး အသားတွေခြောက်တင်းနေတာ၊ နီရဲပြီးယားနေတာမျိုးဆို သူကအရမ်းကို အဆင်ပြေတယ်။
လေးစက်လောက် လက်ဖဝါးထဲထည့်ပွတ်ရုံနဲ့တင် လုံလောက်လို့ mini လေး တစ်ဘူးတောင် အတော်ကြာကြာခံပါတယ်။Dehydration ဖြစ်လွယ်တဲ့သူတွေရော၊ normal to dry skin တွေရော သုံးနိုင်ပေမဲ့ အဆီပြန်တဲ့သူတွေကတော့ ကြိုက်မယ်လို့ မေမထင်ပါဘူး။sensitive skin လည်း safe ဖြစ်ပါတယ်နော်။
အသားအရေစိုပြေနူးညံ့ပြီး healthy skin လေးဖြစ်ချင်တဲ့သူတွေ သုံးသင့်ပါတယ်။
————————————————————————–

Cosrx essence သုံးရင်း snail mucin တွေကို ဘယ်လိုထုတ်ယူလဲဆိုတဲ့ extraction method ကို စိတ်ဝင်စားတဲ့သူရှိလား။
မေကတော့ စိတ်ဝင်စားလို့ ရှာဖတ်ရင်းနဲ့ တွေ့လာတာလေးကို ပြန်ပြောပြထားပါတယ်။ဒါလေးက Cosrx website ဘက်ကနေ ကြေညာထားတာလေးပေါ့နော်။
Old extraction method တွေကတော့ ခရုလေးတွေအတွက် အဆင်မပြေပါဘူး။အခုတော့
ထိခိုက်နာကျင်ခြင်းမရှိအောင် favorable environment ဖန်တီးပေးပြီး သူတို့ဘာသာလျှောက်သွားရင်းကျလာတဲ့ အချွဲတွေကို collect လုပ်ပါတယ်တဲ့။ဗဟုသုတပရအနေနဲ့ ထည့်ရေးထားတာပါ။
———————————————————————————–
Cosrx advanced snail mucin 96 power essence review
essence သုံးလို့အကောင်းဆုံး အချိန်ကတော့ ခုလိုရာသီပါပဲ။အဆီပြန်နေပေမဲ့ အသားကြီးက တင်းခြောက်နေတာမျိုး၊ skin barrier ထိနေတာမျိုးအတွက် ဒါလေးကအရမ်းကောင်းတယ်။
ဒီ essence လေးက Cosrx ရဲ့နာမည်ကြီး best seller ထဲက တစ်ခုပေါ့။မေ April တုန်းကလည်း review ရေးဖူးသေးတယ်။
texture လေးက ပျစ်ချွဲချွဲနဲ့ တော်တော်လေးကို slimy ဖြစ်တယ်။အဲ့တော့ လိမ်းရတာ နည်းနည်းလေး ကသိကအောက်နိုင်ပေမဲ့ သေချာလေးပုတ်လိမ်းရင်တော့ သူ့ဟာသူစိမ့်ဝင်သွားပြီး ကပ်စေးစေးအလွှာကြီး မကျန်ဘူး။နေရမခက်ဘူးပေါ့နော်။
ဒီ essence သုံးရင်းနဲ့ မေသိသိသာသာ ခံစားရတာကတော့ moisturizing & healing ကောင်းလာတာပါ။လိမ်းပြီးတာနဲ့ အသားကပြောင်တင်းပြီး အိတုန်လေး။ဆန်မုန့်တုံးလေးကိုင်နေရသလိုပဲ။
အဓိကပါတာကတော့ snail secretion filtrate(ခရုအချွဲ) 96%
တောင် ထည့်ထားတယ်။ snail mucin ဆိုတာ ခရုလေးတွေ body စိုစွတ်နေအောင် လုပ်ပေးသလိုမျိုး လူ့အရေပြားအတွက်လည်း moisturizing ဖြစ်စေတယ်။အနာကျက်မြန်ပြီး အသားအရေကျန်းမာကောင်းမွန်စေလို့ နာမည်ကြီးတယ်။
ပြီးတော့ sodium hyaluronate နဲ့ panthenol, Allantoin,
arginine စတာတွေကလည်း အစိုဓာတ်ဖြည့်ပြီး skin barrier ကောင်းအောင် ပံ့ပိုးပေးသေးတယ်။
ဒါသုံးပြီးနောက်ပိုင်းမှာ အသားအရေက ပိုကောင်းလာတယ်လို့ ခံစားရတယ်။breakout ဖြစ်ရင်တောင် ပျောက်တာမြန်သလို ဝက်ခြံကိုကုတ်ဆွမိရင် လေးငါးရက်ထိ အနာမကျက်ဘဲအီနေတဲ့ အခြေအနေကနေ နှစ်ရက်သုံးရက်ဆို အနာကခြောက်သွားပြီ။ဝက်ခြံသေေးသေးလေးတွေပေါက်ရင်လည်း အမဲစက်ကြီးထင်းနေအောင် မကျန်ဘဲ သူ့ဟာသူအမြန်ပျောက်သွားတယ်။
ဟိုတစ်ခါ မေ skin barrier ထိပြီး အသားတွေပါ အဖတ်လန်အောင် ခြောက်တုန်းက မနက်ရောညရော ဒါလေးကိုသေချာသုံးဖြစ်တယ်။တစ်ပတ်လောက်မှာပဲ အတော်ကို စိုစိုပြေပြေပြန်ဖြစ်လာတာ သူ့ကြောင့်ပါ။

ဒါသုံးရင် ချိုင့်ခွက်အမာရွတ်တွေ ပျောက်မှာလား
ဒီ essence လေးက skin barrier ကောင်းပြီး healing ကောင်းစေခြင်းဖြင့် အမာရွတ်ဖြစ်နိုင်ခြေနည်းအောင် လုပ်ပေးတဲ့သဘောပါ။ချိုင့်ခွက်ပြန်ပြည့်အောင်ထိ မမျှော်လင့်သင့်။နောက်ပြီးသူ့မှာက brightening ဖြစ်စေတဲ့ ingredient မပါတဲ့အတွက် ရှိပြီးသားဝက်ခြံအမဲစက်တွေ မှိန်ပြီးပျောက်သွားအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူးရယ်။
ဘယ်သူတွေအတွက်ကောင်းလဲဆိုရင် all skin typesကိုမှ အစိုဓာတ်အပြည့်အဝရပြီး အသားအရေကျန်းမာချင်တဲ့သူတွေ၊ အမာရွတ်ထင်ကျန်လွယ်တဲ့ အသားအရေပိုင်ရှင်တွေကို ညွှန်းပါတယ်။snailနဲ့မတည့်ရင် ရှောင်ပါ။သူကဒဏ်ရာအကွဲပြဲပေါ်လိမ်းမိရင် ပြည်ဖုထတတ်လို့ ဝက်ခြံအရမ်းထွက်နေတုန်းမှာတော့ မသုံးသင့်ပါဘူး။
Original Review Link… https://www.facebook.com/For Your Better Skin-Cosrx propolis synergy toner and advanced snail mucin 96 power essence– Review