ဒီနေ့ခေါင်းလျှော်၊ မနက်ဖြန်အဆီပြန်ပြီးဆံသားကပ်သွားတဲ့သူတွေအတွက် Shampoo REVIEWED BY “Re-Han’s Details”

ဒီနေ့ခေါင်းလျှော်၊ မနက်ဖြန်အဆီပြန်ပြီးဆံသားကပ်သွားတဲ့သူတွေအတွက်Shampoo 

KUNDAL x TERRA Hair Loss Relief Shampoo Review :
တော်တော်များများဖြစ်လေ့ရှိကြတဲ့ပြသာနာက headline မှာရေးထားသလိုပဲပေါ့နော် ဒီနေ့ခေါင်းလျှော်တယ် ဒါပေမဲ့မနက်ဖြန်ဆိုဦးရေပြားကအဆီပြန်ပြီး ဆံပင်တွေကကပ်ကုန်တော့ အဲ့လိုမဖြစ်အောင်Shampoo ကိုရွေးတဲ့အခါမှာ သတိထားရမယ် အခု review မဲ့ shampoo ကလည်း Dry scalpထက် ဦးရေပြား အရမ်းအဆီပြန်လွယ်တဲ့သူတွေကိုအဓိကရည်ရွယ်ပြီး highlight လုပ်ပါတယ်
ဒီ Shampoo က Skincare brandဖြစ်တဲ့ Kundal နဲ့ Beer brand ဖြစ်တဲ့ Terra Beer တို့ Collaborate လုပ်ပြီးထုတ်ထားတဲ့ beer shampoo ပဲဖြစ်ပါတယ်
ဆိုတော့အဓိကkey ingredient ကဘီယာပေါ့ Beer ကို hair care ပိုင်းမှာဆိုရင်လည်း Natural conditioner လို့တောင်ခေါ်ကြတယ် ဘာလို့လဲဆိုတော့ Beer မှာပါတဲ့ proteins နှစ်ခုဖြစ်တဲ့ malt နဲ့ hops က hair follicles (ဆံပင်မွှေးညှင်းပေါက်) တွေကို strengthen ဖြစ်စေပြီးတော့ ဆံသားကိုလည်း bouncy & thick (ထူထဲပြီးနက်မှောင်) စေတယ်။ အသားရည်အတွက်လည်း beer ကအထောက်ကူပြုတယ် beer မှာ ပါတဲ့ vitamins တွေက acne breakouts တွေကိုလျှော့ချနိုင်ပြီးတော့ skin ရဲ့ elasticity ကို improve ဖြစ်စေတယ် ဒါ့အပြင်skin ရဲ့ pH level ကိုလည်း balanced ဖြစ်စေတယ်။နောက်ပြီးတော့ ဆံသားကိုလည်း clean & clarifies ဖြစ်စေတယ်
နောက်တစ်ခုက Peppermint လိုမျိုးဦးရေပြားကရှိန်းခနဲဖြစ်သွားတာမျိုး၊ ရေဆေးချလိုက်ရင်အေးအေးလေးဖြစ်သွားတာမျိုးက ကြိုက်တဲ့သူလည်းရှိတယ် မကြိုက်ဘူးဆိုတဲ့သူတွေလည်းရှိကြမှာပါ ဒီမှာလည်း Herb mint ပါတဲ့အတွက်ကြောင့်မို့လို့ဦးရေပြားကရှိန်းရှိန်းလေးနဲ့ ရေဆေးချလိုက်ရင်အေးအေးလေးဖြစ်ပါတယ်
နောက်တစ်ခုသိချင်နေကြမဲ့အချက်က အမြှုပ်ထွက်အားကောင်းလား?
Yes yes yesss အရမ်းကောင်းတယ် နည်းနည်းလေး (1pump) ထည့်ရုံနဲ့တင်Han တို့ဆံပင်တိုတဲ့ယောကျ်ားလေးတွေအတွက်လုံလောက်တယ် တစ်ခုသတိထားရမှာက mint ကြောင့်အမြှုပ်ကမျက်စိထဲဝင်ရင်နည်းနည်းလေးစပ်ပါတယ် အဲ့တစ်ချက်တော့သုံးရင်သတိထားပါ
Han က mint fan မို့လို့ ခေါင်းလျှော်နေတဲ့အချိန်ရှိန်းရှိန်းလေးဖြစ်တာကိုကြိုက်တယ် ပြီးတော့ ရေဆေးချလိုက်ရင်တကယ်ကို Cleanses & Clarifies ဆိုတဲ့အတိုင်းဦးရေပြားကအေးပြီးပေါ့သွားတာကိုသဘောကျတယ်
ဦးရေပြားအဆီပြန်တာနဲ့ ဆံပင်ကျွတ်တဲ့ပြသာနာ !
Han လည်းဦးရေပြားအဆီပြန်တဲ့သူဖြစ်တာမို့လို့ ခေါင်းကို 2ရက်တစ်ခါပုံမှန်လျှော်ပါတယ် ဒါသုံးတာ တစ်ပတ်မှာ 2ခါပဲလျှော်ဖြစ်ပါတော့တယ် အဲ့လောက်ထိကိုOil control နိုင်ပါတယ် (ကပ်စေးနည်းပြီး မြေပဲစိလောက်ပမာဏနဲ့လျှော်ရင်တော့ ဘယ်ရမလဲနော်
) ဆံပင်ကျွတ်တာက Han က ဆံသားအရမ်းငြိတဲ့အချိန်နဲ့မတည့်တဲ့shampoo သုံးမှကျွတ်တာဖြစ်လို့ ဒါနဲ့တော့ မကျွတ်ဘူး ပုံမှန်ပဲ ဗောက်ကတော့ mint ၊ beer နဲ့မတည့်တာကလွဲလို့ကျန်တဲ့သူတွေအတွက်အဆင်ပြေပါတယ်

Price ကတော့ 500ml ~ 31800ksပါ တစ်ဗူးကို မိန်းကလေးတွေ ခန့်မှန်းခြေ အနည်းဆုံး 4လကျော်လောက်ခံနိုင်တာဖြစ်လို့ Size နဲ့တွက်ရင်fairဖြစ်တယ်လို့မြင်မှာပါ(ဆံပင်တိုရှည်ပေါ်မူတည်တယ်နော်) Boy တွေကတော့ 7လလောက်အေးဆေးသုံးလို့ရပါတယ် ဝယ်ချင်တယ်ဆိုရင် Beauty & Me နဲ့ Kundal Myanmar_Official တို့မှာဝယ်လို့ရပါတယ်
Disclaimer ~ This is a collaboration between Re-Han’s Details & Beauty & Me(Kundal Myanmar_Offical). I wrote review after using this product for almost a month. I have carefully reviewed everything, so I hope it will be clear for you to read.
…

Original Review Link… https://www.facebook.com/Re-Han’s Details-KUNDAL x TERRA Hair Loss Relief Shampoo– Review