Skincare for Pregnant women by mya Phone Sint

ကိုယ်ဝန်ဆောင်မေမေနဲ့ နို့တိုက်မေမေတွေအတွက်စိတ်ချရတဲ့ skincare လေးတွေအကြောင်း review လေးရေးပေးပြီနော် 💗💗💗
Skincare review လေးမပြောခင် အရင်ဆုံး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ ခနခနမေးကြတဲ့ မေးခွန်းလေးဖြစ်တဲ့ “Skincare ဆက်သုံးလို့ရသေးလား?” ဆိုတာလေးကို ပြောပြချင်ပါတယ် …
ကိုယ်ဝန်ဆောင် နို့တိုက်ချိန် skincare နဲ့ပတ်သက်ပြီး research တွေလိုက်ရှာကြည့်တဲ့အခါမှာ ဒီခေါင်းစဉ်က risky ဖြစ်တဲ့အတွက် သုတေသနပြုစုထားတာ သိပ်များများမရှိပါဘူး။ကိုယ်ဝန်ဆောင်တဲ့မေမေပဲဖြစ်ဖြစ်၊ နို့တိုက်နေရသေးတဲ့မေမေတွေပဲဖြစ်ဖြစ် အစိုးရိမ်ဆုံးက ကိုယ့်ကလေးကို တစ်ခုခုထိခိုက်မှာကိုပါပဲ။ Skincare တံဆိပ်တွေက တစ်ခြားသူတွေအတွက်ကျ ရွေးချယ်စရာတွေများပေမဲ့ ကိုယ့်လိုမေမေတွေအတွက်ကတော့ ကလေးအတွက်ထိခိုက်မဲ့ ingredients တွေပါမှာစိုးရိမ်ကြတော့ တစ်ချို့ဆိုလုံးဝမသုံးတော့ပဲ ဖြတ်လိုက်တာတွေတောင်ရှိတယ်။ အမှန်ကတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ hormonal changes တွေကြောင့် အသားအရေပြဿနာတွေဖြစ်တဲ့ ဝက်ခြံတွေ၊ hyperpigmentation ကြောင့်ဖြစ်တဲ့ တင်းတိတ်၊ အမဲစက်၊ မှဲ့ခြောက်လေးတွေ ဖြစ်လေ့ရှိတဲ့အတွက် မေမေတို့ပိုပြီး ဂရုစိုက်သင့်ပါတယ်။
ဒါကြောင့်အဖြေကတော့ –
“ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန် skincare လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဘယ်လို skincare တွေကစိတ်ချရတယ်၊ ဘာတွေကအန္တရာယ်ဖြစ်စေတယ်ဆိုတာကိုတော့သိထားဖို့လိုအပ်ပါတယ်”
⚠️အန္တရာယ်ဖြစ်စေတဲ့ ingredients လေးတွေအကြောင်း ဒီမှာပြန်ဖတ်လို့ရပါတယ်။

https://m.facebook.com/Mya Phone Sint/Can Pregnant Women use skincare?

✨ Tips ✨ မြဘုန်းက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်ချိန် skincare ရွေးချယ်ရင်ဒီအချက်တွေသေချာကြည့်ပါတယ်…
1️⃣ Skincare တစ်ခုဝယ်ခါနီးရင် သူ့မှာပါတဲ့ ingredients တွေအကြောင်း websites တွေမှာလိုက်ဖတ်တယ်။ Safe ဖြစ်လား မဖြစ်လားလိုက်ရှာကြည့်တယ်။
2️⃣ ကိုယ့်အသားအရေက ဒီအချိန်မှာ ပုံမှန်ထက် အထိခိုက်မခံနိုင်အောင် sensitive ဖြစ်နေတဲ့အတွက် စိတ်ချရတာအပြင် အသားအရေနဲ့တည့်ပြီး allergic reaction မဖြစ်စေတဲ့ gentle products လေးတွေ၊ နူးညံ့တာလေးတွေရွေးတယ်။ ပါဝင်တဲ့ပစ္စည်းတွေက safe တော့ဖြစ်ပါရဲ့ သုံးလိုက်မှကိုယ့်အသားကနဂိုခြောက်တာကို ပိုခြောက်သွားစေတာမျိုးဆိုအဆင်မပြေတော့ နူးညံ့ပြီး သဘာဝအပင်ကနေအဓိကထုတ်ထားတဲ့ plant-based ingredients တွေနဲ့ထုတ်ထားတဲ့ skincare မျိုးကိုရွေးတယ်။
3️⃣ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ မွှေးမွှေးအီအီအနံ့တွေဆို မခံနိုင်လို့အရမ်းရှောင်ရတဲ့အတွက် artificial fragrance တွေပါတဲ့ skincare မျိုးရှောင်တယ်။ အနံ့မပါလေ သဘာဝဆန်လေ ပိုကြိုက်လေပဲ။
4️⃣ နောက်ဆုံးအချက်ကတော့ budget ပေါ့။ ကလေးမေမေအနေနဲ့ကျ ပိုက်ဆံတွေအများကြီးမသုံးချင်တော့ ဈေးတန်ပြီးကောင်းတာလေးတွေရှာပါတယ်။
ကိုယ်တိုင်က ကလေးတစ်ဖက်နဲ့မအားတော့ လုပ်ဖြစ်တဲ့ skincare routine လေးက အဆင့်အရမ်းမများဘူး …
💦💆🏻‍♀️မျက်နှာသစ်ပြီး အဆင့် (၃) ဆင့်ပဲ… ဒါလေးတွေကတော့ အခြေခံ skincare steps လေးတွေပေါ့။ Skin types အမျိုးမျိုးရှိတဲ့မေမေတွေရော၊ အချိန်မရတဲ့မေမေတွေရော လုပ်လို့အဆင်ပြေမယ်ထင်ပါတယ်။ စုစုပေါင်းမှ အချိန် ၃မိနစ်လောက်ပဲကြာတယ်…
လုပ်ဖြစ်တဲ့ skincare steps လေးတွေနဲ့ သုံးဖြစ်တဲ့ pregnancy & breastfeeding safe skincare လေးတွေအကြောင်းကိုပုံလေးတွေအောက်မှာ အသေးစိတ်ရေးပေးထားတယ်နော် 😘
ကိုယ်သုံးကောင်းတာလေးတွေဆို အမြဲညွှန်းပေးမှာမို့ မေမေတွေအဆင်ပြေပြီး စိတ်ချလက်ချလှနိုင်ကြပါစေ 💗💗💗
မေမေမြဘုန်းဆင့်
#ခေတ်သစ်မေမေ
#pregnancy
#breastfeeding
#skincare

ကြိုက်မိနေတဲ့ safe skincare လေးတွေသုံးပြီး skincare လုပ်ပြမယ်နော် 💗

ကလေးမေမေဆိုတော့ လုပ်ဖြစ်တဲ့ skincare routine လေးက အဆင့်အရမ်းမများဘူး … မျက်နှာသစ်ပြီး အဆင့် (၃) ဆင့်ပဲ… ဒါလေးတွေကတော့ အခြေခံ skincare steps လေးတွေပေါ့။ Skin types အမျိုးမျိုးရှိတဲ့မေမေတွေရော၊ အချိန်မရတဲ့မေမေတွေရော လုပ်လို့အဆင်ပြေမယ်ထင်ပါတယ်။ စုစုပေါင်းမှ အချိန် ၃မိနစ်လောက်ပဲကြာတယ်…

💗💆🏻‍♀️ Step (1) – Cleansing
••••••••••••••••••••••••••••••••••

မျက်နှာသစ်ဆေးရွေးတဲ့အခါ ကိုယ့်အသားအရေ အမျိုးအစားကိုသိထားရင်ပိုကောင်းပါတယ်။ မြဘုန်းမျက်နှာဆိုရင် ဝက်ခြံဖြစ်လွယ်ပြီး အသားခြောက်တယ်၊ sensitive ဖြစ်လွယ်တဲ့အတွက် အသားအရေအပေါ်ယံလွှာကို exfoliate ဖြစ်တဲ့ cleanser တွေသုံးလို့မရပါဘူး။ Cleanser တွေအမျိုးမျိုးရွေးတဲ့အထဲက ကိုယ်နဲ့လက်ရှိအဆင်ပြေပြီး safe ဖြစ်တာလေးကတော့ P.Calm Under Pore Gentle Foam Cleanser လေးပါ။ သူက 🌱95% plant based ingredients တွေဖြစ်ပြီး အဓိက tea tree ကနေထုတ်ထားတော့ တော်တော်ကို နူးညံ့တဲ့ cleanser လို့ပြောရမယ်။ ပြီးတော့ all skin types ဆိုတော့ ဘယ်လိုအသားအရေပဲဖြစ်ဖြစ်အဆင်ပြေတယ်။ P.Calm က Korean skincare brand လေး မြဘုန်းလည်း နို့တိုက်တဲ့အချိန်မှစသုံးဖူးတာ.. 

P.Calm Gentle foam cleanser လေးမှာ ကိုယ်ကြိုက်တဲ့အချက်တွေက –
✅Pregnancy/ breastfeeding safe တာ။ ( Salicylic acid 0.5% ပါပေမဲ့ 2% အောက်ဖြစ်တဲ့အတွက် စိတ်ချပြီးသုံးလို့ရပါတယ် )
✅ အရမ်း နူးညံ့လွန်းလို့ အမြှုပ်လေးတွေကနည်းနည်းလေးနဲ့သဘာဝအတိုင်းဖြစ်နေတာ။
✅ သဘာဝမဟုတ်တဲ့ အနံ့လုံးဝမပါတာ artificial fragrance, artificial colarant တွေမပါတာ။
✅မျက်နှာသစ်ပြီး အသားအရေက တင်းတင်းကြီးဖြစ်တာ၊ စပ်တာတွေလုံးဝမဖြစ်တာ၊ အသားတွေခြောက်မသွားတာ လေးတွေသဘောကျမိပါတယ်။ 

ဒီ cleanser လေးကတော်တော် quality ကောင်းပြီးဈေးလည်း ၂သောင်းဝန်းကျင်ပဲဆိုတော့ ကိုယ့်အတွက်အဆင်ပြေတယ်….

Rating – 5/5 ⭐⭐⭐⭐⭐

💗💆🏻‍♀️ Step (2) -Toning
••••••••••••••••••••••••••••••

ဒီအဆင့်ကို မေမေတွေတော်တော်များများက အချိန်မရတာနဲ့ ချန်ခဲ့ကြတာများတယ်။ အမှန်တော့ toner က မျက်နှာသစ်ပြီး အညစ်အကြေးအကြွင်းအကျန်တွေကို သန့်ရှင်းပေးတယ်၊ PH level ကိုထိန်းထားပေးပြီး အသားအရေမညီတာတွေအတွက်ကောင်းစေပါတယ်။ Toner သုံးထားပြီးရင် နောက်ထပ်သုံးမဲ့ serum, moisturizer တွေပါ အသားထဲပိုစိမ့်ဝင်မှုအားကောင်းစေပါတယ်။ 

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေအတွက် safe ဖြစ်ဖို့ဆိုတော့ ကိုယ်လက်ရှိသုံးနေတဲ့ P.Calm ထဲကပဲ barrier cycle toner လေးကို ညွှန်းချင်ပါတယ်။ သူက Plant-based ကိုမှ Papaya fruit extract ကနေထုတ်ထားတာဆိုတော့ အသားအရေတိုင်းအတွက်အဆင်ပြေတယ်။ 

ခံစားချက်လေးက အရမ်း soothing ဖြစ်တယ် 💗

P.Calm barrier cycle tonerလေးမှာ မြဘုန်းကြိုက်တဲ့အချက်တွေက –
✅Pregnancy/ breastfeeding safe တာ။ (သူ့ထဲမှာပါတဲ့ Niacinamide က vitamin B3 တစ်မျိုးပဲဖြစ်ပြီး safe ဖြစ်တဲ့ ingredient လို့ဖတ်ရပါတယ်။ )
✅ ဘာအနံ့မှမပါတာ၊ အရည်ပုံစံက ရေလိုပဲ ပေါ့ပါးပြီး light ဖြစ်နေတာ။
✅ မျက်နှာသစ်ပြီး အရမ်းမခြောက်သေးခင် cotton pad လေးထဲထည့်ပြီး သုံးလိုက်တာနဲ့ မမြင်ရတဲ့ ဖုန်မှုန့်တွေ၊အဆီတွေပါလာတာ။
✅သုံးပြီးရင် အသားအရေကခြောက်မသွားပဲ ရေဓာတ်ပြည့်ဝပြီး တင်းတင်းစိုစိုလေးကျန်ခဲ့တာလေးတွေ သဘောကျမိတယ်။
ဈေးကလည်း မြဘုန်းဝယ်တုန်းက ၂သောင်းကျော်လားပဲ အကြာကြီးခံတော့ တန်တယ်။

Rating – 5/5 ⭐⭐⭐⭐⭐

💗💆🏻‍♀️ Step (3) – Serum
••••••••••••••••••••••••••••|

အစက moisturizer သုံးရင် serum မလိုဘူးထင်ခဲ့တာ serum ရဲ့အဓိကလုပ်ဆောင်ချက်က အသားရဲ့ အပေါ်ယံတင်မဟုတ်ပဲ အတွင်းပိုင်းထဲအထိ စိမ့်ဝင် ပြုပြင်ပေးတာလို့ဖတ်ရတယ်။ အသားထဲစိမ့်ဝင်တာဆိုတော့ မေမေတွေအနေနဲ့ ပါဝင်ပစ္စည်းတွေကို ပိုသတိထားရွေးချယ်သင့်တာပေါ့။ 

Serum ထဲက ကောင်းပြီး safe ဖြစ်တာလေးသူံးကြည့်ရင်း ANUA ရဲ့ Birch moisture boosting serum လေးကြိုက်လို့ညွှန်းချင်ပါတယ်။ ANUA ကလည်း Korean skincare brand လေးပဲ။ သူ့ကိုဘာလို့ရွေးဖြစ်လဲဆို plant-based ဖြစ်တာကစတာပေါ့။ Japanese white birch water 70% ပါတော့ အရမ်းကိုရေဓာတ်ဖြည့်ပေးတဲ့အပြင် cucumber fruit extract လည်းပါတော့ အသားမှာအေးအေးလေးနဲ့ soothing ဖြစ်စေပါတယ်။ 

အရည် texture လေး 💗 နှင်းရည်လေးလိုပဲ 

လည်ပင်းလေးတွေပါလိမ်းတယ် 💗
ဈေးလေးက ၃၂,၀၀၀ ဆိုတော့ တွေးကြည့်ရင်ဒိုင်ပါတစ်ထုပ်စာလောက်ဆိုတော့ မဆိုးဘူးပေါ့ …

Rating – 5/5 ⭐⭐⭐⭐⭐

💗💆🏻‍♀️ Step (4) – Moisturizing
•••••••••••••••••••••••••••••••••••••

နောက်ဆုံးအဆင့်ရောက်လာပါပြီ။ Moisturizing ကကိုယ့်လိုအသားခြောက်တတ်တဲ့သူတွေအတွက်တော့ အရေးအကြီးဆုံးအဆင့်ပဲ… Moisturizer တော်တော်များများက မြန်မာပြည်ရာသီဥတုနဲ့တော်တော်ရွေးရတယ်။ အဆီများပြီးအသားပေါ်တင်နေတဲ့ခံစားချက်ကိုသဘောမကျလို့ အခုသုံးနေတဲ့ ANUA Birch Moisture Boosting Cream လေးကို ညွှန်းချင်တယ်။ သူကခုနက serum နဲ့ series တစ်ခုတည်းပဲ Japanese white birch water 70% ကနေထုတ်ထားတာပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်အတွက် fully recommend လုပ်ပါတယ်။ 

ANUA Birch Moisture Boosting Cream လေးမှာအကြိုက်ဆုံးအချက်တွေက –
✅Pregnancy/ breastfeeding safe တာ။
✅ ဘာအနံ့မှမပါတာ၊ Fragrance free, alcohol free, oil free, paraben free ဖြစ်တာ။
✅ မျက်နှာထဲခနလေးနဲ့ စိမ့်ဝင်လွယ်တာ၊ အဆီပြန်မနေပဲ စိုစိုအိအိလေးဖြစ်သွားတာလေးတွေ အရမ်းကြိုက်ပါတယ်။ 

သူ့ဈေးလေးက ၃၅,၀၀၀ ဝန်းကျင်ဆိုတော့ quality ကောင်းပြီး safe ဖြစ်တဲ့အမျိုးအစားအတွက် ရေရှည်သုံးဖို့ အဆင်ပြေတယ်ပြောရမှာပေါ့…

အားလုံးလိမ်းပြီး အရမ်းနေလို့ကောင်းသွားတယ် 💗💦 အစိုဓာတ် ပြည့်သွားသလိုခံစားရတယ် 

Rating – 5/5 ⭐⭐⭐⭐⭐

ဒါလေးတွေက နို့တိုက်ချိန်လည်းသုံးခဲ့တယ် လက်ရှိလည်းသုံးနေတဲ့ pregnancy & breastfeeding safe skincare လေးတွေပါ 💗

ဘယ်မှာမှာရမလဲ သိချင်တဲ့မေမေတွေအတွက် –
မြဘုန်းကတော့ P.Calm ရော ANUA ရော Korean cosmetics တွေတော်တော်များများကို Beauty & Me page ကနေမှာပါတယ်။ သူက P.Calm ရော ANUA ရောရဲ့ official distributor ပါ …

သူ့ Page link လေးကတော့ ဒီမှာပါ
https://www.facebook.com/Beauty & Me
Cosmetic တွေကအစုံဝင်နေတော့ စစ်လား၊တုလား တစ်ခါတစ်လေ စိတ်မချဖြစ်နေရင် Official distributor ဆီကဝယ်တာအကောင်းဆုံးပဲ။ ကိုယ်သုံးကောင်းတာလေးတွေ ညွှန်းလိုက်ပြီဆိုတော့ မေမေတွေအဆင်ပြေပြီး စိတ်ချလက်ချလှနိုင်ကြပါစေနော် 😘💗

နောက်ထပ် ကောင်းပြီးတန်တာလေးတွေတွေ့ရင်လည်း ထပ်ဝေမျှပေးသွားပါမယ်နော် 💗💗💗

Original Review Link… https://www.facebook.com/Mya Phone Sint-Anua Birch Series & P.Calm – Review