KUNDAL Hydro-Intensive Protein Premium Hair Treatment Review 💜 By The M Villa

KUNDAL Hydro-Intensive Protein Premium Hair Treatment Review 💜

Hair care routineမှာကျန်တာတော့မပြောင်းပေမယ့်treatmentကုန်လို့hair treatmentကိုဒီဟာပြောင်းသုံးနေတာတစ်လလောက်ရှိပါပြီ (Hair serumပါကုန်နေလို့ အသစ်စမ်းဖို့မှာထားပါတယ် resultတစ်ခုသိရတဲ့အချိန်ကြရင်reviewတင်ပေးပါမယ်ရှင်) ဒီtreatmentကိုခေါင်းလှျော်ပြီး ရေစက်လက်မဖြစ်နေအောင်ဆံပင်ကိုရေနည်းနည်းညှစ်ပြီးရင် ဆံပင်ပေါ်မှာ5-7minsလောက်ထားလိုက်ပြီးလို့ပြန်ဆေးချလိုက်ရင် ဆံသားကပျော့ပျော့စင်းစင်းလေးဖြစ်သွားတယ် ထပ်ပျော့ချင်ရင်တော့အချိန်ကြာကြာထပ်ထားလို့ရတယ် မြတ်ကဆံပင်အစိုအတိုင်းဂုတ်ပေါ်ကြာကြာတင်ထားရင်ဇက်ကြောတက်လို့သိပ်အကြာကြီးမထားဖြစ်ဘူး။သူ့ရဲ့အိသွားပုံကသဘာဝဆန်ဆန် အိစင်းသွားတဲ့ပုံစံဖြစ်တာမို့ ဆံပင်မှာnatural waveရှိတဲ့သူတွေလဲဒါက်ိုသုံးရင် weightလေးပြီးကောက်သားပြေသွားတာမျိုးမရှိဘူး။ Kundal treatmentကတစ်ခြားhair treatments တွေနဲ့ယှဉ်ရင်ရေဆေးချရပိုလွယ်တာကိုလဲသတိထားမိတယ်။ Blow dry လုပ်ပြီးရင်ဝဲဝဲလေးဖြစ်ပြီး ဆံပင်မငြိဘူး ရှင်းရလွယ်တယ်။ အနံ့ကတော့5မျိုးလားမသိဘူးလာတယ် Baby powderအနံ့လိုချင်လို့မှာတာမရဘူးဆိုတာနဲ့Ylang ylangပဲဝယ်ခဲ့ရတယ် ဒါပေမယ့်သူ့ရဲ့အနံ့ကylang ylangအနံ့အစစ်မဟုတ်ဘူး နောက်ပြီးဗူးထဲကထွက်ထွက်ချင်းအနံ့ကအီတယ်😬လျှော်ပြီးကျန်ခဲ့တဲ့အနံ့ကတော့ခုနလောက်မအီတော့လို့အဆင်ပြေတယ်ပြောရမယ်။

500mlတောင်ပါတာမို့လို့တစ်ဗူးဝယ်ပြီး တစ်ယောက်တည်းပဲ အမေနဲ့ပဲအတူတူသုံးသုံးတန်တယ်ကွာ ပြီးတော့ဆံပင်ရှည်လို့ခေါင်းလျှော်ရင်treatmentများများကုန်တယ်ဆိုရင်လဲဒီဟာကတွက်ချေကိုက်တယ်။တစ်ခြားtreatmentsတွေရဲ့ပါတဲ့mlနဲ့ဈေးနဲ့တွက်မယ်ဆိုလဲပိုတန်တယ်။

နောက်တစ်ခုကလေဆံပင်ကြေတတ်တဲ့သူတွေ ဆံပင်စည်းရင် အရမ်းကျပ်တဲ့ကြိုးမျိုးတွေကိုမသုံးပဲ ပိုး/ဖဲသားပျော့ပျော့လေးတွေနဲ့ချုပ်ထားတဲ့ scrunchies မျိုးလေးတွေသုံးပေးပါ ခုလိုအချိန်အိမ်နေရင်းပူလို့ဆံပင်စည်းထားချင်ရင်ပဲဖြစ်ဖြစ် ဆံသားမနာတော့ဘူးပေါ့။

Hair salon အတွက်postကိုသပ်သပ်တင်ပေးမယ်နော် ပထမတော့တွဲတင်မလို့ပဲရောနေရင်အဆင်မပြေမှာဆိုးလို့

See you in the next post 👋🏼

• ဝယ်တဲ့ဆိုင်tagမရလို့commentမှာmentionထားပေးပါမယ်ရှင်!

Original Post Link >> https://www.facebook.com/beautyblogsbykimberly/posts/740353487398933

Leave a Reply