Effective & Affordable Top 3 Essences 💞 ft COSRX ( Aung Picks )












All time favorite Essence ဆိုလည်းမမှားဘူး။
ဆိုတော့ ဒီ essence မှာ Snail Screction Filtrate ကို high concentration တစ်ခု အနေနဲ့ ဒီ essence ထဲမှာ 96.3 % သုံးထားတယ် ( ဒီနေရာမှာပြောချင်တာက cruelty free အနေနဲ့ပဲ snail micin တွေကို collect လုပ်ထားတာမို့ cruelty-free brand လည်း ဖြစ်တယ် ) ကျန်တဲ့ 3.7 % ကိုတော့ တခြား ingredients တွေကို အသုံးပြုထားတယ်။
Skin moisturizing အတွက် Betaine & Hyaluronic acid ကိုသုံးထားပြီး skin soothing အတွက်က Panthenol & Allantion ကို ထည့်ထားတယ်။
ဒါကို ကျွန်တော်ကများသောအားဖြင့် barrier repairing & healing ဖြစ်စေဖို့အတွက်ကို သုံးဖြစ်တယ်။ Glowing Skin ရစေဖို့အတွက်လည်း သူက improve ဖြစ်စေတယ်။
မျက်နှာကို ကြည်ကြည်ပြောင်ပြောင် ဖြစ်လာစေတယ်၊ healthy clear skin မျိုးပေါ့။ Skin texture ကြမ်းနေတာတွေကိုလည်း improve ဖြစ်တဲ့အပြင် အသားအရေက သိသိသာသာ smoothe ဖြစ်လာစေတယ် skin nourishing ဖြစ်တယ်။
Skin elasticity ကို တိုးမြင့်ပေးပြီး collagen production ကို provide လုပ်ပေးတာကြောင့် Anti-aging အတွက်လည်း ကောင်းမွန်စေပြီး skin friming ဖြစ်စေတာပေါ့နော်။
AHA & BHA သုံးလိုက်တဲ့အခါ cells turnover rate ကို မြန်စေတာမို့ barrier repair ဖြစ်စေဖို့၊ ပျက်စီးနေတဲ့ အသားအရေကို ပြန်ပြီး repair ဖြစ်စေဖို့ ဒါကို routine ထဲအမြဲထည့်ဖြစ်တယ်။
Morning Routine မှာဆို သူ့ကို hydrator အနေနဲ့ အသုံးပြုလို့ ရသလို Oily Skin ဆို ဒါကို လိမ်းရင် moisture step ကို skip ပြီး သုံးလို့လည်း အဆင်ပြေတယ်။ Hydrating power ကောင်းတာမို့ အသားအရေကို moisture balance ဖြစ်စေတဲ့အပြင် skin plumping & softing ဖြစ်စေတယ်။
ပြီးတော့ သူက healing process အတွက်လည်း improve ဖြစ်စေတယ်။ ဝက်ခြံဖြစ်ပြီးကျန်ခဲ့တဲ့ အမာရွက်တွေ နီရဲနေတာတွေဆို သူက calm down လုပ်ပေးတယ်။ Skin redness ဖြစ်တာကိုလည်း လျော့ချပေးတယ်။ ၀က်ခြံဖြစ်တဲ့အခါမျိုးမှာလည်း ဒါကို သုံးလို့ ရတယ် ပိုပြီး heal ပြန်လုပ်ပေးတာမို့ အချိန်အတိုအတွင်း ၀က်ခြံကိုလည်း သက်သာစေလို့ပါ။
Hyperpigmentation and Dark spot နဲ့ ပတ်သက်ပြီးတော့က တဖြည်းဖြည်းမှိန်လာတဲ့ပုံစံမျိုးမို့ အတိုင်းအတာတစ်ခုထိ လျော့ချပေးတယ်ဆိုပေမယ့် အချိန်တော့ပေးရတယ်။ အမာရွက်သေးသေးလေးတွေဆို သိပ်မကြာဘူး သက်သာတယ်၊ မှိန်လာတယ်။ Galactomyces Essence လို Brightening Serum တစ်ခုခု နဲ့ တွဲရင်တော့ effect က ပိုသိသာတာ မြန်တယ်ပေါ့။
Texture & Consistency က Snail ဆိုတဲ့အတိုင်း ပျစ်ပျစ်ချွဲချွဲလေး နဲ့ အကြည်လေးပဲ နည်းနည်းလောက် thick ဖြစ်တယ် but မျက်နှာပေါ်တင်ပြီး လိမ်းရင်တော့ light weight ဖြစ်တယ်။ Serum step မှာ သုံးတာက အဆင်ပြေမယ်။
စိမ့်ဝင်မှုက ခဏလောက်ကြာပေမယ့် လိမ်းပြီး မျက်နှာက moisture ရတဲ့အပြင် skin က smoothe ဖြစ်ပြီး skin glowing ဆိုတာထက် dewy finish လောက်ဖြစ်တယ်။ စေးကပ်ကပ်မဖြစ်ဘူး greacy မဖြစ်ဘူး comfortable ဖြစ်တယ်။
Recommended for : All Skin Types.
Snail နဲ့ allergic ထတတ်ရင်မသုံးနဲ့။ Dehydrate / Acne Prone Skin တွေလည်း သုံးလို့ရတယ်။
Barrier damage ဖြစ်တဲ့သူတွေလည်း အဆင်ပြေတယ်။ Fungal Acne Safe



Sea Buckthorn Water & Hyaluronic Acid ( Sodium Hyaluronate 4,000 Ppm ) ကို key ingredients အနေနဲ့ ထည့်ပြီး formulated လုပ်ထားတာပါ။ Glycerin & Panthenol လည်း ပါ၀င်တော့ moisturizing, skin barrier & soothing အတွက်ရော improve ဖြစ်စေဖို့အတွက် အဆင်ပြေစေတယ်။ COSRX ကို သဘောကျတာက မလိုတာ ဘာတစ်ခုမှ မပါ၀င်ဘူး Minimalistic type လေး သူက။
ဆိုတော့ သူက အသားအရေရဲ့ hydration level ကို restore လုပ်ပေးတယ် ပြီးတော့ ဖြည့်လည်း ဖြည့်တင်းတယ်။ အသားအရေထဲက moisture ကိုလည်း ထိန်းသိမ်းပေးပြီး အဆီဓာတ်နဲ့ အစိုဓာတ်ကို balance ဖြစ်အောင် လုပ်ပေးတယ်။ နောက်ထပ်သုံးမယ့် skin care ကိုလည်း ပိုပြီး absorb ဖြစ်တာမြန်အောင် ပိုပြီး effective ဖြစ်စေဖို့ boost လုပ်ပေးတယ်။ အသားအရေကို စိုစိုပြေပြေလေးနဲ့ ကြည်ကြည်လင်လင်ဖြစ်စေတဲ့ look မျိုးကို ဖြစ်စေတယ်။
ဒါအပြင် သူကလေ အနာကျက်တာကိုမြန်စေတယ်။ Dehydrated ဖြစ်တာနဲ့ပတ်သက်ပြီးပြောရရင် Dehydrated ဖြစ်တဲ့အခါ routine ထည့်သုံးကြည့်တယ် သူက ဖြည်းဖြည်းချင်း ပြန်သက်သာစေဖို့ အဲလိုပုံစံမျိုးလေးနဲ့ သွားတာ။
အပေါ်ကအဆီပြန်နေပြီး အတွင်းကခြောက်နေတဲ့ Oily Dehydrated ဖြစ်တဲ့ချိန်မှာ သုံးလို့လည်း အဆင်ပြေတယ်။ အသားခြောက်ပြီး ကြမ်းတာတွေကို သက်သာစေပြီး skin ကို plump & smooth ဖြစ်စေပါတယ်။
Texture & Consistency ကတော့ Gel ပုံစံကိုမှ Light Serum Texture လေးမို့ လိမ်းရတာ အဆင်ပြေသလို လိမ်းပြီး မျက်နှာပေါ်မှာ heavy & sticky ဖြစ်မနေဘူး။ စိမ့်၀င်သွားတာနဲ့ အသားအရေပေါ်မှာ moisture layer တစ်လွှာကျန်ခဲ့မိတာကို သတိထားမိတယ်။
All Skin Type အဆင်ပြေတယ် အထူးသဖြင့် Dry to Dehydrated Skin တွေကို ပိုပြီး recommended လုပ်တယ်။ Fragrance & Essential Oil Free မို့ Sensitive Skin & Acne Prone Skin တွေလည်း ရတယ်။
Fungal Safe.



Brighter Skin ဖြစ်ချင်တယ် Vitamin C နဲ့လည်း
မတည့်တဲ့သူတွေ အတွက် ဒီ essence လေးက
must try ပါလို့ပြောချင်တယ်။
ဒီ essence က SK II Treatment Essence မှာ အသုံးပြုထားတဲ့ Pentra ( Galactomyces Ferment Filtrate ) ကို high concentration အနေနဲ့ 95% အသုံးပြုထားတဲ့ အပြင် Brightening ingredient ဖြစ်တဲ့ Niacinamide ကို 2% သုံးပြီး formulated လုပ်ထားတာ။ ဒီ percentage က skin brightening function အတွက် သင့်တော်လောက်တဲ့ အနေအထား တစ်ခုမှာရှိတယ်။
ဒီတော့ SK II ထက်လည်း ဈေးသက်သာတဲ့အပြင် ရလာတဲ့ အာနိသင်ကလည်း တော်တော် သဘောကျစရာ ကောင်းတယ်။
Galactomyces Ferment filtrate (Pitera) က yeast frementation မှ derived ဖြစ်လာတဲ့ bio ingredient တစ်ခုပါ။ ဒီ Pitera မှာ anti-oxidant, vitamin, minerals, amino acids, organic acids များစွာကြွယ်ဝတယ် ပြီးတော့ micronutrients 50 ကျော် ပါဝင်ပြီး အရေပြားရဲ့ သဘာဝအတိုင်း လုပ်ဆောင်မှုကို ထိန်းညှိပေးတယ်။ Skin barrier ကိုလည်း healthy ဖြစ်စေသလို skin tone, nourishing, aging & pigmentaion အတွက်လည်း improve ဖြစ်စေတယ်။
Brightening ဘက်ကိုသွားတဲ့ Essence မို့
3 weeks လောက်မှာ အာနိသင်စရတယ်။
မျက်နှာက တော်တော်ကြည်လာတယ်၊ နဂို skin tone ထက် တစ်ဆင့်တက်လာပြီး overall bright ဖြစ်လာတယ်လို့ ပြောရမယ်၊ မျက်နှာ ညစ်ထေးနေတာတွေကို သက်သာစေတယ်။ သူက အသားအရေကို Healthy Clear Skin Look မျိုးကို ပေးစေတယ်။
၀က်ခြံတွေညှစ်ပြီး ကျန်ခဲ့တဲ့ အမာရွက်တွေက တဖြည်းဖြည်း မှိန်လာတယ်၊ ပါးလာတာကို တွေ့ရတယ်။ ဒါအပြင် PIE တွေဆိုလည်း သက်သာတယ်။ အဆီဖုတွေကိုညစ်ပြီးကျန်ခဲ့တဲ့
အမာရွက်သေးသေးလေးတွေဆိုလည်း သိပ်မကြာဘူး သက်သာတာမြန်တယ်။ Snail Essence နဲ့တွဲရင် effective ပြတာ ပိုမြန်တယ်လို့ ခံစားရတယ်။
ချွေးပေါက်ကို ကျဉ်းယောင်ယောင်ဖြစ်လာသလို မျက်နှာက frim & plump ဖြစ်လာတယ် ကိုင်လိုက်ရင် အိအိလေးနဲ့ ပူတင်းတုံးလေးလို မျိုးပေါ့ကွယ်။ Skin plumping, softing, smoothing & brightening ပိုင်းမှာ သိသာတဲ့ result ကို ဒီ essence က ပေးနိုင်တယ်လို့ မြင်မိတယ်။
တင်းတိတ်တို့၊ အမဲစက်တို့ရှိရင်လည်း ဒါကိုသုံးလို့ ရတယ် ဒါပေမယ့် ကျွန်တော်မှာက ဒီ skin problem တွေ မရှိတာမို့ သက်သာလား ဆိုတာကို ပြောဖို့ ခဲယှဉ်းတယ်။
Hydrating ingredients တွေပါ၀င်ပေမယ့် ပုံမှန်ပါပဲ။ သူ့ကိုလိမ်းရင် hydration ဖြစ်တယ်လို့ခံစားရပေမယ့်လည်း စိမ့်၀င်တာမြန်ပြီး မျက်နှာပေါ် ဘာ finish မှမကျန်ခဲ့ဘူး၊ အသားအရေကို smooth & soft ဖြစ်သွားစေတယ်။
Texture က Watery Serum Texture လေးပဲ။ လိမ်းလိုက်ရင်စေးကပ်တာတို့ မရှိဘူး။ ထပ်သုံးမယ့် skin care ကို ready ဖြစ်အောင် လုပ်ပေးတယ်။
သူက Daily ရတယ်၊ မနက်၊ည သုံးလို့ရပေမယ့်ကျွန်တော်က ညဘက်သာ သုံးဖြစ်တယ်။
တစ်ခါသုံးရင် 1 pump လောက်ဆို မျက်နှာတစ်ပြင်လုံး လိမ်းလို့ ရတယ်။
Ferment Filtrate ကို concentration အနေနဲ့ formulated လုပ်ထားတာကြောင့် စစချင်းသုံးတဲ့အခါ skin irritated ဖြစ်တယ်။ ဒီတော့ ကျွန်တော်က ဒါသုံးပြီး အပေါ်က calming essence တစ်ခု ထပ်လိုက်ပေးရတယ်။ ၀က်ခြံတွေရှိတဲ့အခါ သုံးလို့ အဆင်မပြေဘူး ပိုဆွပေးသလိုမျိုးဖြစ်တတ်တယ်။
Recommended Skin Types – All Skin Types.
Fungal Acne ရှိရင် ဒါက အဆင်ပြေမှာမဟုတ်သလို Galactomyces နဲ့လည်း တည့်ဖို့လိုမယ်၊
Ferment Filtrate နဲ့မတည့်ရင် အဆင်မပြေဘူး။
