Moisture များများပေးတဲ့ဘက်ကို သွားတဲ့ Skincare Products By Kay

Hello မင်္ဂလာပါရှင့်

အခုရက်ပိုင်း ရာသီဥတုက အရမ်းအေးလာတယ်နော် ခါတိုင်းဆောင်းတွင်းဆိုမအေးတဲ့ ရန်ကုန်တောင် မနက်စောပိုင်း ညပိုင်းတို့ဆို စိမ့်နေတာပဲအေး တာ🥶 အခုရက်ပိုင်းအေးနေတာလေး တွေးကြည့် ပြီး ခေါင်းထဲပေါ်လာတာ နဲ့ ကေးလက်ရှိလည်း သုံးနေတယ်ပြီးတော့ အခုအေးတဲ့ရာသီဥတု နဲ့အဆင်ပြေတဲ့ skincare products လေးတွေကို honest review လေး လုပ်ချင်ပါတယ် 🥰
Anua-Birch Moisture Boosting Series
Anua brand ကို တော့ ကေး အရှေ့ မှာ Anua ရဲ့ heartleaf skincare series လေးအကြောင်း review လေး လုပ်ထားပေးဖူးတယ် ဆိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုတော့ဘူး ထင်ပါတယ် review blog လေး မဖတ်ရသေးရင်
ဒီမှာပါ
 
ကေး အခု ပြောပြမှာ က Anua brand က ပဲ အသစ်ထပ်ထုတ်တဲ့ skincare series နောက်တစ်ခုအကြောင်းပါ သူကMoisture များများပေးတဲ့ဘက်ကို သွားတဲ့ skincare products လေးပါ။
 
Anua-Birch Moisture Boosting Series လေးအကြောင်းပါ
အခုလို အေးတဲ့ရာသီနဲ့တော့ကွက်တိပဲ ရာသီဥတုအေးလာပြီဆိုတော့ ခါတိုင်း ဆိုအဆီပြန်တတ်တဲ့ ကေးတို့ လိုoily combination skin သမားတောင် အပြင်က ကြည့်ရင်သာ အဆီပြန် နေတာ မျက်နှာက နေရတာ ခြောက်ကြီး ဖြစ်နေသလိုကြီး 😒ကေးတို့ လို oily skin သမားတွေက ဆောင်းတွင်းရောက်လာရင် မျက်နှာက dehydrated ဖြစ်တတ် တယ် ဒီနှစ်ဆောင်း က မနှစ်ကဆောင်းထက်အေးတော့ပိုဆိုး🥲 အဲ့အတွက်ရေဓာတ် များများဖြည့်ပေးတဲ့ cream တို့ essence တို့ သုံးပေးဖို့လို့ပါတယ် အခု anua-birch moisture boosting series ထဲ က ကေးလောလောဆယ် သုံးနေတာ သူ့ရဲ့ serumနဲ့ moisture cream လေးပါ ။ anua- birch moisture boosting products ထဲ မှာ Japanese white birch water အဓိကပါဝင်ပါတယ် (Birch sapကို မြန်မာလိုဘုဇပတ် ပင်အစေး)
သူ့မှာ ရေဓာတ် ၇၀%ပါဝင်တဲ့အတွက် မျက်နှာအသားအရေ အတွင်းပိုင်းထိလိုအပ်တဲ့အစိုဓာတ်ဖြည့်ပေးတဲ့အတွက် အသားအရေ ကို ကြည်လင်စိုပြေစေပါတယ် ပျက်စီးနေတဲ့ အသားအရေ ကို skin barrier ပြန်ပီး strengthening ဖြစ်အောင်လုပ်ပေးပါတယ်
 

Anua-birch moisture boosting serumအရင်ဆုံးပြောပြချင်တာ သူ့ရဲ့ serumလေးပါ သူ့ရဲ့ textureလေးက တော်တော်လေးlightဖြစ်တယ် ရေလိုပဲ အရမ်းကြီး မပျစ်ဘူး ကျဲလည်းမကျဲ ဘူး လိမ်းလိုက် ရင်စိမ့် ဝင်လွယ် တယ် ကေးလို့ textureပျစ်ပျစ် ထူထူ တွေ မကြိုက်တဲ့သူတွေအတွက် အဆင်ပြေ တယ် ကေးလို oily combination skin သမား တွေ အခုဆောင်းတွင်းမှာ မျက်နှာက dehydrated ဖြစ်တဲ့အချိန်မှာ ပြန်ပြီး ရေဓာတ်ပြန် ဖြည့်ပေးဖို့ အသင့်တော် ဆုံး serumလေးပါ Dry skin တွေလည်း သုံးလို့ ရပါတယ် နော် အသားခြောက်တတ်တဲ့သူတွေအတွက်ဆို ပိုပီးတောင်ကောင်းသေးတယ် သူ့ရဲ့ birch moisture creamလေးနဲ့တွဲသုံး အရမ်းကောင်း။ သူက all skin type သုံးလို့ ရပါတယ် sensitive skin , irritated skin တွေ ပါ birch sapလေး က သုံးလို့ အဆင်ပြေပါတယ် သူက hyaluronic acid 10မျိုး , ABC complex, panthenol ပါဝင်တဲ့ အတွက် အစိုဓာတ် ကို အရေပြား အတွင်း ပိုင်း ထိ ဖြည့်တင်းပေးပြီး PH level ကို ထိန်းညှိပေးပါတယ် abc complex ပါဝင်တဲ့အတွက် sensitive skin တွေ ကို soothing and calming effects ရစေပြီး မျက်နှာအတွင်းမှာ ရှိတဲ့ရေဓာတ်နဲ့အဆီဓာတ်ကို ထိန်းသိမ်းပေးပါတယ်

Anua- birch moisture boosting creamသူရဲ့ cream လေးကတော့ ဒီဆောင်းတွင်းအတွက်အသင့်တော်ဆုံးcream လေးပါပဲ ကေးလို oily combination skin တောင် သဘော ကျတယ် လိမ်းလို့ ရတယ် ကွာ သူ့ရဲ့ texture က တခြားcreamတွေလို နည်းနည်းလေးလိမ်းရင် တောင် ထူ လပျစ်ကြီး ဖြစ်ပြီး အဆီပြန်နေသလို့ မဟုတ်ဘူး ကွာ လိမ်းလိုက်တာ နဲ့ စိမ့်ဝင်လွယ်တယ် creamလေးက texture လေးက light ဖြစ် ပြီး လိမ်းပြီးသွားရင် မျက် နှာလေးက smooth ဖြစ်သွားတာ။ ဒါပေမယ့်ကေးလို oily combination skinတွေကို အခု လို အေးတဲ့အချိန် ဆောင်းတွင်း အသားခြောက်တဲ့အချိန်လောက်ပဲ သုံးဖို့ အကြံပြုပါ့ရစေ သူက ရာသီ ဥတု ပူတဲ့ အချိန်ကြတော့ မျက်နှာက အဆီပြန်တာနဲ့ creamက moisture များတဲ့အတွက် သိပ်အဆက်မပြေလောက်ဘူး အေးတဲ့ဒေသ မှာနေတဲ့သူ ကျတော့ တစ်မျိုးပေါ့ သုံးလို့ အဆင်ပြေ ပါတယ် qအသားအရမ်း ခြောက်တတ်တဲ့သူတွေ dry skin သမား တွေအတွက်တော့ highly recommended ပါ အသားခြောက် တဲ့ သူတွေ အကြိုက်တွေ့စေမယ့် moisture creamလေးဖြစ်ပါတယ် သူ့ရဲ့ အာနိသင်နဲ့ ingredients တွေက တော့အပေါ်က serumမှာပြောထားသလိုပဲ ABC complexပါတဲ့အတွက် skin irritation မဖြစ်စေဘူး soothing ြဖစ်စေတယ် ရေဓာတ်ဖြည့်ပေးတယ် hyaluronic acid 10မျိုးပါတဲ့အတွက် အသားအရေ အတွင်းပိုင်းထိကိုအစိုဓာတ် ဖြည့်ပေးတယ် ရေဓာတ်ဖြည့်ချင်ရင်ဒါပဲသံုးပါ အပြင် skin barrier ကို ပိုကောင်းအောင်လုပ်ပေးတယ် ph level ကို ထိန်းညှိပေးပီး မျက်နှာပေါ်မှာ ရှိတဲ့ အဆီဓာတ်နဲ့အစိုဓာတ်ကို balance ဖြစ်အောင်လုပ်ပေးပါတယ် panthenolပါတဲ့အတွက် moisture ကောင်းကောင်းပေးတဲ့product တစ်မျိုးပါ ဒီပစ္စည်းလေးလိုချင်ရင်တော့ ANUA Skincare Myanmar Official မှာမှာလို့ရပါတယ် Beauty & Me ရဲ့ pageမှာလည်းရှိပါတယ်ရှင့် 😍ကေးသုံးကြည့်ပြီး review လေးက ဒီလောက်ပါပဲ အားလုံးပဲ သုံးကြည့်ပြီး သဘောကျမယ်လို့ထင်ပါတယ် have a nice day ပါရှင့် 😘😘😘

Original Review Link.. https://www.facebook.com/Nadi Shwe Yi-Kay/Anua birch series review