Skincare for Summer : Anua Skincare Products REVIEWED BY “Ariel Thuta”

☁️Skincare for Summer : Anua Skincare Products Review ☁️
 
နွေရောက်လာပြီဆိုတော့ skincare လေးတွေလဲ နွေနဲ့ လိုက်ဖက်တဲ့ typeလေးတွေပြောင်းသံုးသင့်တဲ့အချိန်ရောက်လာပြီ။ ငယ်ကတော့ season အလိုက် skincare routine လေးကို adjust လုပ်လေ့ရိှတယ်။
အရမ်းပူတဲ့နွေ ရယ် hot & humid ဖြစ်တဲ့ရန်ကုန်ရယ်မှာ အသားလေး ပေါ်တင်လိုက်ရင် အေးပြီး ပေါ့ပါးနေတာမျိုးလေးတွေ ပဲ ငယ် ကြိုက်တယ်။ နွေဆို အပြင်ထွက်ရင် အသားတွေပူပြီးနီရဲ တတ်လို့ soothing and calming ဖြစ်တာလေးတွေ က အဓိကပဲ။ အဲဒါလေးတွေ နဲ့ကိုက်တဲ့ ANUA က skincare လေးတွေ အကြောင်းပြောပြမဲ့။ သူ့မှာ အဓိကပါတဲ့ Heartleaf ကတော့ skincare ကြိုက်သူတွေကြားရင်းနှီးပြီးသား ingredient ဖြစ်တဲ့အပြင် heart leaf ရဲ့ အဓိက အာနိသင်လေးက အသားအရေပေါ်မှာ အေးမြစေပြီး anti-inflammatory လဲဖြစ် ငယ်လိုချင်တဲ့ calming, soothing effect လဲ အပြည့်ပါတယ်လေ။
တပံုချင်းရဲ့ caption လေးတွေ မှာ အသေးစိတ်တင်ပေးထားလို့ သေချာဖတ်ကြည့်ပေးနော်။

————————————————————————–

ဒီpost ထဲမှာပြောပြမဲ့ products လေးတွေက :

-Anua 70%HEARTLEAF Mud Cream Mask 
-Anua Heartleaf Acne Facial cleanser
-Anua Airy Sun Cream 
-Anua Heartleaf 80% Soothing Ampoule
-Anua Heartleaf soothing toner 
-Anua Heartleaf 77 clear pad

………………………………………………………………….

🍃Anua Heartleaf 80% Soothing Ampoule🍃

Ampoule လေး ကိုမှ soothing and calming effect အပြည့်ရမယ်။ သူ့ထဲမှာ Heartleaf extract က ၈၀% တောင်ပါဝင်တာပါ။ Acne prone skin တို့ sensitive skin တို့လဲ သံုးလို့ရတယ်။

🍃Anua Heartleaf 80% Soothing Ampoule🍃

ဆက်ပြောပြရရင် သူ့ textureလေး ကိုကြိုက်တယ်။ ပေါ့ပါးပြီး လိမ်းလိုက်ရင် အသားထဲ စိမ့်ဝင်တာလဲ မြန်လို့ရယ် ရေဓါတ်သေချာဖြည့်ပေးတဲ့ hydrated skinလေးဖြစ်သွားစေလို့ရယ်ပါ။ 
ဝက်ခြံလေးတွေ အဆီဖုသေးသေးတွေရိှနေရင် လဲ သူက သက်သာစေတယ်။တခြား acne အတွက်ထုတ်ထားတာတွေလို အသားမခြောက်သွားစေပဲ soothing လုပ်ပေးလို့ ဝက်ခြံကြောင့် နီရဲတာမျိုး ယောင်နေတတ်တာမျိုးတို့ အပြင်ထွက် ရလို့ နေလောင်ရင် အသားနီနေတာအတွက်လဲ အရမ်းအဆင်ပြေတယ်။

🍃Anua 70%HEARTLEAF Mud Cream Mask🍃

နွေမှာတော့ skin လေးကြည်အောင် scrub လုပ်တာ တို့ peeling လုပ်တာတို့က ငယ် အတော်လျော့ပါတယ် skin ကပိုsensitive ဖြစ်သွားစေလို့ပါ။ 
ဒါပေမဲ့ အသားပေါ်က ဆဲလ် ဟောင်းတွေလဲ ဖယ်ချင်တယ်လေ။ ကြည်နေတာလေး လိုချင်တာကိုးနော်။ 
ဒီ Heartleaf 70% Mud Cream လေး က အတော်ပဲ Heartleaf extract က ၇၀%ပါတဲ့အပြင် Cream Type ​လေးပါ။ ငယ်လို့ မျက်နှာအရေပြားပါးတဲ့သူတွေ ဆို ဒါလေး အဆင်ပြေတယ်။ sensitive and acne prone skin တွေဆိုလဲ ဒါလေး က scrub တွေ peeling တွေထက် mild ဖြစ်တယ်။

🍃Anua 70%HEARTLEAF Mud Cream Mask🍃

-အသားအရေ မွဲခြောက်ခြောက်နဲ့ မိတ်ကပ် လိမ်းရင် မလှနေတာ မျိုး ၊ ချွေးပေါက်ကျဉ်းဖို့ နဲ့ အဆီပြန်တာလေး တွေ လဲ သက်သာစေတယ်။ မျက်နှာသစ်ပြီး ဒီmud cream လေး လိမ်း 15minsလောက်ဆို ရေနွေးနွေးလေး ဆေးချရံုပဲ။ အသားလေး က ကြည်ပြီး စိုစိုအိအိလေးကျန်ခဲ့တယ်။

🍃Anua Heartleaf soothing Toner 🍃

Alcohol free toner တွေနဲ့ပဲ တည့်တဲ့ငယ်ကတော့ ဒါလေး ကြိုက်တယ်။ Heartleaf extract က ၇၇% ပါပြီး လိမ်းပြီးရင် တကယ့် soothing ဖြစ်စေတာမျိုး။ ဒီToner လေးမှာ Ingredients တွေက ဓာတုပစ္စည်းအဆိပ်အတောက်တွေကင်းစင်တဲ့ EWG Gradeပစ္စည်းတွေပဲ သံုးထားလို့ acne prone /sensitive skin တွေလဲ try လို့ရတာလေး။ 
အနံ့မပါပဲ fragrance free ဖြစ်တော့ sensitive ဖြစ်သူတွေ အတွက် အဆင်ပြေတယ်။

🍃Anua Heartleaf soothing Toner 🍃

ဒီtoner လေး က လေ ပါဝင်ပစ္စည်းတွေက mild ဖြစ်ပြီး soothing effect ရစေတော့ ဝက်ခြံပေါက်နေတဲ့အချိန်လဲ သံုးရတာ အဆင်ပြေမှာလေးပါပဲ။

🍃Anua Airy Sun Cream 🍃

လိမ်းထားရင် အသားလေး ကပေါ့ပါးပြီး breathable ဖြစ်တာမျိုး ဆို နာမည်နဲ့ လိုက်အောင် တကယ် Airy ဖြစ်တဲ့ Anua Airy Sun Cream လေး က ဒီနွေနဲ့ကွက်တိပဲ။ လိမ်းပြီးရင်လဲ White cast ကျန်မနေဘူး။ အသားနဲ့ တပြေးထဲလေးနေတယ်။ Heartleaf extract နဲ့ cantella asiatica extract တွေပါတော့ soothing ဖြစ်စေတယ်။ ငယ် အရင်သံုးတာ Anua 5 Zero mild sunscreen ပါ အခု အဲဒါကို update လုပ်ထားတဲ့ Airy sun cream သံုးတယ် ပံုထဲ မှာ၂ခုလံုးပြထားပေးတယ်နော်။

🍃Anua heartleaf 77 clear pad🍃

Toner pad လေးတွေ က ငယ်တော့ cotton pad သပ်သပ်မသယ်ချင်တာမျိုးဆို အဆင်ပြေတယ်။ Anua clear pad တဗူးမှာ cotton pad အခု70 Toner 160ml လောက်ပါပါတယ်။ သူ့ညုပ်လေး နဲ့ တခုစီ ယူသံုးယံုပဲ။

သူ့ pad လေးတွေကလေ တခုစီမှာ မျက်နှာပြင် 2ဖက်ပါတယ်။ ချောတဲ့ဖက်ရယ် exfoliating ဖြစ်အောင် ပိုကြမ်းတဲ့ဖက်ရယ်။ ကိုယ်ကြိုက်တဲ့ဖက်နဲ့သံုးပေါ့နော်။ texture ကတော့ ကြဲကြဲနဲ့ watery ဖြစ်ပါတယ်။ heat leaf extract 77% ဆိုတော့ soothing and calming ပါပဲ။ အရမ်းတော့ hydration လုပ်ပေးတာမျိုး မဟုတ်ပဲ clear pad ဆိုတဲ့ အတိုင်း သံုးရင်းနဲ့ သိသာလာတာက အဆီဖုသေးသေးလေးတွေ ရိှရင်သက်သာလာပြီး skin texture smooth ပိုဖြစ်လာစေတာပါ။

Original Review Link… https://www.facebook.com/Ariel Thuta-ANUA SKINCARE PRODUCTS– Review