Skin Barrier လည်းကောင်း ဝက်ခြံအဆီဖုလည်းသက်သာစေမယ့် Sensitive Skin တွေအားကိုးရမယ့် Product Line Reviewed By “Kiss the Skin”

Skin Barrier လည်းကောင်း ဝက်ခြံအဆီဖုလည်းသက်သာစေမယ့် Sensitive Skin တွေအားကိုးရမယ့် Product Line Reviewed By “Kiss the Skin”
အရမ်းကြွေသွားပြီကွယ် 
ဒီနေ့ပဲ Beauty & Me က လက်ဆောင်ပို့ပေးတာ
Kundal က New Series ရဲ့ Product လေးတွေ
Kundal Shampoo ကို လူကြိုက်များပေမယ့်
ချယ်နဲ့က လုံးဝ အဆင်မပြေဘူး
တစ်ယောက်တစ်မျိုးပေါ့လေ
အခုက Kundal (Derma) ဆိုတော့ အလှအပထပ်
Dermatology အရေပြားကျန်းမာရေးပုံစံပိုသွားတဲ့
Skincare တွေကို ချယ်က ပိုစိတ်ဝင်စားလေ့ရှိတော့
လက်ထဲရောက်ရောက်ချင်း စမ်းလိုက်ပါတော့တယ်
4 မျိုးမှာ Soothing Cream ကို
အရမ်းကို ကြိုက်သွားပါပြီ
Moisturizer ကောင်းကောင်းရှာနေတာနဲ့အတော်ပဲ
Gel လို ကြည်တောက် ဟိုမရောက်ဒီမရောက်မဟုတ်ဘူး
Gel Cream အမျိုးအစားမို့ လိမ်းလိုက်တာနဲ့
Hydration ရော Moisture ရော နှစ်မျိုးလုံးခံစားရပါတယ်
(Hydration ဆိုတာ
ရေဓာတ်ကို အသားအရည် အတွင်းထဲထိ ဖြည့်ပေးတာ
Moisture ဆိုတာ
အရေပြား အပေါ်ယံလွှာမှာ အစိုဓာတ်ထိန်းထားပေးတာ)
Texture လေးကလည်း အိတုံ
လိမ်းပြီး Oxidized လည်းမဖြစ်ဘူး
Silicone Free Fragrance Free
Ingredient တွေနဲ့ အသေးစိတ်ကို
နောက်မှ Full Review ရေးပေးမယ်နော်
Skin Barrier လည်းကောင်း
ဝက်ခြံအဆီဖုလည်းသက်သာစေမယ့်
Sensitive Skin တွေအားကိုးရမယ့် Product Line တစ်ခုလို့
မြင်မိပါတယ်ရှင်
Kiss the Skin 
Original Review Link… https://www.facebook.com/KISS THE SKIN-Kundal Derma Product Line– Review


