Kundal Terra Hair Loss Relief Shampoo Reviewed by “Treasure by Thar Phyoe”

Kundal x Terra တို့ ပေါင်းထုတ်ထားတဲ့ Beer Shampoo က ခေါင်းလျှော်နေတုန်း နဲ့ ခေါင်းလျှော်ပြီးတဲ့အချိန်မှာ ဆံပင်ကျွတ်တာ သိသိသာသာ သက်သာတာကို တကယ်တွေ့ရတာပါ။
သားဖြိုးက မနက်တိုင်း ရုံးမသွားခင် GYM ဆော့တော့ ခေါင်းချွေးအရမ်းထွက်တာမို့ ခေါင်း နေ့တိုင်း နီးပါးလျှော်ဖြစ်တယ်။
ခေါင်းလျှော်ရည် ကျန်ခဲ့တဲ့နေ့တွေဆို GYM က ခေါင်းလျှော်ရည် နဲ့ လျှော်ရင် ဆံပင်တော်တော် ကျွတ်တယ်။
သားဖြိုးက ဆံပင် အရမ်းကျွတ်ခဲ့တဲ့သူတစ်ယောက်မို့ ခေါင်းလျှော်ရင် အမြဲ သတိထားကြည့်ဖြစ်တာ ပုံမှန် ကျွတ်တာလား? ခေါင်းလျှော်ရည်ကြောင့်လား? ဆိုပြီး ဆံပင်ကျွတ်နှုန်းကို သတိထားပြီး ကြည့်ဖြစ်တယ်။
ဒီ Kundal ရဲ့ Beer Shampoo က ဆံပင်ကျွတ်နှုန်း တော်တော်သက်သာတာကိုတွေ့ရတယ်။
နောက်ပြီး ဦးရေပြား အဆီပြန်တာကိုလည်း သက်သာစေတယ်။
သားဖြိုး သုံးတာ ၂ပတ်ကျော်ကျော်ပဲရှိသေးတာမို့ ဆံပင်ပြန်ပေါက်တာ အုံပြန်ထူတာကိုတော့ မတွေ့ရသေးပေမယ့် ဆံပင်ကျွတ်တာ သက်သာလို့ ဖောက်သည်လာချတာပါ။
Hair Tonic & Hair Treatment Oil တွေနဲ့ တွဲသုံးရင်ပိုပြီး ထိရောက်ပါလိမ့်မယ်။
Herb Mint ပါဝင်တာကြောင့် ခေါင်းလျှော်နေရင် ပူရှိန်းရှိန်းလေးနဲ့ ရေလောင်းလိုက်ရင် အေးအေးလေးမို့ စိတ်ကို Fresh ဖြစ်စေပါတယ်။ သူ့အနံ့က Herb Mint အနံ့ပါပဲ။
သားဖြိုးကတော့ အချိန်ရရင် ဦးရေပြားက သွေးကြောလေးတွေ သွေးလည်ပတ်မှုကောင်းအောင်လို့ Massage လုပ်ပေးတဲ့ Kundal ရဲ့ Shampoo Brush လေးနဲ့ လျှော်ဖြစ်ပါတယ်။
Shampoo ရဲ့ စျေးနှုန်းက 500ML ကို 31,800 Ks ပါ။
Kundal Myanmar_Official နဲ့ Beauty & Me မှာ ဝယ်လို့ရပါတယ်။
Original Post Link >> https://facebook.com/treasurebytharphyoe/posts/pfbid0yp8ySbia1FTdj2RY3otoKHFYGNhNw8eJR2at9KwsY83K4WcZsU6b5RP1yNZt6oxwl


