“Basic Skincare Routine with P.Calm (but not basic)” Review by Kiss The Skin

“Basic Skincare Routine with P.Calm (but not basic)”
နာမည်အဆန်း Packaging အလန်းလေးနဲ့
P.Calm Brand ကို
Beauty & Me က December မှာ
Brand မိတ်ဆက် စပို့ပေးတည်းက ချယ်သုံးဖြစ်နေတာ 

စသုံးတည်းက Cleanser ကို အရင်ကြွေမိပြီး
Packaging အနေနဲ့ အဖြူရောင်မှာ P.Calm
ဆိုတဲ့ နာမည်က ရှင်းနေတော့ စိတ်ထဲက ကောင်းမယ်
ယုံကြည်လို့ရမယ့် Brand ဆိုတာ အလိုလိုသိနေတယ် “Skincare” ဆိုတဲ့ အနှစ်သာရ ရတယ်နော် သူ့ဘူးတွေက
သဘောအကျဆုံးကတော့
Cleanser ရော Toner ဘူးမှာရော
သူ့ရဲ့ Function ကို ထည့်ရေးပေးထားတာကိုပါပဲ
P.Calm Brand မှာ တစ်ခြား Product တွေလည်း
နောက်ပိုင်းလာဦးမှာဖြစ်ပေမယ့်
လတ်တလော Cleanser နဲ့ Toner က
International Reviews တွေမှာလည်း
တော်တော်ကြိုက်နေကြပါတယ်
အသစ်အသစ်တွေအမြဲထွက်နေတဲ့ Kbeauty လောကမှာ
P.Calm က Skincare ဝါသနာပါသူတွေတင်မဟုတ်ဘဲ လူတိုင်းအတွက် လက်စွဲဖြစ်စေမယ့်
Brand လေးတစ်ခုဖြစ်လာဦးမယ်လို့
ချယ်တော့မြင်မိပါတယ်
တစ်ခုရှိတာက P.Calm ရဲ့ Cleanser နဲ့ Toner
ဒီနှစ်မျိုးလုံးကို
ဝက်ခြံအဆီဖုသမားအတွက်လို့ အလွယ်မမှတ်စေချင်ပါဘူး
ဘာကြောင့်လဲဆို Cleanser ဆိုရင် ချွေးပေါက်ထဲက အညစ်အကြေးတွေကို သေချာသန့်စင်ပေးပြီး
တစ်ပြိုင်တည်းမှာပဲ အသားအရည်နီတာယားတာတွေ သက်သာစေလို့ Skin Balancing ဖြစ်အောင်
လုပ်ပေးနိုင်တယ် Toner ဆိုရင်လည်း Skin Barrier ပျက်စီးနေတဲ့သူတွေအတွက်ရော ကြိုတင်ကာကွယ်ချင်တဲ့သူ
အတွက်ရော အသားအရည်ကို အားဖြည့်ပေးနိုင်လို့ Nourishing ဖြစ်စေတယ်
Beauty – Know How for Problematic Skin ဆိုတဲ့
Branding လေးအတိုင်း 95% plant based ingredients တွေပါဝင်တဲ့ P.Calm Product တွေရဲ့ လုပ်ဆောင်ပုံတွေက
နည်းနည်းထူးခြားပါတယ်
တစ်ပုံချင်းစီမှာ အသေးစိတ်ရေးပေးထားပါတယ်နော်
Kiss the Skin ရဲ့ Review Criteria အတိုင်း
ချယ့်အနေနဲ့ Cleanser ကိုတော့ So Good Sticker လေးပေးထားပါတယ်
Basic Routine but not “Basic” ဖြစ်တဲ့
P.Calm လေးအကြောင်းဖတ်ရင်း
အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင်
Kiss the Skin 

This is a collaboration between
P.Calm Myanmar_Official (Beauty & Me) and
Kiss the Skin. Views are my own.
Original Post Link – https://www.facebook.com/kisstheskin101/posts/438805148037014

“Under Pore” ဆိုတဲ့ နာမည်နဲ့ “Removes the sebum that causes people to scratch or touch their faces” ဆိုတဲ့ Packaging မှာ
ပါတဲ့ စာသားလေးအတိုင်းပဲ P.Calm Cleanser ရဲ့ အဓိကလုပ်ပေး
နိုင်တာကချွေးပေါက်ရဲ့ ဟိုးအတွင်းဆုံးမှာရှိနေတဲ့ ဆားဝက်ခြံ ဝက်ခြံအဆီဖု blackheads/whiteheads ဘယ်တော့မှ မပျက်အောင် ထွက်စေနိုင်တဲ့ မျက်လုံးနဲ့ မမြင်နိုင်တဲ့ဖုန်ဂျီး အကြွင်းအကျန်တွေ
အဆီပိုတွေနဲ့ အသားအရည်ကို ယားယံတာမျိုးတွေဖြစ်စေတတ်တဲ့ အညစ်အကြေးတွေတွေကို သေချာကို ဖယ်ရှားပေးနိုင်တယ်
P.Calm Cleanser ရဲ့ အားသာချက်နဲ့ ချယ်အကြိုက်ဆုံးအချက်က
Cleansing Power အရမ်းကောင်းတာပဲ
Gentle သာ ဖြစ်တာ မျက်နှာသစ်ပြီးတာနဲ့ သေချာသန့်စင်ပေးနိုင်တာ အရမ်းသိသာတယ် မျက်နှာက လုံး၀ကို clean & fresh ဖြစ်သွားတာ
ဒါမယ့် ရွှိဆိုပြီး မျက်နှာခြောက်ပြီးကျန်အောင်
ပြောင်သွားတာမျိုးလည်းမဟုတ်ဘူး
သူက အသားအရည်ကို strip ဖြစ်နိုင်တဲ့
မျက်နှာသစ်ပြီး Skin ကို တင်းတင်းကြီးကျန်စေနိုင်တဲ့
Synthetic Surfactant အပြင်းစားတွေမပါဘဲ
Plant – based Surfactant ကို အသုံးပြုထားတယ် နောက်ပြီး ဆဲလ်သေတွေဖယ်ရှားပေးဖို့ Natural Enzyme တွေနဲ့
Mild Exfoliation လုပ်ပေးတယ်
Texture အနေနဲ့က လက်ထဲထည့်လိုက်ရင်
Gel လည်း မဟုတ် သူ့ဘူးကလိုပဲ
အဖြူကြည်ကြည်လေးလိုလိုဖြစ်ပြီး
သစ်လိုက်ရင် Foaming Texture သွားတဲ့အတွက်
မျက်နှာသစ်တဲ့အခါ သေချာပြောင်ပါလားဆိုပြီး စိတ်ကျေနပ်မှုရှိတယ်
Ingredients တွေကလည်း ဆန်းတယ် အဓိက ပါဝင်တာတွေကတော့
အရေပြားပါးတာ အသားယားတတ် နီတတ်တာတွေကို အထိရောက်ဆုံး သက်သာစေတဲ့ Soothing နဲ့ Calming အတွက် Azulene, Main Function ဖြစ်တဲ့ ချွေးပေါက်ထဲကို သေချာသန့်စင်ပေးနိုင်တဲ့ BHA + T – CA (Tea Tree & Cica) အတွဲ (BHA ပါဝင်နှုန်း မပြင်းပါဘူး), အဆီပြန်တာတွေကို ထိန်းပေးနိုင်တဲ့ Anti Sebum Patented Ingredient, ချွေးပေါက်ကျယ်တာသက်သာစေတဲ့ Tanin Complex, Probiotics တွေပါဝင်ပြီး အသားအရည် Moisture Loss နဲ့ Skin Barrier ကောင်းစေတဲ့ Wheatgrass Biome TM တို့ ပါဝင်ပါတယ်
ဒါတွေက သိပ်မကြားဖူးသေးတဲ့ Ingredient တွေပါ တစ်ခြား Centella, Tea Tree တို့လည်း ပါသေးတယ်
ခြုံပြောရရင် All skin types သုံးလို့ရတဲ့ P.Calm Cleanser ကို
ဘယ်သူတွေ ဘယ်အသားအရည်တွေ အဓိကသုံးသင့်လဲဆိုတော့
– ဝက်ခြံအဆီဖုသံသရာထဲက ရုန်းမထွက်နိုင်သေးတဲ့ acne prone skin ပိုင်ရှင်တွေ အရမ်းသင့်တော်ပါတယ် Oily Skin အဆီပြန်တာမျိုးတင်
မဟုတ်ဘဲ အသားအရည်အမျိုးအစားတိုင်းက Naturally
အဆီထုတ်ပေးတာ ချွေးပေါက်ကျယ်တာမျိုးရှိတယ် အဲ့ဒါ့ကို သေချာ care မလုပ်ဘဲ သေချာမသန့်စင်ဘဲနေမိရင် blackheads, whiteheads တွေထွက်လာရောအဲ့ဒါကြောင့် Cleanser ရှာရခက်တဲ့ Dry – Acne Prone Skin တွေလည်းသုံးလို့ရတယ်
– ချယ့်လိုမျိုး Gentle လည်းဖြစ်ရမယ် Deep Cleansing လည်းဖြစ်ရမယ်ဆိုတဲ့ cleanser ရှာနေတဲ့ Sensitive Skin တွေအတွက်လည်း အရမ်းကောင်းတယ်
– Skin Barrier Damaged ဖြစ်ထားလို့ အလွယ်တကူ Breakout ဖြစ်တယ် ယားတာတွေ နီတာတွေဖြစ်တတ်တယ် အရေပြားပါးတယ်ဆိုတဲ့သူတွေအတွက်လည်း သုံးလို့ရပါတယ် (အဲ့လို အသားအရည်တွေအတွက် Toner နဲ့ တွဲသုံးရင် ပိုကောင်းပါမယ်)
– ဆယ်ကျော်သက်တွေလည်း သုံးလို့ရတယ်
Cleanser က Fragrance Free ဖြစ်ပြီး
အနံ့က သူ့မှာပါတဲ့ Tea Tree နံ့လ်ိုလို
ရတတ်ပါတယ် အဲ့ဒါ့ သူ့မှာပါတဲ့ Ingredient တွေကို ဖုံးသွားအောင်
လုပ်တဲ့ Artificial Fragrance တွေမပါလို့
အဲ့လို ဆေးနံ့လိုလိုရတာပါနော်
ဒီ cleanser လေးကို မနက် ည သုံးလို့ရပါတယ်

First Impression အနေနဲ့ “Barrier Cycle” ဆိုတဲ့ နာမည်နဲ့ “Take care of your skin after cleansing, when the skin is at its weakest” ဆိုတဲ့ Packaging ပေါ်က စာသားတွေကို သဘောကျမိပါတယ်
Toner ဆိုတာ မျက်နှာသစ်ပြီးတာနဲ့ နောက်လာမယ့် Skincare Steps တွေအတွက် Prep လုပ်ပေးနိုင်တယ်ဆိုသလိုပဲ P.Calm ရဲ့ Toner က အသားအရည်အတွက် အားဖြည့်ပေးတဲ့နေရာမှာ ကောင်းပါတယ် အထူးသဖြင့် Skin barrier Damaged ဖြစ်ထား အရေပြား
အပေါ်ယံလွှာထိခိုက်ထားတဲ့သူတွေ တော်တော်သဘောကျမှာပါ
Toner ကို စတွေ့တော့ စိတ်က ဒီတိုင်း Calming/Soothing ပဲထင်မိတာ
သုံးရင်း သုံးရင်းနဲ့ ဘာသိလာလဲဆိုတော့
တစ်ခါတစ်လေကျ မျက်နှာသစ်ပြီးရင်လေ
တစ်ခြား Skincare မလိမ်းခင် အားမလို အားမရ ဖြစ်တတ်တယ်
ချယ်တို့လို sensitive skin တွေပိုဆိုးတယ်
အသားအရည်က အလိုလိုနေရင်းနီနေတာ
အခု ဒီ P.Calm Toner က မျက်နှာပေါ်ပုတ်လိမ်းလိုက်တာနဲ့
အသားအရည်လေးက
Calming ဖြစ်သွားပြီး တော်တော်နေလို့ကောင်းတယ်
အနံ့လည်း မပါဘူး ဆိုတော့ သုံးရတာ စိတ်ချတယ်
Everyday မနက် ည သုံးလို့ရတဲ့ Basic Toner မျိုးပဲ
အဲ့ဒါ့ကြောင့် ဘယ်လို အသားအရည်တွေသင့်တော်လဲဆိုတော့
– အရင်ဆုံး ဝက်ခြံအဆီဖုသမားဆိုရင်လေ အဖုထွက်နေတဲ့အချိန် မျက်နှာပေါ် တော်ရုံမတင်ချင်ဘူးမဟုတ်လား Toner ဆိုလည်း Cotton Pad နဲ့ပဲဖြစ်ဖြစ် လက်နဲ့ပဲဖြစ်ဖြစ် လိမ်းရခက်နေရင် ဒီ P.Calm Toner လေးနဲ့ အဆင်ပြေမယ် အရည်က တော်တော်ကျဲပြီး
အသားထဲစိမ့်ဝင်လွယ်လို့ လိမ်းရ အဆင်ပြေတယ်
– အပေါ်မှာပြောသလို ချယ်တို့လို Sensitive Skin
အရမ်းသင့်တော်တယ်
– အလွယ်တကူ အသားအရည်ယားတတ် နီတတ် အရေပြားပါးလို့ မျက်နှာပေါ် Skincare လိမ်းရမှာတောင် ကြောက်နေပြီဆိုတဲ့ Skin Barrier ထိထားတဲ့ အသားလောင်ထားသလို ဖြစ်နေဲ့သူတွေအတွက်
ညွှန်းချင်တယ်
– ဆယ်ကျော်သက်တွေလည်း သုံးလို့ရတယ် All skin types လည်း
သုံးလို့ရတယ် (Dry Skin ဆိုရင်တော့ Two layer လောက်သုံးပေးတာ
ပိုကောင်းပါမယ်)
Ingredients အနေနဲ့ကတော့
Cleanser မှာလိုပဲ ဆန်းတယ် သိပ်မကြားဖူးတာတွေ
Azulene နဲ့ T – CA (Tea Tree & Cica အတွဲပဲနော် ဒီမှာ BHA မပါဘူး)
ဝက်ခြံအဆီဖုဖြစ်စေတဲ့ Bacteria တွေကို တိုက်ထုတ်ပေးနိုင်တဲ့ KMX Ferment Cure
Skin barrier ကို ကောင်းစေပြီး အသားအရည်ကို protective layer အဖြစ်လုပ်ပေးနိုင်တဲ့ Photo Green Complex
ဆဲလ်သေတွေကို အနူးညံ့ဆုံးနဲ့ အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ Enzyme based Exfoliation Carica Papaya Extract
Moisture Loss မဖြစ်အောင် ထိန်းသိမ်းပေးနိုင်တဲ့ Order Made
Complex တို့ အဓိကအနေနဲ့ ပါဝင်ပြီး Niacinamide, Rice bran extract တို့ပါလို့ အဆီပြန်တာလည်း ထိန်းပေးတယ် Brightening effect မျိုးလည်းရစေတယ်