Toner ရဲ့အာနိသင်ကို အပြည့်အဝလိုချင်တဲ့သူတွေ toner pad လုပ်ကပ်ကြည့်နော်💡 Reviewed By “Review By Nyi”

Toner ရဲ့အာနိသင်ကို အပြည့်အဝလိုချင်တဲ့သူတွေ Toner Pad လုပ်ကပ်ကြည့်နော်💡 Reviewed By “Review By Nyi”

Toner ရဲ့အာနိသင်ကို အပြည့်အဝလိုချင်တဲ့သူတွေ toner pad လုပ်ကပ်ကြည့်နော်💡
Toner pad လုပ်မယ်ဆိုရင် ဒီ Anua က cotton pad လေး အဆင်ပြေတယ်။
Nyi လဲသတိထားမိတာ သိပ်မကြာသေးဘူးရယ်, ဟိုတနေ့ကမှ ပစ္စည်းတခုမှာရင်း ဒါလေးလဲ ရှိတယ်ဆိုတာနဲ့ တခါတည်း ရောမှာလိုက်တာ။
သုံးရတာ အတော်လေးအဆင်ပြေတယ်။ Nyi အမြင်တော့ သူက toner pad သီးသန့်သုံးဖို့အတွက်ပဲ🤔 ပုံမှန် toner ထည့်ပြီး wipe လုပ်သုံးဖို့က အသားနည်းနည်းပါးတော့ ပြဲလိမ့်မယ်။
Toner pad အနေနဲ့ သုံးရတာတော့ သဘောကျမိတယ်။ သူက toner ကိုရွှဲနေအောင်စုပ်ပြီး မျက်နှာပေါ်အရောက် ပြန်ပို့ပေးနိုင်တယ်။ Toner မစားဘူး။
အခု 60ပါတဲ့ တထုပ်ကို 5000ks ပဲ💸 Cotton pad တခုမှာ 2ခြမ်းပါတော့ ပုံမှန် cotton pad size အနေနဲ့ဆို အခု120ပါတယ် ပြောရမှာပေါ့။
အလယ်မှာ အရာလေးလဲ ခွဲပြီးသားဆိုတော့ ကိုယ်က ထက်ခြမ်းခွဲပြီး သုံးချင်ရင်လဲ အလွယ်လေးပဲ💛 အသားလဲမကြမ်းဘူး, အရမ်းလဲမပါးလို့ လွယ်လွယ်နဲ့ ရွဲသွားမှာမျိုး မပူရဘူး, မျက်နှာပေါ်လဲ ကောင်းကောင်းကပ်တယ်။
ဘာပဲဖြစ်ဖြစ် ကိုယ်က toner pad တွေသုံးရတာ ကြိုက်တယ်, toner pad လုပ်လို့ကောင်းမယ့် cotton pad မျိုးရှာနေတယ်ဆိုရင် ဒါလေးသုံးကြည့်ပါ, I recommend it📌
🛒I purchased mine from Skin Is In. Beauty & Me နဲ့ ANUA Skincare Myanmar Official မှာလဲ ဝယ်နိုင်ပါတယ်။
Disclaimer : Not sponsored or anything.

 

 

Original Review Link… https://www.facebook.com/REVIEW BY NYI-Anua Cotton Pad For Toner– Review