Daily သုံးလို့ အဆင်ပြေ နေတဲ့ Tone Up suncream လေးအကြောင်း Reviewed By “Makeup by Theint”

Daily သုံးလို့ အဆင်ပြေ နေတဲ့ Tone Up suncream လေးအကြောင်း Reviewed By “Makeup by Theint”

Daily သုံးလို့ အဆင်ပြေ နေတဲ့ Tone Up suncream လေးအကြောင်းပြောပြပေးချင်လို့
ဒီ suncream လေး လက်ထဲရောက်တာ ကြာပြီဆိုပေမဲ့ လွန်ခဲ့တဲ့ 1 လကျော်လောက်ကမှ ညဘက်ကြီး exp date တွေ စစ်ရင်း စိတ်ကူးပေါက်ပြီး လက်ပေါ်မှာ စစမ်းကြည့်ခဲ့တာ …ပန်းရောင်လေးဖြစ်တဲ့ အပြင် တော်တော်လေး အသားထက် tone up ဖြစ်သလို ခံစားရလ်ို့ စိတ်ဝင်စားပြီး နောက်နေ့ ချက်ချင်း သုံးဖြစ်တာ
သိမ့်ထင်တာကကွာ ….ပန်းရောင်ဖြစ်တဲ့ အပြင် ဖြူတဲ့ ဘက်သွားတော့ ပြာသွားမလားပေါ့ …တကယ်တမ်း နောက်နေ့သုံးတော့ မနေ့ကစမ်းထားတဲ့ texture ကိုသိနေတော့ အရင်လို တစ်ခါထဲ တန်းမလိမ်းဘဲ layer 2 ထပ် လောက်ခွဲလိမ်းတော့ တော်တော်လေး သဘောကျသွားတယ် …
မျက်နှာက စစလိမ်းချင် နည်းနည်းဖြူ နေပေမဲ့ ဖြည်းဖြည်းချင်းစီ မျက်နှာနဲ့ တစ်သားထဲ ကျသွားပြီး ကိုယ့် နဂို skin tone ထက် ဖြူဖြူ ညက်ညက်လေးဖြစ်နေတာပါ …ပြီးတော့ သူက matt finish ပါ …အဲ့ကြောင့်မလို့ အဆီ ထိန်းပေးတယ် …
မေးစရာရှိလာတာက သိမ့်က Dry skin ဖြစ်ပြီး matt finish ကို ဘာလို့ ကြိုက်နေတာလဲ ဆို သိမ့် က ဆောင်းတွင်းရောက်နေတာကြောင့် skincare step တွေမှာ hydration / moisturizing ကို တော်တော်လေးသတိထားပြီ step များများ ထည့်သုံးနေတဲ့ အတွက်ကြောင့် သူ့ရဲ့ matt finish မှာ မျက်နှာက မွဲခြောက် သွားတာမျိုုးမရှိဘဲ တော်တော်လေးကို အသားကောင်းနေသလိုမျိုးလေး ဖြစ်နေရော ….ပြီးတော့ သူ့မှာ ပါတဲ့ Panthenol ကြောင့်လဲ ပါပါမယ် ..
ဒီ suncream လေးကိုလေ အိမ်မှာနေတဲ့ နေ့တွေရော အပြင်ပေါ့ပေါ့ပါးပါး ထွက်တဲ့ ရက်လေးတွေဆို အဓိကထားသုံးဖြစ်တယ် …လူက ပင်ပန်းနေတဲ့ ရက်မျိုး ဆို အပြင်ကို မျက်နှာပြောင်နဲ့ မထွက်ချင်ရင် လေ ဒီ suncream လေးကအဆင်ပြေသောပဲ …မိတ်ကပ်လိမ်းထားသလိုလဲ မဟုတ်ဘူး …မျက်နှာ ပြောင်လဲ ဖြစ်မနေဘူး …ပုံထဲက ဒီ suncream လေးလိမ်းထားတာပါ …ပေါ့ပေါ့ပါးပါး နေရတာ ကြိုက်တဲ့သူ , မိတ်ကပ် မလိမ်းချင်တဲ့သူတွေ ရုံးသွား ကျောင်းသွားတာလောက်ဆို ဒီ suncream လိမ်း liquid blusher လေးလိမ်း , lip tint လေးသာဆိုးလိုက် …သဘာဝအတိုင်း လေးလှနေရာ
သတိထားရမှာက ပန်းရောင်ဖြစ်နေတာကြောင့် ပြာမသွားအောင် နည်းနည်းချင်းစီ layer တစ်ခုချင်းစီ လိမ်းပါနော် …အသားညိုတဲ့ သူတွေကတော့ အဆင်မပြေလောက်ဘူးလို့ သိမ့်ထင်တယ် …သူက စစလိမ်းချင်း အရည်ကျဲလေး ဖြန့်ရလွယ်ပေမဲ့ လိမ်းနေရင်း လိမ်းပြီးတာနဲ့ ကို matt ဖြစ်သွားတာ သတိထားရပါမယ် …
Recommend အနေနဲ့ဆို Oily , Combination Skin ကို ပိုပြီး အားပေးပါတယ် …Dry skin သမားတွေ က သိမ့်လို moisture နိုင်နိုင် လိမ်းနိုင်တဲ့ သူဆိုရင်တော့ သုံးလ်ို့ရပါတယ် …
Ingredients အားဖြင့် ဝက်ခြံ သမားတွေ , အသားရည် နီတတ် ယားတဲ့ သူတွေအတွက်ကောင်းတဲ့ Cica 5 မျိုးကို သုံးထားတဲ့ အပြင် Tea tree လဲ ပါပါသေးတယ် … UV filter က Titanium Dioxide , Zinc Oxide ကိုသုံးထားတာမလို့ physical suncream ပါ …spf ကတော့ 50+PA++++ ပါ
ဗူးပေါ်မှာပါတဲ့ C.P.R က ဘာကို ရည်ညွှန်းလဲဆိုရင်
C for Cica – Soothing
P for Panthenol – Moisturizing
R for Red Clover – Brightening ပါ …
Physical Sunscreen ဖြစ်တာရော Tone Up ဖြစ်တာရောကြောင့် ဖျက်ရခက်တာကို မမေ့ပါနဲ့နော် …Double Cleansing သေချာ လုပ်ပေးရပါမယ်နော် ..
ဈေးနှုန်းလေးက 50ml ကို 24000 ပါ …
ဒီ suncream လေးက Beauty & Me က PR gift ရထားတာဖြစ်ပြီးတော့ သိမ့်သုံးကြည့်ပြီး သဘောကျလို့ ရေးပေးတဲ့ review လေးပါ ..
စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆိုရင်တော့ Beauty & Me နဲ့ Kundal Myanmar_Official မှာဝယ်လို့ရပါတယ်
 
 
…..

Original Review Link… https://www.facebook.com/MAKEUP BY THEINT-Kundal Derma Sunscreen– Review