မိုး ဆီက ကြားရခဲတဲ့ hair care review လာပါပြီ Korean brand ထဲကမှ Kundal ပါ…REVIEWED BY “𝔸𝕝𝕡𝕙𝕒 𝔽𝕖𝕞𝕒𝕝𝕖 by Moe”
![](https://www.beautyandmemyanmar.com/wp-content/uploads/2023/05/viber_image_2023-05-05_10-16-43-940-e1683260139899-719x550.jpg)
ခုတခါမှာတော့ မိုး ဆီက ကြားရခဲတဲ့ hair care review လာပါပီ။ Korean brand ထဲကမှ Kundal ပါ။
မိုး က hair care ဆိုရင် western brand တွေပဲ သုံးလေ့ ရှိပါတယ် ။ Asian brand တွေ က မတည့်တာ များ လို့ ပါ။
မတည့်တာ ဆိုတာလည်း ဆံပင်ပိုကျွတ်တာ နဲ့ သုံးပီး ထူးမခြားနား တာ ကိုပြောတာပါ။
ခါတိုင်း မိုး သုံးတာက Kerastase , Moroccanoil နဲ့ Olaplex တို့ဆိုတော့ ပြောရရင် စျေးက မြောက်တော့ လူတိုင်း အတွက် အဆင်မပြေဘူးပေါ့။
ဘယ်သူမဆို အဆင်ပြေမဲ့ budget ထဲက ညွှန်ပါဆိုရင်လည်း အမြဲ အကျပ်ရိုက်ရတယ် ။ မိုး မှာ ညွှန်စရာ မရှိနေဘူး ။
ခုတော့ လက်ဆောင် ရလို့ စမ်းကြည့်ပီး တကယ်ကို ကြိုက်လို့ ညွှန်ပေး ဖြစ်တဲ့ Kundal ရဲ့ hair care ၃ မျိုး ကို ပြောပြချင်တယ် ။
ဘာမှ မျှော်လင့် မထားပဲ လက်ထဲ ရောက်လာတော့ စမ်း ကြည့် လိုက်တာ ပဲ ၊ ထင်မထား အောင်ကို တကယ် ကောင်းနေလို့ ။
စျေးကလည်း သူ့ ဘူးဆိုဒ် နဲ့ တွက်ရင် တကယ်ကို တန်ပါတယ် နော် ။ သင့်တင့်သော စျေးနဲ့ ကောင်းတဲ့ quality မို့ ညွှန်ပေးချင်တယ် ။
Kundal ရဲ့ ဆောင်ပုဒ် 0 Harmful Chemical တဲ့ ( ဘေးဥပါဒ် ဖြစ်စေသော ဓာတုဆေးဝါးများ မပါဝင် ပါ တဲ့ ) ။
သူက Sulfate free, Parabens free, Mineral Oils-free, Phthalates-free, Colorants-free မို့လို့ တော်ရုံ ဘာမှ မတည့် allergic ဖြစ်တဲ့သူတောင် အဆင်ပြေတယ် ။
မိုး ကတော့ စမ်းပီး ကြိုက်တာ နဲ့ ခရီးဆောင်ပါ သယ်ဖြစ်တယ် ဘူးသေးလေးနဲ့ ခွဲပီးတော့ ။ မိုး story တွေ ကြည့်ဖြစ်ရင် သိမှာပါ ။
ဒီဘူးလေးတွေ က မိုး ဆီကို Beauty & Me က ပို့ပေးတာလေးပါ ။ Kundal Myanmar page ကနေ ရော ၊ တဆင့် ပြန်လည် ရောင်းချ နေတဲ့ ဆိုင်တွေ ဆီက ရော အားပေး နိုင်ပါတယ် နော် ။
………………………………………………………………………………………………………………………..
KUNDAL x TERRA HAIR LOSS RELIEF SHAMPOO
ဆံပင်ကျွတ်သူတွေ အတွက် သက်သာစေဖို့ ဦးရေပြား ကျန်းမာစေတဲ့ ခေါင်းလျော်ရည် ကိုမှ ဆံပင်သန်စေတဲ့ ဘီယာ နဲ့ပါ တွဲဖက် ဖော်စပ် ထုတ်လုပ်ထားတာ လေး ။
ဒီ ဘီယာနဲ့ ခေါင်းလျှော်နည်းက တချို့တွေဖို့ ထူးဆန်းနေနိုင်ပေမဲ့ မိုး ကတော့ နားယဉ်ပီးသား ။ ဘာလို့ဆို မိုး မေမေတို့ ခေတ်ထဲက ဘီယာနဲ့ ခေါင်းလျော်ကြတာ .. သိသိသာသာ ဆံပင် အုံထူ တယ် ၊ လျော်ပီးရင် ဆံသားက တပင်ချင်း ရှင်းပီး ပွဖောင်းဖောင်း လေး လို ဖြစ်လို့တဲ့ ။ အဲ့ခေတ်က ဆံပင်တွေ ကောက်ကြတာလေ ၊ ကောက်ပီး ပွ ဖောင်း နေမှ ကြိုက်ကြတာ ။
အနံ့ကလည်း fresh ဖြစ်တယ် ။ ခေါင်းလျှော်ရင်လည်း shampoo အများကြီး မလိုပါဘူး ။ ရေဆေးချချိန်တော့ အတော်လေး ရှိန်းပီး အေးတဲ့ feeling ရပါတယ်
ခေါင်းလည်းကြည် ၊ ဦးရေပြား scalp cleansing လည်း ဖြစ် ၊ ဆံပင်ရော စိတ်ရော ရှင်းသွားတာပဲ ခေါင်းမကြည်ပဲ နေရတာ ငြီးစီစီကြီး ဖြစ်နေချိန် မှာ မိုး ပထမ ဆုံး စ လျော်ဖူးတာပါ ။
![](https://www.beautyandmemyanmar.com/wp-content/uploads/2023/05/5.5-1-1024x1024.jpg)
Terra beer က အကောင်းဆုံး ကုန်ကြမ်းတွေနဲ့မှ ထုတ်တဲ့ beer လို့ လူသိများ နာမည် ရထားပီးမို့ ခု ဒီ beer နဲ့ ပေါင်းစပ် ထုတ်တဲ့ shampoo က ကောင်းတယ် ဆိုတာ ပြောစရာ မလိုအောင်ပါပဲ ။ ခု ဒီ ကိုရီးယားက လူကြိုက်များတဲ့ Kundal shampoo က နာမည်ကြီး Terra beer နဲ့ ပေါင်းပီး Beer shampoo အဖြစ် တီထွင်ထုတ်လုပ်လိုက်တာပါ ။
တကယ်တမ်း လူတွေ မေ့နေကြတာကလေ ဆံပင်ကျွတ်ရင် ကျွတ်တယ်သာ အော်နေကြတာ ။ ဆံပင်ကျွတ်တာကို သက်သာစေဖို့ နည်းတွေ ထဲက တခုက ဦးရေပြား ကျန်းမာရေး ကို ထိန်းသိမ်းဖို့ပါပဲ ။ တခြား နိုင်ငံတကာက ဆံပင်ကျွတ် ကုသ တဲ့ tonic တို့ ၊ shampoo တို့ဆိုလည်း အဓိကက ဦးရေပြား ကျန်းမာစေဖို့ ပါဝင်ကြတယ် ။
ဒီ Kundal shampoo မှာ ဘီယာ အပြင် ဦးရေပြား ကျန်းမာရေး အတွက် ပါ scalp scare system ပါဝင်တာမို့ ဆံပင်ကျွတ်သူတွေ သုံးကို သုံးသင့်တဲ့ ၊ ရွေးကို ရွေးသင့်တဲ့ အမျိုးအစားပါ ။
မိုး ဆို ဒီလောက်ကောင်းမယ် ထင်မထားဘူး ။ လက်ဆောင် ရောက်တော့ လျှော်ကြည့်မယ်ပေါ့ ၊ စမ်းပီး အရမ်း ကြိုက်သွားလို့ ခရီးဆောင် တောင် ဒါပဲ ယူသွားရတော့တယ် ။
✔️ ခေါင်းလျှော်တာနဲ့ ခေါင်းက ကြည်၊ ပေါ့ပီး လန်းဆန်း သွားတာ
✔️ ဆံပင်ကျွတ် သက်သာ လာတာ သိသိသာသာပဲ ( မိုး က မတည့်တဲ့ shampoo ဆို လျှော်နေစဉ်ကို အများကြီး ကျွတ်တတ်ပါတယ် ၊ ခု ဒါကို စစမ်း ထဲက မကျွတ်တာကြောင့် ဆက်သုံးဖြစ်သွားတာ )
✔️ဆံသားက ပြားကပ် တာ မျိုး မဖြစ်ဘူး ၊ ဆံပင် တပင်ချင်း မငြိပဲ ရှင်းနေတယ်
✔️ ဦးရေပြား ကို scalp cleansing ဖြစ်စေတာ အရမ်း သိသာတယ် ၊ ဦးရေ အဆီ ထွက် ပီး ရက်ခန နဲ့ ပြန်လျှော်ရတဲ့ ဒုက္ခက ဝေးစေတယ်
✔️ မိုး က ဦးရေပြား အဆီ အရမ်း ထွက်တတ်တော့ အရမ်း သိသာတာ .
စမ်း ကြည့်ပါ ၊ ဘူး ကြီး လို့ မကုန်မှာ စိုးရင် သူငယ်ချင်း / ညီအမတွေ စုဝယ်ပီး ခွဲယူကြပေါ့။
…………………………………………………………………………………………………………………………………………………………..
KUNDAL HYDRO-INTENSIVE PROTEIN PREMIUM HAIR TREATMENT
![](https://www.beautyandmemyanmar.com/wp-content/uploads/2023/05/5.51-1-1024x1024.jpg)
ဒါလေးကတော့ ဆံပင်ပေါင်းဆေး / ပျော့ဆေးပေါ့နော် ။ သတိထား မိတာ တခုကလေ Korean beauty products တွေ က hair care မှာ conditioner လို့ ထုတ်တာ သိပ်မတွေ့မိပဲ treatment ဆိုပီးပဲ ရေးတယ် ။
တကယ် တမ်း သုံးကြည့်ရင်လည်း တခြား ပေါင်းဆေး treatment တွေလို Korean hair treatment တွေက အရမ်း ပျစ်ချွဲခဲ ပီး ရေဆေးရခက်တာ မျိုး မဟုတ်ပဲ Lightweight treatment ပေါင်းဆေး ပျော့ဆေး သဘောမျိုးတွေ များတယ်။
ခု ဒီ Kundal ရဲ့ Hair treatment လေး ဆိုရင်လည်း ပေါင်းဆေး ပျော့ဆေး ကိုမှ သုံးပီးရင် ဆံပင်ပြားကပ်တာ ၊ အဆီထွက်တာ မရှိစေပဲ နဲ့ ဆံသား လေးက မွတ်ပီး တမျှင်ချင်း ရှင်းနေတာ မျိုးပေါ့ ။
Lightweight အမျိုးအစား ၊ ရေဆေးချရ မခက်ဘူး (ရေ များများ မကုန်ဘူးပေါ့) ၊ ခေါင်းလျှော်တိုင်း သုံးလို့ ရတာ မျိုး ဆိုတော့ သုံးပီး ဆံပင်ကြီး လေး သွားလောက်အောင် အရမ်းပျစ်တဲ့ heavy ဖြစ်တဲ့ ပေါင်းဆေး မျိုး နဲ့ မတူပါဘူး။
✨သင့်တော်တာ ကတော့ —
သာမန် ဆံသား ၊ ခြောက်သွေ့ ဆံသား ၊ ဆေးဆိုး အရောင်ချွတ်ဆံသား ၊ မကြာခဏ အပူ ပေး ပုံသွင်း ခံရသော ဆံသား ၊ အဖျားငြိ တတ်သော ဆံသား ၊ ဆံပင်မထူ လို့ ပေါင်းဆေး ပျော့ဆေး ကို သုံးပီး ဆံပင်မပြားကပ် နေချင်သူ တွေ အတွက် အထူး သင့်တော်ပါတယ်။✨
အရမ်းကြီး ဆံသားက ကျိုးကျေ ဖွာစုတ်ပြတ် ( မိုး မေမေ တင်စားခေါ်တဲ့ ပြောင်းဖူးမွှေး လို အခြေအနေ ) ဖြစ်နေရင် အပေါ်မှာ ပြောခဲ့တဲ့ အရမ်းပျစ်ခဲတွေ ဆံသားကိုလေးသွားတဲ့ ပေါင်းဆေး မျိုးမှ ရလိမ့်မယ်။
မိုး သုံးနေတဲ့ Kundal hair treatment မှာ အဓိက ပါဝင်တာက hydrolyzed protein ပေါ့။ ဆံသားတွေ အားမရှိလို့ protein အားဆေး ကျွေးပေးတဲ့ သဘောမို့ တခါဆို တခါ သိသာတယ် ။
မိုး ဆို ခု အရောင်ချွတ် (bleach ) ထားတဲ့ အပိုင်းတွေ က စစချင်းကဆို အဖျားတေ ငြိတာ ဆိုတာ .. ဆံသားခြောက်သွား လို့။ ခု Kundal သုံးတာ မငြိတော့ဘူး သိသိသာသာ ကို။
မိုး ကတော့ ခေါင်းလျှော်တိုင်း သုံးဖြစ်တယ် conditioner နေရာမှာ ဒါကို သုံးတာပေါ့။
ကြိုက်လွန်းလို့ ခရီးဆောင် ခွဲထည့်ပီး အသေးလေး သယ်ရတယ် ။ တော်ရုံ မိုး က ခရီးဆို မသယ်တတ်ဘူး ကြုံတာ ဝယ်သုံးတတ်တဲ့ အကျင့် ရှိတာ ၊ တကယ် ကြိုက်မှ သယ်တာ ။ သယ်ရတာ အလုပ်ရှုပ်လို့ ။
မိုး သုံးတာတောင် နောက်ကျ နေသေးတယ် ၊ မြန်မာပြည်မှာက ဒီ treatment တွေ အရမ်း ကြိုက်နေကြပီးသားနော် ၊ သူငယ်ချင်းတွေ ပြောလို့သိရတာ ။ ဂျပန် ဆံပင် ပေါင်းဆေးတွေ လိုပဲ ကောင်းပီး စျေးကျ သက်သာလို့တဲ့ ရတဲ့ ဘူးဆိုဒ် နဲ့ တွက်ကြည့်ရင် ။
ဆံသားလေးတွေ ပိုရှင်းပီး ပိုကောင်းချင်ရင်တော့ Kundal ရဲ့ hair serum နဲ့ တွဲ သုံးလို့ ရပါတယ် ။ hair serum အကြောင်း က နောက်တပုံ မှာ ဖတ်ပေး နော် ❤️
…………………………………………………………………………………………………….
KUNDAL ULTRA SERUM (Hair Serum)
ဒါကတော့ မိုး တို့ ဗမာပြည် အလှကုန် လောက အခေါ် အလွယ်ခေါ် ရင် hair coat ဆိုတာမျိုးပဲပေါ့။
အဓိကကတော့ ခေါင်းလျှော် ပီး မခြောက်တခြောက် ဆံသားမှာ လိမ်းပေးရင် ဆံနွယ်လေးတွေ တပင်ချင်း ရှင်း နေဖို့ပေါ့ ။ ဆံသား မကောင်း / chemical ထိထားတဲ့ ဆံသားတွေ ဆို အဖျားတွေ ငြိတတ်တယ်လေ ။ ဆိုတော့ ဆီလိမ်း တဲ့သဘောပေါ့ ။
မိုး ကတော့ – ခေါင်းလျှော် – treatment သုံး ပီး – ရေ မခြောက်တခြောက်မှာ ဒီ Ultra Serum လေး လိမ်း ပါတယ် ။
![](https://www.beautyandmemyanmar.com/wp-content/uploads/2023/05/5.52-1-1024x1024.jpg)
အနံ့လေးက အတော် မွှေးတယ် ။ ရွေးစရာ အနံ့တွေ ရှိတယ်နော် ။ ကြိုက်တာ ရွေးလို့ရတယ် ။
ဒါက ဆံပင် အဖျားခြောက်သူ ၊ ကောက်/ ဖြောင့် / ဆေးဆိုး စတဲ့ chemical ထိထားတာ မျိုး တွေ ဆို ဆံပင် အဖျားလေး တွေ ကို အမြဲ ငြိနေတတ်လို့ ဒီ ultra serum လေး သုံးပေး သင့်ပါတယ် ။
ဒီ ultra serum က alcohol နဲ့ water လုံးဝ မပါပဲ သဘာဝ ပစ္စည်း ၁၅ မျိုးထဲ ဖော်စပ်ထားတာတဲ့ ။ ဆံပင်ကို ပြောင်ပီး ချောမွတ်စေတယ် ၊ ဆံပင် ၂ ခွ ဖြစ်တာ နဲ့ ပျက်စီး နေတဲ့ ဆံသားတွေ ကျန်းမာလာစေဖို့ ပြန်လည် ကုသပေးပါတယ် ။
မိုး ခု bleach လုပ်ထားတဲ့ ဆံပင်ပိုင်း ကဆို ခေါင်းလျှော် ပီး ခါစ ငြိနေလေ့ ရှိတယ် ။ ဆံပင်က အဖျားတွေ ခြောက်သွားတာကိုး ။ Shampoo ရယ် ၊ treatment ရယ် သုံးပီးရင် ဒီ ultra serum သုံးတာနဲ့ ဆံပင်ဖျားလေးတွေ က နောက်တခါ ခေါင်းလျှော်မဲ့ ရက်ထိ မငြိတော့ဘူး ။
သူငယ်ချင်းတွေထဲလည်း ဒါကို သုံးကြတယ် ၊ သူတို့ ကတောင် ခေတ်နောက်ကျ လို့တဲ့ ခုမှ ကောင်းတာ သိလား လို့ ပြောကြသေးတာ 🥲
Original Review Link… https://www.facebook.com/𝔸𝕝𝕡𝕙𝕒 𝔽𝕖𝕞𝕒𝕝𝕖 by Moe-KUNDAL x TERRA, Treatment, Serum Review